ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၃ စာ. ၄
  • ယနေ့ လောကတွင် သမ္မာကျမ်းစာ၏ တန်ဖိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယနေ့ လောကတွင် သမ္မာကျမ်းစာ၏ တန်ဖိုး
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နှုတ်ကပတ်တော်ကို ထောက်ခံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • သမ္မာကျမ်းစာ—လူခပ်သိမ်းအတွက်ဘုရားသခင့်လမ်းညွှန်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • စစ်မှန်သောလမ်းပြမှုပေးသည့် စာအုပ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဘုရားသခင့်သားတော် ယေရှုခရစ်အကြောင်းသိရှိလာရန် သူတစ်ပါးကို ကူညီလေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၁၁/၉၃ စာ. ၄

ယနေ့ လောကတွင် သမ္မာကျမ်းစာ၏ တန်ဖိုး

၁ ယနေ့ သမ္မာကျမ်းစာသည် ခေတ်မမီ လက်တွေ့မကျဟု ယူမှတ်သူမြောက်မြားစွာ ရှိသည်။ ယင်းသည် သမိုင်းတစ်ခွင် အများဆုံးထုတ်ဝေ၍ ဘာသာစကားအများဆုံးသို့ ပြန်ဆိုထားသည့်စာအုပ်ဖြစ်သော်ငြား ဖတ်ရှုသူ အလွန်နည်းပါသည်။ ယင်း၏ညွှန်ကြားချက်ကို လိုက်နာသူဦးရေမှာ ထိုထက်ပင် လျော့နည်းသေးသည်။

၂ ကျွန်ုပ်တို့မူကား ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် သမ္မာကျမ်းစာကို လက်ခံတန်ဖိုးထားကြပါသည်။ ယင်းသည် သမိုင်းဝင်၍ မှန်ကန်ကြောင်း ဖြစ်ရပ်မှန်များကပြသည်။ ထို့ပြင် ယင်း၏ထူးခြားသောညီညွတ်မှု၊ ယင်း၏ပရောဖက်ပြုချက်များ၊ ယင်း၏ဉာဏ်ပညာနှင့် လူ့ဘဝကို ကောင်းကျိုးပြုနိုင်သည့် ယင်း၏အစွမ်းတို့က သမ္မာကျမ်းစာသည် “ဘုရားသခင်မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်ကြောင်း” ဖော်ပြပါသည်။ (၂ တိ. ၃:၁၆) ကိုယ်ကိုယ်တိုင်၏တွေ့ကြုံခံစားမှုနှင့် ဤအံ့ချီးဖွယ်ဆုလာဘ်ကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်ကြသည့်အတွက် ယင်း၏စစ်မှန်သောတန်ဖိုးကို စူးစမ်းကြည့်ရန် အခြားသူတို့အား တိုက်တွန်းလိုစိတ် ရှိသင့်သည်။

၃ ချဉ်းကပ်နိုင်နည်းတစ်နည်းကား–

▪ “လူတွေရင်ဆိုင်နေရတဲ့ အရေးအကြောင်းတွေကြောင့် ဘုရားကိုမယုံနိုင်သူ များစွာရှိပါတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ဆိုင်ရတဲ့ပြဿနာတွေ ဘုရားဖြေရှင်းပေးနိုင်တယ်ဆိုတာ သံသယဝင်ကြတယ်။ အဲဒါ ခင်းဗျားဘယ်လိုယူမှတ်သလဲ။ [ဖြေပါစေ။] သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့်အကြောင်းရင်း အမည်ရှိ တဲ့ဒီဝေစာကို သတိပြုပါ။” မျက်နှာဖုံးပါ ရုပ်ပုံကို သတိပြုစေ၍ စာမျက်နှာ ၂ ပါ ပထမနှင့်ဒုတိယအပိုဒ်များကို ဖတ်ပါ။ အိမ်ရှင်သည် စိတ်ဝင်စားမည်ဆိုလျှင် ဒုတိယအပိုဒ်ပါ ကျမ်းချက်များကို ဖတ်၍ဆွေးနွေးနိုင်မည်။ စိတ်ဝင်စားမှု နှိုးဆွပေးရန် ခေါင်းစဉ်ငယ်တစ်ခုခုကို မေးခွန်းအဖြစ် ထုတ်ဖော်ပြောဆို၍ ယင်းကို ထပ်မံဆွေးနွေးသုံးသပ်ရန် ပြန်လာနိုင်မည့်နေ့ရက်ကို စီစဉ်ပါ။

၄ အခြားတစ်နည်းဖြင့် ဤသို့ချဉ်းကပ်ပြောဆိုလိုပေမည်–

▪ “ဘဝပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ လူတွေဟာ လမ်းပြညွှန်ကြားချက်လိုနေတယ်ဆိုတာကို သဘောတူပါသလား။ [ဖြေပါစေ။] အရင်က လမ်းပြမှုရရှိဖို့ ကျမ်းစာကို လူတွေဖတ်ရှုခဲ့ကြတယ်။ ဒါပေမဲ့ အခြေအနေတွေ ပြောင်းလဲလာပြီ။ ကျမ်းစာဟာ အခုလက်တွေ့ကျတယ်ဆိုပြီး ခင်းဗျားထင်သလား။ [ဖြေပါစေ။] ၂ တိမောသေ ၃:၁၆ မှာ ဘယ်လိုပြောထားတယ်ဆိုတာ သတိပြုပါ။ [ဖတ်ပါ။] ဘုရားသခင့်နှုတ်ကပါဌ်တော်ဟာ ပညာရှိဆုံးဖြတ်ချက်တွေကို ချစေရုံမက အနာဂတ်အတွက် စိတ်ချရတဲ့ မျှော်လင့်ချက်ကိုလည်း ပေးပါတယ်။” ယောဟန် ၁၇:၃ ကိုဖတ်ပါ။ အိမ်ရှင်ကောင်းစွာလက်ခံနားထောင်မည်ဆိုလျှင် ကျမ်းစာ၏ လက်တွေ့ကျတန်ဖိုးကို ဖော်ပြခြင်းငှာ (စာအုပ် သို့မဟုတ် ဝေစာရှိမည်ဆိုလျှင်) သမ္မာကျမ်းစာ​—ဘုရားသခင့်နှုတ်ကပါဌ်တော် သို့မဟုတ် လူ့ စာအုပ်လောမှ သင်ကြိုတင်ရွေးချယ်ထားသည့် အချက်တစ်ခုနှစ်ခုကိုပြပါ။

၅ ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်၊ စာမျက်နှာ ၁၀ ပါ “သမ္မာကျမ်းစာ/ဘုရားသခင်” အောက် အကြမ်းဖျင်းဖော်ပြထားသည့် နိဒါန်းအချို့ကို အသုံးပြုခြင်းဖြင့် အကူအညီရနိုင်ပေမည်။ အိမ်ရှင်၏မေးခွန်းများကိုဖြေဆိုပေးရန် သို့မဟုတ် သူတို့၏ကန့်ကွက်ချက်များကို ဖြေရှင်းရန် အကူအညီဖြစ်မည့်အချက်များကို စာမျက်နှာ ၅၈-၆၈ တွင်ထပ်ဆင့်ဖော်ပြထားသည်။

၆ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုဝေငှခြင်း– ပထမအကြိမ်လည်ပတ်ချိန် သို့မဟုတ် ပြန်လည်ပတ်မှုတွင် စိတ်ဝင်စားမှု အတော်အသင့် နှိုးဆွပေးနိုင်ခဲ့လျှင် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ကမ်းလှမ်းနိုင်ပေမည်။ အိမ်ရှင်၌ ကျမ်းစာရှိမရှိ၊ ယင်းကို ဖတ်ရှုရာတွင် နားလည်ရ လွယ်မလွယ် မေးမြန်းပေမည်။ အဖြေပေါ်မူတည်ပြီး ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ အကူအညီဖြစ်သောထူးခြားချက်အချို့ကို ဖော်ပြပါ။ ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ် စာမျက်နှာ ၂၇၆-၈၀ ပါ တစ်ချက်နှစ်ချက်ကို ပေါ်လွင်စေနိုင်ပါသည်။

၇ သမ္မာကျမ်းစာကိုဖတ်ရှုရန် အားပေးတိုက်တွန်းဖို့ အခွင့်ကောင်းများကို အမြဲသတိပြုပါ။ စိတ်ဝင်စားသူတို့သည် ရေးသားထားသော ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေးစားပြီးမြတ်နိုးမှု ရှိလာရန် ကူညီပေးပါ။ ယင်း၏စည်းမျဉ်းမူများကို သူတို့ဘဝအသက်တာတွင် ကျင့်သုံးခြင်း၊ သမ္မာတရားကို သိကျွမ်းလာခြင်းအားဖြင့် ယခုသော်လည်းကောင်း အနာဂတ်တွင်သော်လည်းကောင်း သူတို့အကျိုးကျေးဇူးများစွာ ခံစားကြရလိမ့်မည်။​—ဆာ. ၁၁၉:၁၀၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ