အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်
အပိုင်း ၅။ လုပ်ငန်းတော်ကြီးကြပ်ရေးမှူးလည်ပတ်ခြင်း
၁ လုပ်ငန်းတော်ကြီးကြပ်ရေးမှူးသည် သတင်းကောင်းဟောသူနှင့်သွန်သင်သူဖြစ်သင့်သည်။ ခန့်အပ်ထားသည့်ရပ်ကွက်အတွင်း ဟောပြောခြင်းနှင့်သွန်သင်ခြင်းတာဝန်ကို အသင်းတော်သားများကျေပွန်ရန် အကူအညီပေးဖို့အဓိကဆောင်ရွက်ရသူဖြစ်သည်။ (မာ၊ ၁၃:၁၀) သူသည် မိမိတာဝန်ကိုဖိဖိစီးစီးလုပ်ဆောင်ပြီး အခြားသူများကလည်း ပူးပေါင်းပါဝင်လျှင် ဟောပြောခြင်းနှင့်သွန်သင်ခြင်းတွင် ကြေညာသူများတိုးတက်ကျွမ်းကျင်လာပြီး ရပ်ကွက်ကိုပိုမိုနှံ့စပ်စွာအမှုဆောင်နိုင်ကြမည်။
၂ လုပ်ငန်းတော်ကြီးကြပ်ရေးမှူးသည် လယ်ကွင်းဓမ္မအမှုပိုမိုတွင်ကျယ်ရန် လှုံ့ဆော်ပေးဖို့အာရုံစိုက်သည်။ ယင်းကိုပထမအနေနှင့် အသင်းတော်စာအုပ်ကြီးသင်တန်းတွင်ပြုလုပ်သည်။ ပုံမှန်အားဖြင့် လုပ်ငန်းတော်ကြီးကြပ်ရေးမှူးသည် စာအုပ်ကြီးသင်တန်းတစ်ခုကိုကိုင်ရသည်။ သို့သော် အခြားအုပ်စုများသို့လည်း တစ်လတစ်ခါလည်ပတ်အားပေးသည်။
၃ လည်ပတ်မှုအတွက်ပြင်ဆင်ခြင်း။ လည်ပတ်ခြင်းမတိုင်မီတစ်ပတ်အလိုတွင် လုပ်ငန်းတော်ကြီးကြပ်ရေးမှူးသည် လည်ပတ်မည့်အုပ်စုရှိကြေညာသူကဒ်ပြားများကို စစ်ဆေးသင့်သည်။ လည်ပတ်မည့်အုပ်စုသင်တန်းမှူးနှင့်လည်းတွေ့ဆုံပြီး ကြေညာသူတို့၏လုပ်ဆောင်မှုကိုဆွေးနွေးသင့်သည်။ သင်တန်းမှူးသည် လယ်ကွင်းနှင့်ပတ်သက်သောပြဿနာများ၊ ကြေညာသူကဒ်ပြားတွင် မဖော်ပြသောလိုအပ်ရာများကို လုပ်ငန်းတော်ကြီးကြပ်ရေးမှူးအား ကြိုအကြောင်းကြားထားသင့်သည်။ သင်တန်းမှူးသည် သင်တန်းကို ၄၅ မိနစ်သာကျင်းပပြီး ကျန် ၁၅ မိနစ်မှာ လုပ်ငန်းတော်ကြီးကြပ်ရေးမှူးဟောပြောချက်ပေးရန်ဖြစ်သည်။
၄ ဤဟောပြောချက်သည် ဓမ္မအမှုဆောင်ခြင်းကိုပိုမိုလေးမြတ်စေရန်အားပေးသည်။ ကြေညာသူများ ဓမ္မအမှုကဏ္ဍတစ်ခုခုတွင် အကူအညီလိုအပ်နေပါက လုပ်ငန်းတော်ကြီးကြပ်မှူးသည် တိုးတက်မှုအတွက် လက်တွေ့ကျသောအကြံဉာဏ်များပေးသင့်သည်။ သူ့ဟောပြောချက်သည် အပြုသဘောပါပြီး အားပေးမှုဖြစ်စေသင့်သည်။ စိတ်ဓာတ်ကျစိတ်ပျက်ဖွယ်မှတ်ချက်များမချသင့်ပါ။ သို့ပြုလျှင် သူ့လည်ပတ်ခြင်းရည်ရွယ်ချက် အထမြောက်မည်မဟုတ်။ အားလုံးတိုးတက်ရန် အားပေးမှုဖြစ်သင့်သည်။
၅ လယ်ကွင်းကြီးကြပ်ရေးမှူးသည် တတ်နိုင်သရွေ့ ညီအစ်ကိုညီအစ်မတစ်ဦးစီကို ဂရုစိုက်မည်။ လယ်ကွင်းလုပ်ငန်းတွင် တစ်ဦးစီနှင့်တွဲအမှုဆောင်ရန်စီစဉ်နိုင်သည်။ ကြေညာသူများနှင့်တွဲ၍ တစ်အိမ်တက်ဆင်းဟောပြောရာတွင် သတင်းကောင်းတင်ပြရာ၌ အကူအညီဖြစ်စေမည့်အကြံဉာဏ်အချို့ပေးနိုင်သည်။ အပြစ်တင်သည့်သဘောဖြင့်မဟုတ်ဘဲ အမှန်ကူညီလိုသည့်ဆန္ဒဖြင့်ဖြစ်သင့်သည်။ ကြေညာသူ၏လည်ပတ်မှုနှင့် သင်အံမှုများသို့လည်း သူလိုက်နိုင်သည်။ အုပ်စုရှိတစ်ဦးချင်းအကူအညီလိုအပ်သူကို ထိုအပတ်အတွင်း သိုးထိန်းလည်ပတ်၍ကူညီမည်။ ထိုနောက်မည်သို့ကူညီပေးခဲ့ကြောင်း သင်တန်းမှူးကိုအသိပေးနိုင်သည်။ ဤသို့တစ်ဦးချင်း လှိုက်လှဲစွာဂရုစိုက်ပေးခြင်းဖြင့် လယ်ကွင်းလုပ်ငန်းတွင်ကျဆင်းနေသူအတွက် အားပေးလှုံ့ဆော်မှုဖြစ်စေသည်။
၆ လယ်ကွင်းလုပ်ငန်းအစည်းအဝေး။ ထိုအပတ်အတွက်လယ်ကွင်းလုပ်ငန်းအစည်းအဝေးကို လုပ်ငန်းတော်ကြီးကြပ်မှူး ဦးဆောင်သင့်သည်။ လူအနည်းငယ်သာရောက်စေကာမူ အချိန်မှန်စသင့်သည်။ ဤအစည်းအဝေးသည် ၁၀ မိနစ် ၁၅ မိနစ်ထက်ပိုမကြာသင့်ပေ။ နေ့စဉ်ကျမ်းချက်ဆင်ခြင်ခြင်းကိုပြုလိုကပြုနိုင်သည်။ အစည်းအဝေးမပြီးမီ လူတိုင်း မည်သည့်နေရာတွင်အမှုဆောင်မည်၊ မည်သူနှင့်တွဲရမည်တို့ကိုသိထားသင့်သည်။ (၁ ကော၊ ၁၄:၃၃၊ ၄၀) လယ်ကွင်းကြီးကြပ်ရေးမှူးသည် အားလုံးလယ်ကွင်းသို့ ခပ်သုတ်သုတ်ထွက်ရန် အားပေးသင့်သည်။
၇ စာအုပ်ကြီးသင်တန်းအုပ်စုများသို့ လုပ်ငန်းတော်ကြီးကြပ်ရေးမှူး မှန်မှန်လည်ပတ်ခြင်းသည် ကောင်းချီးတစ်ရပ်အမှန်ဖြစ်သည်။ သူလည်ပတ်စဉ် ကျွန်ုပ်တို့တစ်ဦးစီသည် သူနှင့်ပူးပေါင်းလုပ်ဆောင်ပါက ကျွန်ုပ်တို့ဓမ္မအမှုတွင်စည်းစနစ်ကျပြီးထိရောက်မည်။ သူလည်းပျော်မည်။ (ဟေ၊ ၁၃:၁၇) သိုးစိတ်ထားရှိသူများ စုစည်းခံရပြီး ကျွန်ုပ်တို့လည်းဟောပြောခြင်းဆိုင်ရာတာဝန်ကျေပွန်ကြောင်းသိရ၍ ဝမ်းမြောက်ကြမည်။—ဟေရှာ၊ ၆၁:၁၊ ၂။ ယေဇ၊ ၉:၁၁။ ယော၊ ၁၇:၂၆။