ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၁၂ စာ. ၇-၈
  • လယ်ကွင်းအုပ်စုကနေ အကျိုးရယူနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လယ်ကွင်းအုပ်စုကနေ အကျိုးရယူနိုင်ပုံ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • လိုအပ်ချိန်တွင်ရရှိသော ကူညီမစမှု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • လယ်ကွင်းစုဆုံမှုလုပ်ရတဲ့ ရည်ရွယ်ချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • အပိုင်း ၅။ လုပ်ငန်းတော်ကြီးကြပ်ရေးမှူးလည်ပတ်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၁၀/၁၂ စာ. ၇-၈

လယ်ကွင်းအုပ်စုကနေ အကျိုးရယူနိုင်ပုံ

၁။ စာအုပ်ကြီးသင်တန်းအစီအစဉ်ကနေရတဲ့ ဘယ်လိုအကျိုးကျေးဇူးတွေကို လယ်ကွင်းအုပ်စုကနေ ရရှိနေသေးသလဲ။

၁ စာအုပ်ကြီးသင်တန်း အစီအစဉ်ကို သင်သတိရပါသလား။ အုပ်စုလေးတွေကငယ်ပြီးတော့ ပိုသက်သောင့်သက်သာရှိတယ်။ အဲဒါကြောင့် ရင်းနှီးဖို့လွယ်ကူပြီး ယုံကြည်ခြင်းခိုင်ခံ့စေတယ်။ (သု. ၁၈:၂၄) စာအုပ်ကြီးသင်တန်းမှူးက ကျွန်ုပ်တို့ရဲ့အခြေအနေကိုသိပြီး လိုအပ်တဲ့အားပေးမှုကို ပေးနိုင်တယ်။ (သု. ၂၇:၂၃; ၁ ပေ. ၅:၂၊ ၃) အဲဒီအကျိုးကျေးဇူးတွေကို လယ်ကွင်းအုပ်စုကနေ ရရှိနေပါတယ်။

၂။ အားပေးတည်ဆောက်မှုဖြစ်စေတဲ့ လယ်ကွင်းအုပ်စုဖြစ်အောင် ကျွန်ုပ်တို့ဘက်ကနေ ဘာလုပ်နိုင်သလဲ။

၂ ပါဝင်လုပ်ဆောင်ပါ– လယ်ကွင်းအုပ်စုတွေဟာ အများအားဖြင့် စာအုပ်ကြီးသင်တန်းအုပ်စု အရွယ်အစားလောက်ပဲ။ လယ်ကွင်းလုပ်ငန်းမှာ တခြားသူတွေနဲ့ “တညီတညွတ်တည်း” လုပ်ဆောင်တဲ့အတွက် ပိုရင်းနှီးလာစေတယ်။ (ဖိ. ၁:၂၇) သင့်ရဲ့အုပ်စုမှာရှိတဲ့သူ ဘယ်နှစ်ယောက်နဲ့ သင်အမှုဆောင်ဖူးသလဲ။ ဒီကိစ္စမှာ သင့်လုပ်ဆောင်မှုကို “ကျယ်ဝန်းစေ” နိုင်မလား။ (၂ ကော. ၆:၁၃) သင့်အုပ်စုထဲက တစ်ယောက်ယောက်ကို အခါအားလျော်စွာ သင့်မိသားစုဝတ်ပြုမှုမှာ ဖိတ်ခေါ်နိုင်တယ် ဒါမှမဟုတ် ထမင်းစားဖိတ်နိုင်တယ်။ တချို့အသင်းတော်တွေမှာ အသင်းတော်ကိုလာတဲ့ ဧည့်ဟောပြောသူတွေကို လယ်ကွင်းအုပ်စုတွေက အလှည့်ကျဧည့်ဝတ်ပြုကြတယ်။ အလှည့်ကျတဲ့အပတ်မှာ ဧည့်ဟောပြောသူ အချိန်မပေးနိုင်ရင်တောင် အုပ်စုလိုက် အတူတကွစားဖို့၊ အပြန်အလှန်အားပေးဖို့ စုဝေးနိုင်တယ်။

၃။ ကျွန်ုပ်တို့ရဲ့ လယ်ကွင်းအုပ်စုမှာ ဘယ်လိုသိုးထိန်းခြင်းအစီအစဉ်တွေ ရှိသလဲ။

၃ အသင်းတော်ရဲ့ အစည်းအဝေးတစ်ခုတော့ လျော့နည်းသွားပေမဲ့ ကြေညာသူတွေလိုအပ်တဲ့ သိုးထိန်းခြင်းက မလျော့နည်းသွားသင့်ပါဘူး။ ကိုယ့်အုပ်စုမှာရှိတဲ့သူယောက်တိုင်းကို အားပေးဖို့၊ လယ်ကွင်းမှာ လေ့ကျင့်ပေးဖို့ အုပ်စုကြီးကြပ်မှူးတွေကို ခန့်အပ်ထားတယ်။ သင့်ရဲ့အုပ်စုကြီးကြပ်မှူးက သင်နဲ့အတူတွဲပြီး အမှုမဆောင်ဖူးသေးရင် သူနဲ့အတူအမှုဆောင်ဖို့ မေးကြည့်နိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းတော်ကြီးကြပ်မှူးက တစ်လမှာတစ်ခါ စနေ၊ တနင်္ဂနွေရက်တွေမှာ အုပ်စုတစ်စုစီနဲ့ အမှုဆောင်တယ်။ လယ်ကွင်းအုပ်စု အနည်းငယ်ပဲရှိတဲ့ အသင်းတော်ငယ်တွေမှာဆိုရင် အုပ်စုတစ်ခုကို တစ်နှစ်နှစ်ကြိမ်လည်ပတ်ဖို့ သူစီစဉ်နိုင်တယ်။ သင်တို့အုပ်စုမှာ လာလည်ပတ်တဲ့အခါ အမှုဆောင်ထွက်ဖို့ သင်စီစဉ်နိုင်မလား။

၄။ (က) လယ်ကွင်းတွေ့ဆုံမှုတွေကို ဘယ်လိုစီစဉ်ထားသလဲ။ (ခ) လယ်ကွင်းတွေ့ဆုံမှုအတွက် ကျွန်ုပ်တို့အိမ်ကိုပေးသုံးဖို့ ဘာကြောင့်စဉ်းစားသင့်သလဲ။

၄ စနေ၊ တနင်္ဂနွေနေ့တွေမှာ အုပ်စုတစ်ခုစီဟာ လယ်ကွင်းတွေ့ဆုံမှုကို တစ်နေရာစီမှာလုပ်ပြီး တစ်ချိန်တည်းလိုလိုကျင်းပတဲ့အခါ ပိုအဆင်ပြေလေ့ရှိတယ်။ ကြေညာသူတွေအတွက် လယ်ကွင်းတွေ့ဆုံမှုကိုရော ရပ်ကွက်ကိုပါသွားရတာ ပိုလွယ်ကူစေနိုင်တယ်။ ကြေညာသူတွေကို မြန်မြန်ဆန်ဆန်တွဲပေးနိုင်ပြီး ရပ်ကွက်ကို မြန်မြန်ဆန်ဆန်သွားရောက်နိုင်တယ်။ အုပ်စုမှူးအတွက်လည်း အုပ်စုမှာရှိတဲ့သူတွေကို ပိုဂရုစိုက်နိုင်တယ်။ ဒါပေမဲ့ အခြေအနေအရ အုပ်စုနှစ်စု ဒါမှမဟုတ် နှစ်စုထက်မကကို ပေါင်းရတာလည်း ရှိပါလိမ့်မယ်။ လတစ်လရဲ့ ဦးဆုံးစနေနေ့ ဒါမှမဟုတ် ကင်းမျှော်စင်သင်တန်းပြီးနောက်မှာ အသင်းတော်တစ်ခုလုံးစုပြီး လယ်ကွင်းစုဆုံမှုကျင်းပတဲ့အခါ ကိုယ့်အုပ်စုနဲ့ကိုယ် ထိုင်မယ်ဆိုရင် အဆင်ပြေလေ့ရှိတယ်။ တွေ့ဆုံမှုကို ဆုတောင်းခြင်းနဲ့အဆုံးမသတ်ခင် အုပ်စုကိုလူတွဲဖို့ အုပ်စုကြီးကြပ်မှူးတွေကို မိနစ်အနည်းငယ် အချိန်ပေးသင့်တယ်။—“သင့်အိမ်ကို အသုံးပြုခွင့်ပေးနိုင်မလား” လေးထောင့်ကွက်ကိုကြည့်ပါ။

၅။ စာအုပ်ကြီးသင်တန်းအစီအစဉ်မရှိတော့ပေမဲ့ ကျွန်ုပ်တို့ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။

၅ စာအုပ်ကြီးသင်တန်းအစီအစဉ်မရှိတော့ပေမဲ့ ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့အမှုဆောင်နိုင်ဖို့ လိုအပ်ရာမှန်သမျှကို ဆက်ပြီးပေးနေပါတယ်။ (ဟေဗြဲ ၁၃:၂၀၊ ၂၁) ယေဟောဝါရဲ့ ဂရုစိုက်စောင့်ရှောက်မှုအောက်မှာ လိုအပ်တာမှန်သမျှ ကျွန်ုပ်တို့ရရှိနေကြပါတယ်။ (ဆာ. ၂၃:၁) လယ်ကွင်းအုပ်စုကနေ ကောင်းချီးများစွာ ရရှိနေပါတယ်။ ကျွန်ုပ်တို့ဘက်က ပါဝင်လုပ်ဆောင်ပြီး “များများကြဲ” မယ်ဆိုရင် “များများရိတ်” ရပါလိမ့်မယ်။—၂ ကော. ၉:၆။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

သင့်အိမ်ကို အသုံးပြုခွင့်ပေးနိုင်မလား

တချို့အသင်းတော်တွေ စနေ၊ တနင်္ဂနွေနေ့မှာ အုပ်စုတွေကို ပေါင်းလိုက်ရတာက တွေ့ဆုံမှုလုပ်မယ့်အိမ် မလုံလောက်လို့ဖြစ်တယ်။ လယ်ကွင်းတွေ့ဆုံမှုဟာ အသင်းတော်အစီအစဉ်တစ်ခုဖြစ်တဲ့အတွက် ဒါကိုလက်ခံကျင်းပခြင်းက အခွင့်ထူးတစ်ခုပါပဲ။ သင့်အိမ်ကိုရော အသုံးပြုခွင့်ပေးနိုင်မလား။ အိမ်သိပ်မကောင်းလို့ အားနာတာမျိုး မဖြစ်ပါနဲ့။ အကြီးအကဲတွေက သင့်အိမ်တည်ရှိရာနေရာအပြင် စာအုပ်ကြီးသင်တန်းလုပ်မယ့်နေရာကို ရွေးချယ်တဲ့အခါ သုံးသပ်လေ့ရှိတဲ့အချက်တွေကို ထည့်သုံးသပ်မှာဖြစ်တယ်။ သင့်အိမ်ကိုအသုံးပြုခွင့်ပေးချင်တယ်ဆိုရင် သင့်အုပ်စုကြီးကြပ်မှူးကို အသိပေးပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ