ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၀ စာ. ၅
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဖွဲ့အစည်းထုတ် အသံသွင်းထားရာတွေကို အသုံးပြုနိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၄/၉၀ စာ. ၅

မေးခွန်းသေတ္တာ

• အသင်းမအပြင် အခြားဌာနများမှ ထုတ်ဝေသော တိတ်ခွေများကို ယေဟောဝါသက်သေများ မည်သို့သဘောထားသင့်သနည်း။

တိတ်ခွေများအပါအဝင် နည်းအမျိုးမျိုးဖြင့် အသင်းမသည် ဝိညာဉ်အစာကို လှိုင်လှိုင်ကြီး ကျွေးမွေးပေးသည်။ ယင်းတို့တွင် ကျမ်းစာကိုယ်နှိုက်ကိုလည်းကောင်း၊ ကင်းမျှော်စင်၊ Awake!၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်၊ ကြီးမြတ်သောဆရာ့စကား -နားထောင်ခြင်း အစရှိသည်တို့ကို တိတ်ခွေများတွင် အင်္ဂလိပ်ဘာသာဖြင့် အသံသွင်းပေးထားသည်။ နိုင်ငံတော်တေးသံသာများ နှင့် ပြဇာတ်အချို့ကိုလည်း ဤနည်းဖြင့်ရနိုင်သည်။ သို့ရာတွင် အသင်းမထုတ် တိတ်ခွေများနှင့် တစ်ပုံစံတည်းဖြစ်ပုံရသည့် အခြားတိတ်ခွေများကို သတိပြုသင့်သည်။ ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချလွယ်သော သူများဖြစ်ကြရာ ဇာစ်မြစ်ကိုမစုံစမ်းဘဲ အခြားသူများထံမှ ကူးယူထားသည့် တိတ်ခွေများကို လက်ခံကြားနာနေနိုင်သည်။

တစ်ခါတစ်ရံ တိတ်ခွေသွင်းထားသည့် ဟောပြောချက်အချို့သည် မှန်းဆချက်များဆန်ပြီး စိတ်လှုပ်ရှားစရာအကြောင်းများကို ထည့်ပြောဆိုထားသည်။ ထိုကြောင့် ၂ တိမောသေ ၃:၁၄ ပါပေါလု၏သြဝါဒကိုလိုက်နာလျှင် ပညာရှိရာမကျပေလော။ ထိုတွင် အတုအယောင်များအကြောင်း ပေါလုသတိပေးပြီးနောက် ကျွန်ုပ်တို့ မည်သူစကားကို ကြားနာနေသည်ကို သိရှိရန် အရေးကြီးကြောင်း အလေးအနက်တင်ပြသည်။ သမ္မာ “ကျမ်းစာကိုလွန်၍” သော်လည်းကောင်း၊ “သစ္စာသတိပညာရှိကျေးကျွန်” ကျွေးမွေးသည့် ဝိညာဉ်အစာမှအပ ကျွန်ုပ်တို့နားမထောင်ကြရန် သတိပြုဖို့လိုပါသည်။​—၁ ကော၊ ၄:၆။ မ၊ ၂၄:၄၅-၄၇။

အချို့နေရာများတွင် ကလေးများကို ကျမ်းစာသွန်သင်ပေးရန် တိတ်ခွေများ ကြေညာ၍ ရောင်းချနေပါသည်။ ဤတိတ်ခွေများကို ညီအစ်ကိုများထုတ်ဝေသည်ဟုဆိုကာ အသင်းတော်အချို့တွင် ရောင်းပေးနေကြသည်။ ရည်ရွယ်ချက်မှန်ပုံရှိသော်လည်း သီအိုကရက်တစ်အဆက်အသွယ်များကို ကိုယ်ရေးကိုယ်တာအကျိုးအလိုငှာ အသုံးပြုရာမကျပေလော။ (အင်္ဂလိပ်ဘာသာဖြင့် ကျွန်ုပ်တို့၏ နိုင်ငံတော် လုပ်ငန်းတော်၊ ဇွန် ၁၉၇၇၊ စာမျက်မှာ ၄၊ ဒီဇင်ဘာ ၁၉၇၉၊ စာမျက်နှာ ၄၊ ကျွန်ုပ်တို့၏ နိုင်ငံတော် ဓမ္မအမှု၊ စက်တင်ဘာ ၁၉၈၇ စာမျက်နှာ ၄ ကိုကြည့်ပါ။) ကျွန်ုပ်တို့သားသမီးများကို လေ့ကျင့်ပေးရန် ကျမ်းစာအခြေခံသည့် သွန်သင်ချက်များကို ယေဟောဝါအဖွဲ့အစည်းက အလုံအလောက် ထုတ်ဝေပေးထားသည်။ ထိုကြောင့် ဤကဲ့သို့သောတိတ်ခွေများဖြန့်ချီခြင်းကို ကျွန်ုပ်တို့မပြုစေလိုပါ။

အသင်းတော်စည်းဝေးများ၊ သို့မဟုတ် စည်းဝေးပွဲကြီးအစီအစဉ်များကို ကိုယ်တိုင်အသုံးပြုဖို့အတွက် အချို့အသံသွင်းယူထားလိုပေမည်။ ဤကဲ့သို့သောခွေများကို အကြောင်းတစ်ခုခုကြောင့် စည်းဝေးမတက်နိုင်ခဲ့သော အသင်းတော်သားများ ရလိုပေမည်။ သို့ရာတွင် ညီအစ်ကိုအများအား ဖြန့်ချီပေးရန် သို့မဟုတ် ရောင်းချပေးရန် မထုတ်လုပ်သင့်ပေ။ ကျွန်ုပ်တို့၏ ဝိညာဏအားပေးမှု နှင့် တည်ဆောက်မှုအတွက် အဖွဲ့အစည်းမှတစ်ဆင့် ယေဟောဝါပြုလေသမျှကို အပြည့်အဝအသုံးပြုကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ