ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၂ စာ. ၈
  • တုံ့ပြန်မှုရသော တင်ဆက်ပြောဆိုချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တုံ့ပြန်မှုရသော တင်ဆက်ပြောဆိုချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သောပျော်ရွှင်မှုအတွက် သော့ချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးရန် ဘာပြောဆိုနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဗျာဒိတ်ကျမ်းရဲ့ အဓိပ္ပာယ်က ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မွတ်သိပ်သူတိုင်းကို ဖိတ်ခေါ်ချက်ကမ်းလှမ်းပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၄/၉၂ စာ. ၈

တုံ့ပြန်မှုရသော တင်ဆက်ပြောဆိုချက်များ

၁ တုံ့ပြန်မှုရရှိသော တင်ဆက်နည်းများသည် အိမ်ရှင်လိုအပ်သည်၊ သို့မဟုတ် အသုံးပြုနိုင်သည့်အကြောင်းဖြစ်ကြောင်း ရှင်းလင်းစွာတင်ပြသောတင်ဆက်နည်းဖြစ်သည်။ စကားစမြည်ပြောဆိုစဉ် “ဤအကြောင်းသည် ငါနှင့်သက်ဆိုင်ပါသည်” ဟုအိမ်ရှင်အားသဘောပေါက်စေပါ။ တင်ဆက်ပုံကိုပြင်ဆင်ရာတွင် ကိုယ်ကိုယ်ကိုမေးသင့်သည်ကား ‘ကျွန်ုပ်ရပ်ကွက်ရှိသူများအတွက် အသက်ဆိုင်ဆုံးအကြောင်းကား အဘယ်အရာများနည်း။ သူတို့လိုအပ်ရာကား အဘယ်နည်း။ သူတို့လိုအပ်ရာကို ယေဟောဝါသတိပြုကြောင်း မည်သို့သိရှိစေနိုင်မည်နည်း။’ ယနေ့လူအများစုစိတ်ဝင်စားရာအချို့ကို အောက်တွင်တင်ပြထားပါသည်။ တစ်ခုခု သို့မဟုတ် ယင်းနှင့်ဆင်တူသည့် တင်ဆက်ပုံကို သင်အသုံးပြုနိုင်သလော။ စာအုပ်အသီးသီးမှ အချက်များကို မည်သို့ဆက်စပ်အသုံးပြုနိုင်ကြောင်းကိုလည်း သတိပြုပါ။

၂ ပျော်ရွှင်မှုမရှိသည့်အတွက် စိုးရိမ်ခြင်း။ “ကျွန်ုပ်တို့အရပ်ဒေသတွင် ဘဝပုံစံနှင့်စပ်လျဉ်း၍အမှန်တကယ်စိုးရိမ်မကင်းဖြစ်နေသူများနှင့် စကားစမြည်ပြောဆိုနေကြပါသည်။ အသက်ရှင်ရန်လိုအပ်ရာများဖူလုံနေလျက်ပင် လူအများကျေနပ်ရောင့်ရဲမှုမရှိကြပါ။ တကယ်သာယာသောဘဝရရှိနိုင်မည်ဟု သင်ယူမှတ်သလော။ [ဖြေပါလေစေ။] ပျော်ရွှင်မှုအတွက်သော့ချက်တစ်ခုကို ဗျာဒိတ် ၁:၃ တွင်တွေ့ရှိရမည်။ [ဖတ်။] အနာဂတ်အကြောင်း ဗျာဒိတ်ကျမ်း၏ဖွင့်ပြချက်ကိုနားလည်လျှင် ပျော်ရွှင်မှုရနိုင်မည်။ ယင်း၏ပရောဖက်ပြုချက်တစ်ခုကိုသာ သတိပြုပါ။” ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပြီး Revelation Climax စာအုပ်၏စာမျက်နှာ ၃၀၂ ပါရုပ်ပုံကိုညွှန်ပြပါ။ ယင်းကို ကျပ် ၆၀ ဖြင့်ဝယ်ယူနိုင်ပါသည်။

၃ အိမ်တွင်းစည်းလုံးမှုမရှိခြင်းအတွက် စိုးရိမ်နေ။ “အိမ်ထောင်တွင်းမစည်းလုံးသည့်အတွက် များစွာသောသူတို့ စိုးရိမ်မကင်းဖြစ်နေကြ၏။ ထိုသို့သောအိမ်ထောင်များအရေအတွက်လည်း တိုးများလာနေပြီ။ မိသားစုအများသည် မပျော်ရွှင်နိုင်ကြပါ။ ထိုသို့သောအိမ်ထောင်မျိုးကို သင်သိကောင်းသိလိမ့်မည်။ သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း စာအုပ်သည် ကူညီပေးနိုင်မည်။ ယင်းကို ကျပ် ၂၀ ဖြင့်ရနိုင်သည်။”

၄ ဝန်းကျင်ညစ်ညမ်းမှုအတွက် စိုးရိမ်။ “အိမ်နီးချင်းတို့နှင့် စကားစမြည်ပြောဆိုရာတွင် လေထု၊ ရေထုနှင့်စားစရာများသည် မည်သို့ညစ်ညမ်းလာနေသည်ကိုစိုးရိမ်သူတို့နှင့် တွေ့ရှိရသည်။ ကမ္ဘာကိုဖျက်ဆီးနေသူများ မည်သို့ဖြစ်သွားမည်အကြောင်း သမ္မာကျမ်းစာ၏ဖော်ပြချက်ကိုဖတ်ရ၍ အားယူစရာဖြစ်သည်။” ဗျာဒိတ် ၁၁:၁၈ခ ကိုဖတ်ပါ။ ကမ္ဘာကိုဖျက်ဆီးသူများအား ရှင်းလင်းပစ်ရုံမက နှိမ့်ချသူများအား ကမ္ဘာကိုပရဒိသုဖြစ်စေရန် အသုံးပြုဖို့ဘုရားသခင်ရည်ရွယ်ကြောင်း ဆာလံ ၃၇:၁၀ သို့မဟုတ် ဟေရှာယ ၆၅:၂၁၊ ၂၂ ကတင်ပြပါသည်။ “သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်က ယင်းအကြောင်းသိရှိစေမည်။” သက်သေခံစဉ် စာမျက်နှာ ၁၅၁၊ ၁၅၆-၈ ပါရုပ်ပုံများကိုတင်ပြပါ။

၅ ဘာသာရေးကိုင်းရှိုင်းသူများအား။ “အိမ်နီးချင်းတို့အား မေးခွန်းတစ်ခုမေးမြန်းနေပါသည်။ ဗျာဒိတ်ကျမ်းကိုနားလည်ရန် သို့မဟုတ် နက်နဲရာအမြဲဖြစ်နေရန် ဖြစ်ဖို့လော။ [ဖြေဆိုပါစေ။] သင့်သဘောထားမျိုး လူအများရှိသည်။ ဗျာဒိတ် ၁:၃ တွင်ကျမ်းစာကိုယ်နှိုက်ဘာပြောသည်ကို သတိပြုပါ။”

၆ တုံ့ပြန်မှုရရှိရန် ကြိုက်ရာစာအုပ်ကိုအသုံးပြုနိုင်သည်။ နားထောင်သူများ၏နှလုံးကို ထိမိရန်ကြိုးစားစဉ် သမ္မာတရားနှင့်ဖြောင့်မတ်ခြင်းတရားကိုမြတ်နိုးသူများသည် တုံ့ပြန်ပါလိမ့်မည်။​—မ၊ ၅:၃၊ ၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ