ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၃ စာ. ၁-၅
  • “လာခဲ့ပါ” ဟုဆက်လက်ပြောဆိုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လာခဲ့ပါ” ဟုဆက်လက်ပြောဆိုခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • သတင်းတရားနှင့်အညီ ကျင့်ကြံရန် လူငယ်များကို ကူညီ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • တုံ့ပြန်မှုရသော တင်ဆက်ပြောဆိုချက်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဗျာဒိတ်ကျမ်း—၎င်း၏ပျော်ရွှင်ဖွယ်အထွတ်အထိပ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၃/၉၃ စာ. ၁-၅

“လာခဲ့ပါ” ဟုဆက်လက်ပြောဆိုခြင်း

၁ ယေရှု၏ရွေးဖိုးပူဇော်သက္ကာအားဖြင့် ယေဟောဝါရှင်သည် ထူးမြတ်လှသောပြင်ဆင်ချက် ပေးထားတော်မူပြီတကား။ ယင်းအားဖြင့် စစ်မှန်သောပျော်ရွှင်မှုရရှိရန် လိုအပ်သမျှအတွက် အခြေခံရထားပေပြီ။ (ယော၊ ၃:၁၆) သို့ရာတွင် ဤသမ္မာတရားကို အတိအလင်းသဘောပေါက်ပြီး စွဲစွဲမြဲမြဲဆုပ်ကိုင်ထားသူ အလွန်နည်းသည့်အတွက် ဝမ်းနည်းစရာဖြစ်သည်။ မည်သို့ဆိုစေကာမူ လူသားအပေါ်မေတ္တာထားသောအားဖြင့် ဤသတင်းကောင်းကို အရပ်ရပ်ရှိသူများ ကြားနာစေခြင်းငှာ ယေဟောဝါစီစဉ်ထားတော်မူပြီ။ သားတော်ယေရှုခရစ်မှတစ်ဆင့် ပျော်ရွှင်မှုနှင့် ထာဝရအသက်ရရှိရန် မျှော်လင့်ချက်ကို လူသားအပေါင်းအား ကမ်းလှမ်းထားတော်မူပြီ။​—ယော၊ ၁၇:၃။

၂ နှစ်ထောင်ပေါင်းများစွာပင် အပြစ်နှင့်သေခြင်းမှ လူသားတို့အား ရွေးနှုတ်မည့်အရှင်သည် မည်သူမည်ဝါဖြစ်မည်ကို မသိရှိခဲ့ကြပါ။ ခရစ်တော်ယေရှု ကြွရောက်လာတော်မူပြီးမှ “အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရား (သတင်းကောင်း) အားဖြင့်” “မြင့်မြတ်သောနက်နဲရာ” သည်ထင်ရှားလာလေသည်။ (ရော၊ ၁၆:၂၅။ ၂ တိ၊ ၁:၁၀) ပထမရာစုတွင် သတင်းကောင်းကြွေးကြော်ခြင်းလုပ်ငန်းကို ယေရှု၏တပည့်နောက်လိုက်များ ထမ်းဆောင်ကြပြီး မျက်မှောက်ခေတ်တွင် အသက်ရှင်ခွင့်ရသော ကျွန်ုပ်တို့ပါ ထပ်တူသတင်းကောင်းကို ကြွေးကြော်ရန် ထူးမြတ်သောအခွင့်အရေးကို ရရှိထားပေပြီ။ နိုင်ငံတော်သတင်းကောင်းကို ဟောပြောသည့်အခါ ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်တော်နှင့် ခရစ်တော်၏ညီတော်များနှင့်အတူ “လာခဲ့ပါ၊ . . . အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ” ဟုပြောဆိုခြင်းအားဖြင့် ဘဝလမ်းစဉ်အသီးသီးမှလူတို့အား ဖိတ်ခေါ်နေကြပါသည်။​—ဗျာ၊ ၂၂:၁၇။

၃ လူတိုင်းဤသတင်းကောင်းကို နားထောင်ကြမည်မဟုတ်သည်မှာအမှန်ပင်။ ဂရုစိုက်နားထောင်မည့်သူ အလွန်နည်းပါသေးသည်။ အသက်ပေးသောသမ္မာတရားရေမှ အကျိုးခံစားနိုင်ရန် ဖိတ်ခေါ်နေသူ ဘုရားသခင့်ကျေးကျွန်များကို အချို့သူများသည် ရိုင်းစိုင်းစွာ ငြင်းပယ်ကြပါသည်။ မည်သို့ဆိုစေ ယေဟောဝါထံတော်မှရရှိသောခွန်အားဖြင့် ဤလုပ်ငန်းတွင် ကျွန်ုပ်တို့စွဲစွဲမြဲမြဲပါဝင်နေကြပါသည်။ သမ္မာတရားကို ဟောပြောကာ ကြားနာလိုသူ မည်သူကိုမဆိုအား ကူညီပေးလိုစိတ်ကို ယေဟောဝါနှစ်သက်တော်မူ၍ ကောင်းချီးများ သွန်းလောင်းပေးတော်မူမည့်အကြောင်း ကျွန်ုပ်တို့သိရှိကြပါသည်။

၄ မတ်လတွင် ကျွန်ုပ်တို့ထမ်းဆောင်သည့်ဓမ္မအမှုအားဖြင့် အကြီးမြတ်ဆုံးလူသား စာအုပ်ကိုဖတ်ရှု၍ ယင်း၌ပါသောမျှော်လင့်ချက်၌ ရွှင်လန်းနိုင်ရန် သမ္မာတရားရှာဖွေသူများအား တိုက်တွန်းပေးပါလိမ့်မည်။ ထိုသို့ ပြုလုပ်ခြင်းမှ ကောင်းချီးများစွာ ရိတ်သိမ်းရကြလိမ့်မည်။ ယေရှုကိုသိခြင်းနှင့် ကိုယ်တော်ကိုယုံကြည်ခြင်းသည် လူတို့အားထာဝရအသက်ရရန် အကူအညီဖြစ်မည်။

၅ ဧပြီလ ၆ ရက်နေ့တွင် ခရစ်တော်၏သေခြင်းကိုသတိရကြောင်း ပွဲတော်ကျင်းပရန် ပြင်ဆင်ကြစဉ် လူသားအဖို့ ယေဟောဝါ၏မေတ္တာပါသောပြင်ဆင်ချက်များအကြောင်း ပြောဆိုခြင်းသည် အလွန်လျောက်ပတ်ပေသည်။ သတင်းတရားကို နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ “လာခဲ့ပါ၊ . . . အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါ” ဟူသော အားရဖွယ်ဖိတ်ခေါ်ချက်ကို ကြားနာလိုသူ မည်သူမဆိုအား ကမ်းလှမ်းခြင်း ဘုရားပေးတာဝန်ကို စွဲမြဲစွာတိုးချဲ့ဆောင်ရွက်ကြမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ