“ပေးသမျှသောပညတ်တော်တို့ကို . . . ဆုံးမသြဝါဒပေးကြလော့”
၁ တပည့်ဖြစ်စေရန် သွန်သင်ပေးဖို့လိုသည်။ ခရစ်တော်၏တပည့်တစ်ဦးမဖြစ်လာမီ ယေရှုမိန့်တော်မူသမျှ “ပညတ်တော်တို့ကို စောင့်ရှောက်စေ” ရန်သွန်သင်ပေးရမည်။ (မ၊ ၂၈:၁၉၊ ၂၀) ယင်းကိုပြုခြင်းငှာ အကောင်းဆုံးနည်းကား အိမ်တွင်းကျမ်းစာသင်အံမှုအားဖြင့်ဖြစ်သည်။
၂ ကျမ်းစာသင်အံမှုများကိုစကျင်းပရန် အမြဲမလွယ်ကူပါ။ ကျမ်းစာသင်အံမှုရရန် အခက်အခဲတွေ့နေမည်ဆိုလျှင် စိတ်ဓာတ်မကျပါနှင့်။ ကျမ်းစာသင်အံမှုများစနိုင်ရန် ကြိုးစားအားထုတ်မှုနှင့် သူတစ်ပါးအား သမ္မာတရားကိုသင်ပြလိုစိတ် ပြင်းပြခြင်း ရှိရမည်။—ဂလ၊ ၆:၉။
၃ စိတ်ဝင်စားမှုကို တိုးပွားစေခြင်း– အစအဦးဆွေးနွေးသည့်အကြောင်းသည် စိတ်ဝင်စားမှု အနည်းငယ်ကိုသာ နှိုးဆွပေးနိုင်ပေမည်။ အခြေအနေအရ ဝေစာ၊ ဘရိုရှာ၊ သို့မဟုတ် မဂ္ဂဇင်းများကို အိမ်ရှင်အားပေးခဲ့နိုင်မည်။ အိမ်တွင်းကျမ်းစာသင်အံမှုစတင်ရန် ယင်းတို့မှတစ်ခုခုကို သင်အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်ပေမည်။ အိမ်ရှင်သည် သတင်းတရားကို တိုး၍စိတ်ဝင်စားလာမည်ဆိုလျှင် နောင်တစ်ကြိမ်လည်ပတ်သည့်အခါ အခြားသင့်တော်သောစာပေတစ်မျိုးတစ်မည်ကို သူ့အားပေးနိုင်ပေမည်။
၄ ပြင်ဆင်မှုသည် အောင်မြင်ခြင်း၏သော့ချက်ဖြစ်သည်။ ပြန်လည်ပတ်မှုတွင် သင်အသုံးပြုလိုသော ဝေစာ၊ ဘရိုရှာ သို့မဟုတ် မဂ္ဂဇင်း၌ပါသည့် ကျမ်းချက်တစ်ခုခုကို ကြိုတင်ရွေးချယ်ထားနိုင်ပါသည်။ ဤနည်းဖြင့် သင့်ဆွေးနွေးချက်နှင့်သက်ဆိုင်သောအကြောင်းများကို စာပေမှ ထုတ်ပြဆက်နွယ်ပေးနိုင်ပါမည်။ စာပေမှပင် တစ်ပိုဒ်နှစ်ပိုဒ်ဖတ်ပြနိုင်ကောင်း ဖတ်ပြနိုင်မည်။
၅ ဤသို့ သင်ပြောဆိုနိုင်ပေမည်–
▪ “အခုဘဲပြည့်စုံနေတဲ့ ထူးခြားတဲ့ပရောဖက်ပြုချက်တစ်ခုအကြောင်း ပြောပြနေတယ်။” မဿဲ ၂၄:၃ ကိုဖတ်၍ “ ကြည့်ရှုလော့” ဘရိုရှာ၏ စာမျက်နှာ ၂၄ ပါရုပ်ပုံနှင့်မှတ်ချက်များကို ဆက်နွယ်တင်ပြပါ။ ဤလောက ဆက်လက်တည်ရှိမည်လော ဝေစာကိုတင်ဆက်သည့်အခါ ထပ်တူချဉ်းကပ်နည်းကို အသုံးပြုနိုင်မည်။
၆ အမှန်စိတ်ဝင်စားမှုရှိကြောင်း တွေ့ရှိပြီဆိုလျှင် ချက်ချင်းပြန်လည်ပတ်သွားသင့်သည်။ နောက်ဆုံးဆွေးနွေးခဲ့သောအကြောင်းသည် အိမ်ရှင်၏စိတ်တွင် ရှိနေစဉ် တစ်ပတ်အတွင်း ပြန်လည်ပတ်သွားနိုင်ရန် ကြိုးစားပါ။ ပြန်လည်ပတ်သွားသည့်အခါတိုင်း ချန်ထားခဲ့သည့် စာပေမှ အပိုဒ်အနည်းငယ်ကို သုံးသပ်ပါ။ ထိုနောက် အခန့်သင့်အချိန်တွင် ထပ်တူပုံစံမျိုးကိုအသုံးပြုကာ ထာဝစဉ်အသက်ရှင် စာအုပ်ကိုပြ၍လေ့လာနိုင်ပါသည်။
၇ ယနေ့ ယေရှုကြိုတင်ဟောထားသည့် ရိတ်သိမ်းခြင်းလုပ်ငန်းကြီးတွင် လုပ်ကိုင်စရာများစွာရှိပါသေးသည်။ (မ၊ ၉:၃၇၊ ၃၈) စိတ်နှလုံးရိုးသားသူများကို ကျွန်ုပ်တို့ဆက်လက်သွန်သင်ပေးရာတွင် ယေရှုသည် ‘ကပ်ကမ္ဘာကုန်သည်တိုင်အောင် ကျွန်ုပ်တို့နှင့်အတူအစဉ်အမြဲရှိမည်’ ဟူသော ကိုယ်တော်၏အားယူစရာ အာမခံချက်ရရှိထားပါသည်။