စိတ်ဝင်စားမှုကိုနှိုးဆွပေးသည့် တင်ဆက်ပုံများ
၁ လယ်ကွင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ဆုံတွေ့သူတို့ကိုအမှန်စိတ်ဝင်စားကြောင်း အမြဲတင်ပြသင့်သည်။ အကြောင်းတစ်ခုခုကို သူတို့မည်သို့သဘောထားကြောင်း မေးမြန်းခြင်းသည် သူတို့ရှုထောင့်ကို မိမိစိတ်ဝင်စားကြောင်း ထင်ရှားစေသည်။ ကျွန်ုပ်တို့နိဒါန်းပျိုးလိုက်သည့်အကြောင်း၊ မေးမြန်းလိုက်သည့်မေးခွန်းများသည် သူတို့အားစဉ်းစားဉာဏ်ထုတ်စေ၍ ဘုရားသခင်နှင့် လူသားအတွက် ကိုယ်တော့်ရည်ရွယ်ချက်ကို ပိုမိုသိရှိလိုစိတ် တိုးပွားစေပါလိမ့်မည်။
၂ အောက်တိုဘာလအတွင်း Life—How Did it Get Here? By Evolution or by Creation? စာအုပ်ကိုဝေငှကြရာတွင် ဖန်ဆင်းခြင်းအကြောင်းတရားမှန်ကို ဖော်ညွှန်းကြမည်ဖြစ်သည်။ ဤစာစောင်ကို အချိန်ယူပြီး ပြန်သုံးသပ်ကြည့်ပါ။ ပေါ်လွင်စေမည့်အချက်များကို ရွေးချယ်လိုက်ပါ။ Creation စာအုပ်ပါအကြောင်းကိုဆွေးနွေးသည့်အခါ ယင်းကိုဖွင့်၍ အိမ်ရှင်လက်ထဲထည့်ပေးပါ။ အကြောင်းအချက်အလက်အတိအကျနှင့် ရုပ်ပုံများကို ကိုးကားတင်ပြပါ။ ဤစိတ်ဝင်စားစရာကောင်းလှသည့်စာအုပ်၏တန်ဖိုးကိုဖော်ပြရာတွင် အားတက်သရောရှိပါ။
၃ မိမိကိုယ်ကိုရင်းနှီးစွာမိတ်ဆက်ပြီးနောက် သင်ပြောနိုင်သည်ကား၊
▪ “ဒီခေတ်မီသိပ္ပံလောကမှာ ကျွန်ုပ်တို့နဲ့ ကျွန်ုပ်တို့နေထိုင်တဲ့ ဒီကမ္ဘာမြေကြီးကိုဖန်ဆင်းတဲ့ဘုရားရှိတယ်လို့ယုံကြည်ဖို့ ယုတ္တိရှိပါ့မလား။ [ဖြေဆိုပါစေ။] ကမ္ဘာမြေကြီးရဲ့အကျယ်အဝန်း၊ အံ့ဩစရာများနဲ့ စကြဝဠာတစ်ခုလုံးကို ထည့်စဉ်းစားလိုက်တဲ့အခါ စည်းစနစ်ကျနတာရယ်၊ တီထွင်ထားတဲ့ပုံစံကိုရယ် မအံ့သြဘဲမနေနိုင်ပါဘူး။ အဲ့ဒါက ဖန်ဆင်းရှင်ရှိတယ်လို့ သက်သေပြတယ်မဟုတ်လား။ ဒီအကြောင်းကို ကျမ်းစာဘာပြောထားတယ်ဆိုတာကို သတိပြုပါ။ [ဟေဗြဲ ၃:၄ ကိုဖတ်။] အဆောက်အဦတိုင်းမှာ ဒီဇိုင်းဆွဲသူ၊ ဆောက်လုပ်သူရှိတာချည်းဘဲ။ [Creation စာအုပ်ကိုထုတ်၍ စာမျက်နှာ ၁၁၄ ပါရုပ်ပုံကိုပြ။] ကျွန်ုပ်တို့ရဲ့စကြဝဠာကြီးဟာ တကယ်အံ့သြစရာကောင်းတယ်။ အလိုလိုဖြစ်လာနိုင်မယ်လို့ ထင်သလား။” ထိုနောက် စာမျက်နှာ ၁၂၂ ကိုဖွင့်၍ နာရီတစ်လုံးရုပ်ပုံအောက်ရှိ စာတန်းကိုဖတ်ပြပါ။ စာမျက်နှာ ၁၂၇ ရှိရုပ်ပုံနှင့် ကိုးကားထားသည့်ကျမ်းချက်ကိုလည်း အသုံးပြုနိုင်ပါသည်။ ထပ်ဆင့်အကူအညီပေးချက်များကို Reasoning စာအုပ်၊ စာမျက်နှာ ၈၄-၈ တွင်ရရှိနိုင်ပါသည်။
၄ သို့မဟုတ် သင်ပြောနိုင်သည်ကား၊
▪ “ဒီကမ္ဘာပေါ်မှာ စစ်မှန်တဲ့ငြိမ်သက်ခြင်းနဲ့ပျော်ရွှင်မှုရဖို့ ဘာလိုမယ်လို့ခင်ဗျားထင်သလဲ။ [အဖြေကိုစောင့်။] ဘုရားကိုကြောက်ပြီး ကောင်းကင်မြေကြီးဖန်ဆင်းရှင်အဖြစ် အသိအမှတ်ပြုရမယ်လို့ ကျမ်းစာဖော်ပြထားတယ်။” ဗျာဒိတ် ၁၄:၇ ကိုဖတ်ပြီး Creation စာအုပ်၊ စာမျက်နှာ ၁၄၀၊ ၁၄၁ ကိုဖွင့်၍ ကမ္ဘာကို လူနေထိုင်ရာအရပ်အဖြစ်ဖန်ဆင်းထားကြောင်း ဖော်ပြထားသည့် အပိုဒ် ၂၄ နှင့် ၂၅ တို့ကိုဖတ်ပြနိုင်လျှင်ကောင်းသည်။ အိမ်ရှင်၏စိတ်ဝင်စားမှုကြောင့် ဆက်ပြောဆိုနိုင်ခွင့်ရှိလျှင် အခန်း ၁၉ ကိုဖွင့်ပြီး ကမ္ဘာပရဒိသုသည် မကြာမီဖြစ်ရပ်မှန်ဖြစ်ဖို့ရှိကြောင်း ရှင်းပြပါ။
၅ ဖန်ဆင်းရှင်ရှိသည့်အကြောင်းကို အိမ်ရှင်သံသယဝင်လျှင် သင်ပြောနိုင်သည်ကား၊
▪ “ကမ္ဘာ့ဒုက္ခများကိုထောက်ပြီး သင့်လိုဘဲ လူအများသဘောထားကြတယ်။ ဘုရားသာရှိမယ်ဆိုရင် ဒုက္ခဆင်းရဲကို ဘာကြောင့်ခွင့်ပြုရတာလဲ။ ကျိုးကြောင်းညီညွတ်တဲ့အဖြေကို သင်တင်ပြနိုင်မယ်ထင်လား။” တုံ့ပြန်ပုံပေါ်မူတည်ပြီး Creation စာအုပ်၊ အခန်း ၁၆ ကိုအသုံးပြု၍ ဆက်ဆွေးနွေးနိုင်စရာအကြောင်းရှိသည်။ ဤမေးခွန်းနှင့်စပ်လျဉ်း၍ Reasoning စာအုပ်၊ စာမျက်နှာ ၃၉၉-၄၀၀ တွင်အကူအညီဖြစ်သောထပ်ဆင့်အဖြေများကို ရရှိနိုင်ပါလိမ့်မည်။ တစ်ခါတစ်ရံ သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့်အကြောင်းရင်း ဝေစာကိုထားရစ်ခဲ့လျှင် သင့်လျော်ပါသည်။
၆ ကျွန်ုပ်တို့သည် နိုင်ငံတော်သတင်းတရားကို စိတ်ဝင်စားဖို့နှိုးဆော်ပေးလိုသည်သာမက ကျမ်းစာသင်အံမှုများလည်း စလိုကြပါသည်။ ဖန်ဆင်းခြင်းအကြောင်းရှင်းပြပြီး ကြီးမြတ်တော်မူသောဖန်ဆင်းရှင်ကို ဂုဏ်တင်သည့် လှပသောရုပ်ပုံများပါ ဤစာအုပ်ကိုရရှိထားသည့်အတွက် ဝမ်းသာစရာကောင်းလှပါသည်တကား။ အောက်တိုဘာလအတွင်း ကျွန်ုပ်တို့တွေ့ဆုံကြမည့် စိတ်နှလုံးရိုးသားသူတို့၏စိတ်ဝင်စားမှုကို နှိုးဆွပေးရန် ယင်းစာအုပ်ကို ကောင်းစွာအသုံးပြုကြစို့လေ။