သီအိုကရက်တစ်သတင်
◆ ဩစတြေးလျား၏မတ်လမှတ်တမ်းတွင် ကြေညာသူနှုန်းသစ် ၅၄,၃၀၆ ယောက်ဖြစ်သည့် ၄င်းနိုင်ငံ၏ တတိယဆက်တိုက်နှုန်းသစ်ကိုတင်ပြထားသည်။
◆ ဘိုလီဗီရာ (Bolivia) တွင် ဤလုပ်ငန်းတော်နှစ်၏ ပထမခုနစ်လအတွင်း ကြေညာသူနှုန်းသစ် ငါးကြိမ်ရရှိခဲ့သည်။ မတ်လတွင် ကြေညာသူ ၈,၀၃၁ ယောက်မှတ်တမ်းသွင်းခဲ့ရာ နှုန်းသစ်ရသည်။ ဓမ္မအမှုကို အသင်းတော်ကြေညာသူများ ပျမ်းမျှ ၁၄.၄ နာရီဆောင်ရွက်ခဲ့သည်။ သတိရအောက်မေ့ပွဲတက်ရောက်သူဦးရေမှာ စုစုပေါင်းကြေညာသူအရေအတွက်၏လေးဆဖြစ်ပြီး ၃၃,၃၇၇ ယောက်ဖြစ်သည်။
◆ ကိုးနှစ်တိုင် ချုပ်ချယ်မှုခံရပြီးနောက် ၁၉၉၁ မေလ ၁ ရက်နေ့တွင် ဌာနခွဲအဖြစ် နီကာရာကွာ တွင်ပြန်လည်အမှုဆောင်ရွက်နိုင်ကြပြီ။ နီကာရာကွာ (Nicaragua) နိုင်ငံတွင် သာသနာပြုရန်တာဝန်ရသူငါးဦးလည်း ထိုနိုင်ငံသို့ပြန်သွားနိုင်ကြပြီ။