မှောင်မိုက်မှအလင်းသို့ လူတို့အားကူးမြောက်စေခြင်း
၁ မြေကြီးကို ဝိညာဏမှောင်မိုက်လွှမ်းမိုးထားသည်။ (ဟေရှာ၊ ၆၀:၂) အပြစ်တရားအောက် လူသားကျဆင်းခဲ့ချိန်ကတည်းက “ဤလောက၏ဘုရား” သည် လူတို့အားဝိညာဏမှောင်မိုက်အောက်ထားတော်မူသည်။ သို့ဖြင့် သီလယိုယွင်းပျက်ပြားနေကြသည်။—၂ ကော၊ ၄:၄။
၂ သမ္မာတရားကြောင့် ကျွန်ုပ်တို့အလင်းမြင်ပြီဖြစ်ကြရာ ယေရှုနည်းတူ ကျွန်ုပ်တို့လည်းလူတို့ကို သနားတတ်ပါသလော။ (မ၊ ၉:၃၆) သို့ဖြစ်လျှင် ‘လူတို့အား မှောင်မိုက်မှအလင်းသို့ကူးမြောက်၍ စာတန်၏အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ပြောင်းလဲ’ စေရန်တမန်တော်ပေါလုအား အပ်နှင်းသောတာဝန်၏လေးနက်မှုကို သဘောပေါက်နိုင်ကြမည်။—တ၊ ၂၆:၁၆-၁၈။
စိတ်နှလုံးတို့ကိုအလင်းပေးခြင်း
၃ စာတန်သည် လူတို့ကိုဆက်မျက်စိကန်းစေသည့်ပြင် သူ့သားကောင်များ၏နှလုံးကို မာကြောစေသည့်အတွက် သူတို့အားမည်သို့ကူညီပေးနိုင်မည်နည်း။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြင့် သူတို့စိတ်နှလုံးကိုထိမိရန်လိုသည်။ ဧဖက်မြို့သားတို့၏ဉာဏ်မျက်စိလင်းမည်အကြောင်း ပေါလုဆုတောင်းပေးခဲ့သည်။ (ဧ၊ ၁:၁၇-၁၉) လူ့နှလုံးကိုထိမိရန် ဘုရားသခင်၏နှုတ်ကပါဌ်တော်ထက် စွမ်းဆောင်သည့်အရာမရှိချေ။ (ဟေ၊ ၄:၁၂) ယင်းကိုသိထားသဖြင့် သူတစ်ပါးအားသက်သေခံရာတွင် ကျမ်းစာကိုကျွမ်းကျင်စွာအသုံးပြုတတ်ရန် ကြိုးစားအားထုတ်ကြလိမ့်မည်။
၄ အောက်ပါမေးခွန်းများအတွက် သင့်အဖြေများက ဓမ္မအမှုတွင် သင့်အားပို၍ကျွမ်းကျင်လာစေမည်။ လယ်ကွင်းလုပ်ငန်းအတွက် သင်ကောင်းစွာပြင်ဆင်ပါသလော။ အိမ်ရှင်များစိတ်ဝင်စားမည့်စကားများကို သင်ကောင်းစွာမှတ်မိနိုင်ရန် ကြိုတင်လေ့ကျင့်ထားပါသလော။ နောက်ဆုံးအပြန်အလှန်စကားအတွက်အကြောင်းအရာကို ကျက်မှတ်ထားပြီးအသုံးပြုရန်ကြိုးစားပါသလော။ အိမ်များတွင် ကျမ်းစာကိုကြိုးစားဆွေးနွေးပါသလော။—တ၊ ၁၇:၂။
အကူအညီဖြစ်သော ကင်းမျှော်စင်
၅ ကင်းမျှော်စင်သည် သန်းပေါင်းများစွာသောသူတို့အား မှောင်မိုက်မှအလင်းသို့ကူးမြောက်စေခဲ့ပြီ။ သမ္မာကျမ်းစာ၏သီလစံချိန်ကို မည်သို့ကျင့်သုံးနိုင်ရန်၊ ကျွန်ုပ်တို့ခေတ်နှင့်သက်ဆိုင်သောပရောဖက်ပြုချက်များကို နားလည်ရန်၊ ယေဟောဝါနှစ်သက်တော်မူသည့်လမ်းစဉ်အတိုင်းလိုက်လျှောက်နိုင်ဖို့ ဘာသာအမှားအမှန်ကိုခွဲခြားတတ်ရန် ယင်းကတင်ပြသည်။
၆ ကင်းမျှော်စင်ထောက်ခံသည့် ကျမ်းစာသမ္မာတရားသည် အဘယ်အရာကိုဖြစ်ထွန်းစေပြီနည်း။ ဘုရားသခင်နှင့်သားတော်၏မှန်သောပညာကိုရရှိသူ လူအမျိုးမျိုးတို့သည် ကယ်တင်ခြင်းသို့ပို့ဆောင်ခံနေရကြပြီ။ (ယော၊ ၁၇:၃။ ၁ တိ၊ ၂:၄) စာရှုသူတစ်ဦးက ‘ကင်းမျှော်စင်ကိုကျွန်ုပ်တကယ်တန်ဖိုးထားတယ်။ ကျွန်ုပ်တို့အသက်ရှင်နေရသည့်အချိန်ကာလအကြောင်းကို ဆောင်းပါးများက ကောင်းစွာနားလည်စေသည်။ ဝိညာဏအစာအမှန်ဖြစ်သည့် ကင်းမျှော်စင်တစ်စောင်ထွက်လာရန် သုံးသပ်လေ့လာကြိုးစားပမ်းစားထုတ်လုပ်မှုတို့အတွက် များစွာကျေးဇူးတင်ပါသည်။
ထိုးထွင်းဉာဏ်အသုံးပြုခြင်း
၇ ကင်းမျှော်စင် နှစ်စဉ်ကြေးကောက်ခံသည့် ဤဒုတိယလတွင် မှောင်မိုက်မှအလင်းသို့ လူတို့အားကူးမြောက်ကြရန် အခွင့်ကောင်းများရှာယူဖို့လိုသည်။ တစ်အိမ်မှတစ်အိမ်သွားရာတွင် တွေ့ဆုံသူများနှင့် ကျမ်းစာဆွေးနွေးခြင်းဖြင့် ထိုသို့ပြုလုပ်နိုင်၏။ နိုင်ငံတော်သတင်းကိုတကယ်စိတ်ဝင်စားသူများနှင့်တွေ့ဆုံသည့်အခါ ကင်းမျှော်စင် ကိုမှန်မှန်ဖတ်ခြင်း၏အကျိုးတင်ပြနိုင်သည်။ မေလ ၁၉၉၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု က စိတ်ဝင်စားမှုကိုမည်သို့ရိပ်စားမိနိုင်ကြောင်းတင်ပြသည်။ ယင်းကိုပြန်ဖတ်ရှုလျှင်ကောင်းမည်။ မဂ္ဂဇင်းကိုအိမ်ရှင်တွေ့ဖူး၍ တန်ဖိုးထားပါက ယင်းကိုနှစ်စဉ်ကြေးယူလိုသလောဟု မေးမြန်းနိုင်သည်။ သင့်တော်မည်ယူမှတ်လျှင် နှစ်စဉ်ကြေးယူခါစလူသစ်အား ခြောက်လစာနှစ်စဉ်ကြေးယူစေလိုပေမည်။ စိတ်ဝင်စားမှုနှိုးဆွပေးရန် ထိုသူထံဆက်၍လည်ပတ်ပေးပြီး နှစ်စဉ်ကြေးကုန်လျှင် ပြန်ဆက်ယူစေသင့်မသင့်ဆုံးဖြတ်နိုင်ပေမည်။
၈ တစ်အိမ်မှတစ်အိမ်သွားစဉ်၊ လမ်းပေါ်သက်သေခံစဉ်၊ လုပ်ဖေါ်ကိုင်ဖက်၊ ကျောင်းနေဖက်၊ ဆွေမျိုးတို့အား အလွတ်သဘောသက်သေခံစဉ် လူတို့အားလွတ်မြောက်စေနိုင်သည့် သမ္မာတရားကိုနှံ့ပြားစေသည်။ (ယော၊ ၈:၃၂) အမှောင်မှအလင်းသို့ကူးမြောက်စေပြီး လွတ်လပ်မှုနှင့်ထာဝရအသက်ဆုရစေသည့် အထူးလက်နက်ကိရိယာတစ်ခုကား ကင်းမျှော်စင် ဖြစ်သည်။