ဧပြီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဧပြီ ၅ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ပြန်သုံးသပ်၍ သင့်ရပ်ကွက်တွင် စိတ်ဝင်စားစရာဖြစ်မည့် ဆောင်းပါးများကို ဖော်ပြပါ။ ကြေညာသူနှစ်ဦး၊ အသက်ကြီးသူတစ်ဦး နှင့် ငယ်ရွယ်သူတစ်ဦးအား တိုတုတ်သော ကျမ်းစာဆိုင်ရာတင်ဆက်ပုံများကို သရုပ်ပြစေပါ။
၁၅ မိ– “ကင်းမျှော်စင်—အချိန်တန် ဝိညာဉ်အစာ။” မေးဖြေဆွေးနွေးရန်။ နှစ်စဉ်ကြေးယူရန် ကမ်းလှမ်းသည့်အခါ သတိပြုရမည်ကား အိမ်လိပ်စာအတိုင်း စာများမှန်မှန်ရောက်နိုင်မည်၊ မရောက်နိုင်မည် ဖြစ်သည်။ မသေချာလျှင် မဂ္ဂဇင်းလမ်းကြောင်း စီစဉ်လိုက်ပါ။
၂၀ မိ– “အခြားစာပေများနှင့် ဝေစာများကို တွဲဖက်အသုံးပြု။” မေးဖြေရန်။ အပိုဒ် ၂-၆ ပါအကြံပြုချက်များကိုအခြေပြုကာ တိုတုတ်သောတင်ဆက်ပုံများ ဖော်ပြပါ။ “ဘရိုရှာများအသုံးပြုရန် သတိရပါ” ဟူသည့်အကွက်ပါ အချက်များကို ထည့်တင်ပြပါ။
သီချင်း ၁၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၁၂ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သတိရအောက်မေ့ပွဲနှင့်စပ်လျဉ်း၍ ထူးခြားသော တွေ့ကြုံမှုများကို တင်ပြပါ။ ဤအပတ် စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်းတော်၌ပါဝင်ရန် ကြေညာသူအားလုံးကို တိုက်တွန်းပါ။
၂၀ မိ– “ရိုးရိုးလေးနှင့် ထိရောက်သော ပြန်လည်ပတ်မှုများ။” ပရိသတ်နှင့်ဆွေးနွေးပါ။ ပြန်လည်ပတ်မှုတွင် မည်သို့အပြန်အလှန်စကားပြောဆိုနိုင်ရန် သရုပ်ပြခန်းတစ်ခုတင်ပြပါ။ ကမ္ဘာချီလုပ်ငန်းကို ထောက်ပံ့ခွင့်ရှိကြောင်း အိမ်ရှင်များအား တင်ပြပြောဆိုဖို့လိုကြောင်း သတိပေးပါ။ မည်သို့ပြောဆိုနိုင်ကြောင်း တင်ပြပါ။ “ဤအစီအစဉ်သည် စေတနာအလျောက်ထည့်ဝင်သည့် အလှူငွေများဖြင့် ကမ္ဘာတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိသော သမ္မာကျမ်းပညာဖြန့်ချိရေးလုပ်ငန်း၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်” ဟူသောအကြောင်းသည် ကင်းမျှော်စင်၏ အတွင်းမျက်နှာဖုံးတွင် ပါရှိသည်။ အခြားထပ်တူစကားများကို အသုံးပြုနိုင်ပါသည်။
၁၅ မိ– မေးခွန်းသေတ္တာ။ လုပ်ငန်းတော်ကြီးကြပ်မှူးသို့မဟုတ် အရန်ရှေ့ဆောင်ဖူးသော အခြားအကြီးအကဲတစ်ဦး အပြုသဘောပါပါ အားတက်သရောဆွေးနွေးတင်ပြပေးရန်။ ရံဖန်ရံခါ အရန်ရှေ့ဆောင်ဖူးသော ကြေညာသူ တစ်ဦးနှစ်ဦးကို လူတွေ့ခေါ်မေးမြန်း။
သီချင်း ၃၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၁၉ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ သက်ဆိုင်သောကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေကိုအသိအမှတ်ပြုချက်ရှိပါက ဖတ်ပြပါ။ လုကာ ၆:၃၈ ကိုဖတ်၍ ဒေသခံအသင်းတော်လိုအပ်ရာများကို ရက်ရောစွာထောက်ပံ့ပေးခြင်းကို ချီးမွမ်းပါ။
၂၀ မိ– “လူသစ်များ တိုးတက်ကြရန် ကူညီပေး။” စာအုပ်ကြီးသင်တန်းမှူး နှစ်ဦးသုံးဦး ဆွေးနွေးခြင်း။ ဆောင်းပါးမှ ပေါ်လွင်ချက်အချို့ကို ပြန်လည်သုံးသပ်ပြီးနောက် အကြံပြုချက်များကို မည်သို့လက်တွေ့အသုံးပြုရန် စီစဉ်ထားကြောင်း ရှင်းပြပါ။ သတိရအောက်မေ့ပွဲကို တက်ရောက်ခဲ့သော စိတ်ဝင်စားခါစ လူသစ်များကို မည်သို့ကူညီပေးနိုင်မည်နည်း။ လယ်ကွင်းလုပ်ငန်းတွင် ပါဝင်လိုပါက လူသစ်များ အဘယ်လိုအပ်ချက်များကို မီအောင်လိုက်ရမည်နည်း။ ယခင်က မှန်မှန်ကြေညာသူမဟုတ်သူများကို မည်သို့ကူညီပေးနိုင်သနည်း။ လစဉ် အပြည့်အဝပါဝင်ရန် လူအားလုံးကို မည်သို့တိုက်တွန်းနိုင်သနည်း။ ပိုအားရှိသောကြေညာသူများသည် အခြားသူများကို မည်သို့ကူညီပေးနိုင်မည်နည်း။—ရော၊ ၁၅:၁၊ ၂။
၁၅ မိ– “ယေဟောဝါအိမ်တော်သို့ သွားကြကုန်အံ့။” ကြားညှပ် အပိုဒ် ၁-၈ ကိုမေးဖြေဆွေးနွေး။ အပိုဒ် ၇ တွင်ပါသည့် စာပေများမှပေါ်လွင်ချက်များကို အတိုချုပ်သုံးသပ်ပါ။ အသင်းတော်များသို့ ကျွန်ုပ်တို့ကို အဘယ်ကြောင့်ဖွဲ့စည်းထားကြောင်း လူသစ်တစ်ဦးအား သဘောပေါက်စေရန် အရည်အချင်းရှိ ကြေညာသူအား သရုပ်ပြစေပါ။ (က၈၅ ၁၁/၁ စ၊ ၁၅ အပိုဒ် ၆၊ ၇) ခရစ်ယာန်ဘောင်၏ ဘာသာရေးအစည်းအဝေးများနှင့် ကျွန်ုပ်တို့၏စည်းဝေးများ ကွာခြားပုံကို ပေါ်လွင်စေပါ။ ကျမ်းစာသင်သားသည် အဖွဲ့အစည်းကို ပိုတန်ဖိုးထားပြီး ယင်း၏တစ်စိတ်တစ်ပိုင်းဖြစ်ခြင်းကို သဘောပေါက်ရန် ပတ်စဉ်အနည်းငယ် ဆွေးနွေးတင်ပြရန် ကျမ်းစာသင်အံမှုများကျင်းပသူများအား တိုက်တွန်းပေးပါ။
သီချင်း ၂၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၂၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် သီအိုကရက်တစ်သတင်းများ။ အရန်ရှေ့ဆောင်ခြင်း၊ ကျမ်းစာသင်အံမှုအသစ်များ စခြင်း၊ သို့မဟုတ် သတိရအောက်မေ့ပွဲကို တက်ရောက်ခဲ့သော စိတ်ဝင်စားသူများကို ကူညီပေးခြင်း အစရှိသည့် လယ်ကွင်းလုပ်ငန်း၌ လအတွင်း တိုးချဲ့လုပ်ကိုင်ခဲ့ခြင်းဆိုင်ရာ တွေ့ကြုံမှုများကိုတင်ပြရန် ခေါ်ဖိတ်ပါ။
၁၅ မိ– “ဒုတိယမွေးခြင်း။” Reasoning စာအုပ်၊ စာမျက်နှာ ၇၆-၈၀။ “ဒုတိယမွေးဖွားပြီးပြီလား” ဟုမေးခဲ့သူကို တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ တွေ့ရှိခဲ့သည့် ကြေညာသူနှစ်ဦး၏ သရုပ်ပြခန်း။ ကြေညာသူများသည် စာမျက်နှာ ၇၉-၈၀ ပါအကြံပြုထားသည့်နည်းများအနက် တစ်နည်းဖြင့် ဖြေဆိုပေး။ ထိုနောက် စာမျက်နှာ ၇၈ အပိုဒ် ၁-၃ ပါကျမ်းချက်များမှ အချက်များကိုအသုံးပြုကာ ပြန်လည်ပတ်လာဖို့ ကြေညာသူများ ဆွေးနွေးကြသည်။
၂၀ မိ– “ယေဟောဝါအိမ်တော်သို့ သွားကြကုန်အံ့။” ကြားညှပ် အပိုဒ် ၉-၁၄ ကိုမေးဖြေဆွေးနွေး။ အပိုဒ် ၁၂ နှင့် ၁၃ ပါအကြံပြုချက်များကိုအသုံးပြုကာ တွန့်ဆုတ်နေသူတစ်ဦးအား မည်သို့ပြောဆိုရမည်ကို ကြေညာသူ သရုပ်ပြ။
သီချင်း ၁၂၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။