ရှေ့ဆောင်ခြင်းအားဖြင့် ယေဟောဝါကို အားကိုးကြောင်း တင်ပြခြင်း
၁ နိုင်ငံတော်ကို ရှေ့ဦးထားရန် ယေဟောဝါကို ယုံကြည်အားထားရန်လိုသည်။ (ဆာ၊ ၅၆:၁၁။ သု၊ ၃:၅။ မ၊ ၆:၃၃) လောကက အရေးကြီးသည်ဟု ယူဆသောအရာများမှ အာရုံလွှဲပြီး ဝိညာဏတန်ဖိုးရှိရာများကို စွဲလန်းနေရမည်။ လောကက စည်းစိမ်ဥစ္စာကို စွဲလန်းရန်အားပေးသော်လည်း တကယ်အရေးကြီးရာများနှင့် ရောင့်ရဲတင်းတိမ်ကြရန် ယေဟောဝါ ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။—၁ တိ၊ ၆:၈။ ဖိ၊ ၁:၁၀။
၂ ယေဟောဝါ၏အမိန့်တော်များကို အလေးအနက်သဘောထားလိုသော ခရစ်ယာန်လူငယ်များအတွက် ဤမည်ကား စိန်ခေါ်ချက် အထူးဖြစ်ပါသည်။ ဘဝတွင်ထွန်းပေါက်ရန် အဆင့်မြင့်ပညာလိုအပ်သည်ဟု ကျောင်းဆရာများ နှင့် ရွယ်တူချင်းတို့ ယူမှတ်သည့်အတိုင်း တိုက်တွန်းကြပေသည်။ စည်းစိမ်ရှိရှိ နေလိုစိတ်ရှိကြသော်လည်း ခရစ်ယာန်လူငယ်များစွာတို့သည် ထိုသို့သွေးဆောင်တိုက်တွန်းမှုကို ငြင်းဆိုကြကါ ပညာရှိရှိ ရှေ့ဆောင်လုပ်ငန်းကို မိမိတို့၏ဘဝလုပ်ငန်းအဖြစ် ရွေးချယ်ကြသည်။ ယေဟောဝါ၏ကတိတော်များကို သူတို့အားကိုးအားထားကြကာ သူတို့လိုအပ်ရာများကို ရရှိရေးအတွက် ကိုယ်တော်ကို အားကိုးကြသည်။—ဆာ၊ ၆၂:၂။ ၆၈:၁၉။ ၁ တိ၊ ၅:၈။ ၆:၉၊ ၁၀။
မိမိအခြေအနေများကို ပြန်သုံးသပ်
၃ ၁၉၈၃၊ နိုဝင်ဘာ ၁၅ ရက်ထုတ်ကင်းမျှော်စင်က ကျွန်ုပ်တို့တစ်ဦးစီ ဤသို့မေးမြန်းရန် တိုက်တွန်းထားသည်။ “ကျွန်ုပ်ရှေ့ဆောင်မလုပ်ဘဲနေခြင်းကို ယေဟောဝါရှေ့ ထုချေရှင်းလင်းပြနိုင်ပါမည်လော။” များစွာသောသူတို့ ရှေ့ဆောင်ရန် အခြေအနေခွင့်မပြုသည်ကား ထင်ရှား၏။ သို့သော် သူတို့စိတ်ဓာတ်မကျပါ။ မည်မျှရှိစေကာမူ နှလုံးအပြည့်နှင့် ထမ်းဆောင်သော လုပ်ငန်းတော်ကို ယေဟောဝါလက်သင့်ခံကြောင်း သူတို့သိထားကြသည်။ (မိ၊ ၆:၈။ ၂ ကော၊ ၈:၁၂) နောင်တွင် ကိုယ်ရေးကိုယ်တာအခြေအနေများ ပြောင်းလဲလာသောအခါ ၁၉၈၃ ခုနှစ်ကင်းမျှော်စင်ပါ ဆောင်းပါးကို ဆုတောင်းပြီးသုံးသပ်ခဲ့ကြရာ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဝင်ထမ်းနေကြသူ ထောင်ပေါင်းများစွာတွင် ပါဝင်နိုင်ကြပေပြီ။
၄ ၁၉၈၃ ခုနှစ်ကပုံနှိပ်ခဲ့သော အထက်ပါဝါကျဖတ်ခဲ့ရစဉ် ကိုယ်ရေးကိုယ်တာခြေအနေများ ခွင့်မပြု၍ ရှေ့ဆောင်မလုပ်ခဲ့ရသော်လည်း ယခုသင့်အခြေအနေများ ပြောင်းလဲပြီလော။ အမေရိကန်ပြည်တွင် လွန်ခဲ့သောနှစ်အတွင်း ရှေ့ဆောင်လုပ်ခဲ့သူ ၁၇၀၀၀ ကျော်ရှိသည်။ ဤသူတို့တွင် ယခင်ကတည်းက ရှေ့ဆောင်လုပ်လိုခဲ့သူများပါရှိမည်။ အခြေအနေပြောင်းလဲလာရန် စောင့်ခဲ့ရမည်။
၅ အချို့ကိစ္စများတွင် ရှေ့ဆောင်ခြင်းအပေါ် မိမိစိတ်ထား ပြောင်းလဲရန် လိုအပ်ခဲ့ပေမည်။ သို့မဟုတ် လုပ်ငန်းတော်အတွက် အစီအစဉ်ကောင်းရေးဆွဲပေးရန်သာ လိုအပ်ခဲ့ပေမည်။ ထိုကြောင့် ယင်းကိစ္စကို ယေဟောဝါထံမှန်မှန်ဆုတောင်းပြီး ကိုယ်ကိုလည်းကောင်း၊ ကိုယ်အခြေအနေကိုလည်းကောင်း ရိုးမှန်သောသဘောဖြင့် စစ်ဆေးလျှင်ကောင်းပေမည်။ ကမ္ဘာတစ်ဝှန်းရှိ ထောင်ပေါင်းများစွာသောသူတို့ ဤသို့ပြုခဲ့ရာ ရှေ့ဆောင်ခြင်း၏ ကောင်းချီးများကို ယခုခံစားနေကြပါသည်။
၆ ရှေးမနှောင်းမီ စရှေ့ဆောင်နိုင်ကြောင်း သင့်အခြေအနေများက တင်ပြနေမည်ဆိုလျှင် ယခုပင်လျှင် အရံရှေ့ဆောင် စလုပ်ပါ။ လအနည်းငယ်အတွင်း ပြန်လည်ပတ်မှု နှင့် ကျမ်းစာသင်အံမှုများ ရရှိလာမည်။ ယင်းသို့ပြုခြင်းဖြင့် လုပ်ငန်းတော်နှစ်သစ်မတိုင်မီ မှန်မှန်ရှေ့ဆောင် အဆင့်သို့ ရှောရှောရှူရှူ တက်လှမ်းနိုင်ပေမည်။
၇ လက်ရှိဆိုးယုတ်သောစနစ်၏ နောက်ဆုံးပိုင်းအချိန်တွင် ကြီးမားသောအရာများကို ယေဟောဝါ ဖြစ်မြောက်စေတော်မူပြီ။ ကိုယ်တော်ထံ ချဉ်းကပ်ပြီး ‘တစ်နေ့တာလုံး’ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းရမည့်အချိန်သည် ယခုပင်ဖြစ်သည်။ (ဆာ၊ ၁၄၅:၂။ ယာ၊ ၄:၈) သင့်အခြေအနေများ ခွင့်ပြု၍ အရည်အချင်းပြည့်မှီပါက ယေဟောဝါကို သင်အားကိုးအားထားကြောင်း ရှေ့ဆောင်ခြင်းအားဖြင့် သက်သေထူပါလေ။—ဆာ၊ ၉၄:၁၈။