လူသစ်များ တိုးတက်ကြရန် ကူညီပေး
၁ ၁၉၉၂၊ ဧပြီ ၁၇ ရက်နေ့တွင် ၁၁.၅ သန်းနီးပါးသောသူတို့သည် ကမ္ဘာတစ်ဝန်းတွင် ခရစ်တော်၏သေခြင်းကို အောက်မေ့ရာပွဲ ကျင်းပခဲ့သည်။ ယင်းအရေအတွက်မှာ ယေဟောဝါသက်သေများ၏အသင်းတော်များရှိ ကြေညာသူအရေအတွက်ထက် နှစ်ဆခွဲကျော်ဖြစ်သည်။ “ယေဟောဝါ၏တောင်တော်” သို့ဤမျှသောလူအုပ်ကြီး စုဝေးလာနေခြင်းသည် အားရစရာပင်တည်း။ (မိ၊ ၄:၂) ယခု စစ်မှန်သောဝတ်ပြုရေးကို စိတ်ဝင်စားမှုတင်ပြသူ ခုနစ်သန်းခန့်ရှိနေပါသည်။ ဤသူများသည် ယေဟောဝါအား လူထုရှေ့ ချီးမွမ်းသူများ မဖြစ်ကြသေးချေ။ “စပါးရိတ်စရာများစွာရှိ၏” ဟူသောယေရှု၏စကားများသည် မည်သည့်အခါမှ ဤမျှအဓိပ္ပာယ်မပါခဲ့ချေ။—မ၊ ၉:၃၇၊ ၃၈။
၂ ဧပြီလအတွင်း အရည်အချင်းပြည့်မီသူများအား လယ်ကွင်းဓမ္မအမှုတွင် ပါဝင်ရန် ကူညီပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားကြမည်။ မိမိအုပ်စုရှိ အခြားအရည်အချင်းရှိ ကြေညာသူများ နှင့် ရှေ့ဆောင်များ အကူအညီဖြင့် အသင်းတော် စာအုပ်ကြီး သင်တန်းမှူးသည် ယင်းအမှုကို တာဝန်ယူ ဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့၏သုံးလွန်းတင်ပန်းတိုင်မှာ (၁) ဤနှစ် အထူးလူထုဟောပြောပွဲနှင့် သတိရအောက်မေ့ပွဲကို တက်ရောက်သူ လူသစ်များနှင့် အိမ်တွင်းကျမ်းစာသင်အံမှုပြုလုပ်ရန် စီစဉ်ရန်၊ (၂) လေ့လာနေသူများသည် နှစ်ခြင်းမယူသေးသော ကြေညာသူများဖြစ်လာဖို့ အားပေးရန်နှင့် (၃) လယ်ကွင်းဓမ္မအမှုတွင် ကိုယ်တိုင်တိုးချဲ့ပါဝင်ရန် ဖြစ်ပါသည်။
၃ ကျွန်ုပ်တို့အစည်းအဝေးများကို တက်ရောက်သူ မည်သည့်လူသစ်ကိုမဆို ကြိုဆိုပြီး သိကျွမ်းရန် အားလုံးအထူးကြိုးစားသင့်ပါသည်။ အိမ်တွင်းကျမ်းစာသင်အံမှုပြုလုပ်ရန် ဤစိတ်ဝင်စားသူများအား မည်သို့တိုက်တွန်းပေးနိုင်သနည်း။
၄ ပျမ်းမျှအားဖြင့် မြန်မာနိုင်ငံတွင် ၁၉၉၂ လုပ်ငန်းတော်နှစ်အတွင်း လစဉ် ကျမ်းစာသင်အံမှု ၁,၈၇၂ ခုကျင်းပခဲ့ပါသည်။ သင်သားများနှင့် စာအုပ်ကြီးသင်တန်းမှူး သိကျွမ်းလာရန် ကြေညာသူများသည် သူ့အားခေါ်သွားနိုင်ပါသည်။ (နဓ ၃/၈၁ စ၊ ၄) ဤကျမ်းစာသင်သားအချို့သည် စည်းဝေးများစတက်နေ၍ တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ ပါဝင်နိုင်ရန် အရည်အချင်းရှိကောင်းရှိနေမည်။ လူသစ်များသည် အလွတ်သဘောအားဖြင့် မှန်မှန်သက်သေခံနေကြပါသလော။ ကျွန်ုပ်တို့၏ဓမ္မအမှု၊ စာမျက်နှာ ၁၂၂-၅ ပါနှစ်ခြင်းမယူရသေးသော ကြေညာသူများ အရည်အချင်းကို သူတို့မီကြပါသလော။ သို့ဆိုလျှင် နှစ်ခြင်းမယူရသေးသောကြေညာသူများအဖြစ် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် မည်သို့စတင်ပါဝင်နိုင်ကြောင်း သူတို့အား ရှင်းပြပါ။
၅ ခရစ်ယာန်ပေါင်းသင်းမှုပြုခြင်းအားဖြင့် တစ်ဦးကိုတစ်ဦး အားပေးတည်ဆောက်ခြင်းကိုလည်း လျစ်လျူမရှုသင့်ပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဓမ္မအမှုတွင် အားနည်းနေသူများရှိပါက စာအုပ်ကြီးသင်တန်းမှူးသည် အားပေးကူညီရန် စီစဉ်သင့်ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့နှင့်အတူလယ်ကွင်းဓမ္မအမှုတွင်ပါဝင်ရန် သူတို့အားလှိုက်လှိုက်လှဲလှဲ ခေါ်ဖိတ်ရန်သာလိုသည်။
၆ ဧပြီလကိုလယ်ကွင်းလုပ်ငန်းလုပ်ရှားမှုအတွက် ထူးခြားသည့်လဖြစ်စေလိုလျှင် အားလုံးပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်။ စာအုပ်ကြီးသင်တန်းမှူး၏တက်ကြွသော ဦးဆောင်မှုနှင့်အတူ သူ၏အုပ်စုတွင်းရှိ ယောက်စီယောက်တိုင်းတို့အား ဓမ္မအမှုတွင်ပါဝင်ရန် ကူညီပေးခြင်းအားဖြင့် ထူးခြားမှုကိုဖြစ်စေနိုင်သည်။ လုပ်ငန်းတော်အတွက် တွေ့ဆုံစည်းဝေးမှုများကို ထပ်ဆင့်တိုးများစေနိုင်မည်။ သက်ကြီးရွယ်အိုများကို အထူးဂရုစိုက်ပြီး၊ လူငယ်များကို လက်တွေ့ကျနည်းအမျိုးမျိုးဖြင့် ကူညီပေးနိုင်ပါသည်။ ဧပြီလအတွင်း ဓမ္မအမှုတွင် တစ်အိမ်ထောင်လုံးပါဝင်ကြရန် မိဘများ တာဝန်ယူ လုပ်ဆောင်သင့်သည်။ ဤရိတ်သိမ်းရာအချိန်တွင် ကျွန်ုပ်တို့အားလုံး ယေဟောဝါထံ မိမိ၏အကောင်းဆုံးအရာကို ဆက်သမည်ဆိုလျှင် ကိုယ်တော်၏ကြွယ်ဝသောကောင်းချီးသည် ကျွန်ုပ်တို့အပေါ် သက်ရောက်ပါလိမ့်မည်။