လက်ပန်းမကျနှင့်
၁ ၁၉၉၁ ခု Yearbook ကကမ္ဘာချီ အားတက်စရာတိုးတက်မှုအကြောင်း ပြောပြသည်။ တစ်နိုင်ငံပြီးတစ်နိုင်ငံ ကြေညာသူနှုန်းသစ်များ ရနေသည်။
၂ သို့သော် သင့်ရပ်ကွက်တွင်ကော။ ဥပေက္ခာပြုမှုကို ကြုံနေရသလော။ ဘုရားသခင်၏နိုင်ငံတော်သတင်းကို လျစ်လျူရှုနေသလော။ အိမ်တွင် လူတွေ့ခဲ့သလော။ စိတ်ဝင်စားသူ နည်းသလော။ ထိုသို့ဆိုလျှင် ဂလာတိ ၆:၉ ပါ “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြလိမ့်မည်” ဟူသောပေါလု၏သြဝါဒကြောင့် အားရှိပေမည်။ ကောင်းသောအကျင့်ကျင့်ရာတွင် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို တစ်အိမ်မှတစ်အိမ်ဟောပြောခြင်း အမှန်ပါဝင်ပါသည်။ လုပ်ငန်းတော်ပြီးဆုံးပြီဟု ယေဟောဝါမိန့်တော်မူသည်တိုင် ကျွန်ုပ်တို့ဆက်ဟောပြောနေရမည်။ (ဟေရှာ၊ ၆:၈) ခက်ခဲသောရပ်ကွက်များတွင်ပင် သိုးကဲ့သို့သောသူများကို တွေ့ရှိနေဆဲရှိသည်။
၃ ဓမ္မအမှုတွင် လက်ပန်းမကျရန် ဘာလုပ်ရမည်နည်း။ ချဉ်းကပ်ပုံ၊ နိဒါန်းပျိုးပုံတို့ကို ပြုပြင်ပြောင်းလဲနိုင်ပေသည်။ Reasoning စာအုပ်တွင်အကြံကောင်းများစွာရှိသည်။ စမ်းကြည့်ဖူးသလော။ တိုရှင်းလိုရင်းပြောဆိုနည်းသည် အိမ်ရှင်၏အာရုံကိုဆွဲဆောင်နိုင်ပေမည်။ သူတို့အကျိုးကိုလိုလားကြောင်း သဘောပေါက်စေပါ။
၁၉၂ - မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို ဝေငှ
၄ ဇန်နဝါရီလတွင် ၁၉၈၀ ခုနှစ်မတိုင်မီထုတ်ဝေသည့် အဘယ် ၁၉၂ - မျက်နှာရှိစာအုပ်ကိုမဆို ၅ကျပ်ဖြင့်ဝေငှပြီး သူတစ်ပါးအကျိုးဆောင်လိုကြောင်း တင်ပြကြမည်။
၅ စာအုပ်တိုင်း၏ အခန်းတိုင်းတွင် ပြောဆိုရန်အချက်ကောင်းများစွာရှိသည်။ ဥပမာ၊ “Kingdom Come” စာအုပ်ကိုသင်အသုံးပြုလျှင် အခန်း ၁ စာမျက်နှာ ၄ နှင့် ၅ ပါရုပ်ပုံသည် သင့်အတွက်အထောက်အကူဖြစ်ပေမည်။ ထိုတွင်ဖေါ်ပြထားသည့် ပရဒိသုအခြေအနေမျိုးတွင် မည်သူမနေလိုဘဲရှိမည်နည်း။ ထို့အပြင် စာမျက်နှာ ၂၅ ပါ “ဘုရားသခင်၏နိုင်ငံတော် အဘယ်အရာပြုမည်” အကွက်သည် နောက်ဆုံးအပြန်အလှန်စကားအတွက်အကြောင်းအရာနှင့် ဆက်စပ်သည်။ အခြားအချက်ကောင်းများစွာကိုလည်း သင်တွေ့ရှိပေမည်။ ၁၉၂ - မျက်နှာစာအုပ်လုံးဝမရှိလျှင် ရုပ်ပြစာစောင်နှစ်စောင်နှင့် နောက်ဆုံးထုတ်ကင်းမျှော်စင် ကို ၁၀ကျပ် ဖြင့်ဝေငှပါ။
၆ ပတ်စဉ်မှန်မှန် ဘုရားသခင်၏နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ခြင်းအားဖြင့် ကိုယ်တိုင်အားပေးတည်ဆောက်မှုရမည်။ ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှန်မှန်လေ့လာခြင်း၊ အသင်းတော်စည်းဝေးများကို မှန်မှန်တက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ဝိညာဏအခြေအနေမြင့်မားနေမည်။—ဟေ၊ ၁၀:၂၃-၂၅။
ခွန်အားရှိနေရန် သူတစ်ပါးကိုအားပေး
၇ လယ်ကွင်းဓမ္မအမှုတွင် အခြားသူများနှင့်အတူ အမှုဆောင်ခြင်းအားဖြင့် ကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း ကူညီပေးနိုင်သည်။ (ဂလ၊ ၆:၁၀) ရှေ့ဆောင်များ၊ အကြီးအကဲများနှင့်တွဲအမှုဆောင်ခွင့်ကို တောင်းဆိုပါ။ ထို့အပြင် မှန်မှန်မကြေညာသူ၊ သို့မဟုတ်မလှုပ်ရှားတော့သူများ၏ ဝိညာဏအကျိုးကိုသင်စိတ်ဝင်စားမှုပြလျှင် သူတို့အားရှိကြမည်။
၈ ကျွန်ုပ်တို့အားလုံး ယေဟောဝါ၏လုပ်ငန်းတော်တွင် ခံနိုင်ရည်ရှိရကြမည်။ ဤခဲယဉ်းသောကာလတွင် လက်ပန်းမကျသင့်ပါ။ ဤသို့သောခံနိုင်ရည်ဖြင့် အခက်အခဲကြုံရ၊ သို့မဟုတ် လျစ်လျူရှုမှုခံရကြဦးတော့ ခရစ်ယာန်ဇွဲလုံ့လကို မြှင့်တင်ထားနိုင်ပေမည်။ (ဟေ၊ ၁၀:၃၆-၃၉) ခွန်အားရှိရန် ယေဟောဝါထံဆုတောင်းပါ။ (ဟေရှာ၊ ၄၀:၂၉-၃၁) ခံနိုင်ရည်ရှိရန် အကူအညီတောင်းပါ။ အပြုသဘောရှိစိတ်ထား မွေးမြူပါ။ ဘုရားသခင့်လုပ်ငန်းတော်ကို ဆောင်ရွက်နေကြောင်း သတိရပါ။ ကိုယ်တော်၏လုပ်ငန်းတော်၌ အဘယ်အမှုကိုဆောင်ရွက်နေကြောင်း တွေ့ရှိတော်မူ၍ မေ့ပျောက်မည်မဟုတ်ပေ။ (ဟေ၊ ၆:၁၀) ထိုကြောင့် လက်ပန်းမကျကြစို့။ ထိုသို့ဖြစ်မည့်အစား ‘သခင်ဘုရား၏အမှုတော်၌ အမြဲအလုပ်များနေ’ ပြီး ‘အမှုတော်မြတ်’ ကိုဆောင်ရွက်နိုင်ရန်ခွန်အားရှိဖို့ ယေဟောဝါကိုအားကိုးပါ။—၁ ကော၊ ၁၅:၅၈။ ဂလ၊ ၆:၉။