သီအိုကရက်တစ်သတင်း
အယ်လ်ဘေးနီးယား။ ဒီဇင်ဘာ ၁၉၉၁ မှ ဒီဇင်ဘာ ၁၉၉၂ အထိ ကြေညာသူအရေအတွက်သည် ၂၄ မှ ၁၀၇ အထိတိုးများလာသည်။ ကျမ်းစာသင်အံမှုအရေအတွက်သည် ၄ မှ ၂၂၁ သို့ ထိုအချိန်အတွင်း တိုးများလာသည်။
ဗဟိုအာဖရိကသမ္မတနိုင်ငံ။ ဇန်နဝါရီလ ၂၀၊ ၁၉၉၃ တွင်အစိုးရက ယေဟောဝါသက်သေများအား လုပ်ငန်းများကိုလွတ်လပ်စွာဆောင်ရွက်ခွင့် ပြန်ပေးအပ်ပါသည်။ ယခုနိုင်ငံတော်ခန်းမများကို ညီအစ်ကိုများ ပြန်အသုံးပြုနိုင်ပြီး “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကို ပွင့်ပွင့်လင်းလင်းကျင်းပနိုင်သဖြင့် အလွန်ဝမ်းမြောက်ကြပါသည်။ စည်းဝေးပွဲကြီး ခြောက်ခုကျင်းပခဲ့ရာ စုစုပေါင်းအရေအတွက် မှာ ၄,၇၃၉ ယောက်နှင့် နှစ်ခြင်းခံသူ ၁၂၁ ယောက်ရှိခဲ့သည်။