ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၃ စာ. ၃
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံမယ့်သူတွေနဲ့ နိဂုံးချုပ် ဆွေးနွေးမှု
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • သင့်ဝတ်စားပုံက ဘုရားသခင့် ဘုန်းတော်ကို ထင်ရှားစေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ငါ့အဝတ်အစားက ငါ့ရုပ်စစ်သဏ္ဌာန်စစ်ကို ဖော်ထုတ်နေသလား
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၆/၉၃ စာ. ၃

မေးခွန်းသေတ္တာ

▪ နှစ်ခြင်းယူချိန်တွင် အဘယ်အဝတ်အစားသည် သင့်လျော်သည်ဟု ယူမှတ်ရမည်နည်း။

ဝတ်စားဆင်ယင်ပုံများသည် ကမ္ဘာအစိတ်အပိုင်းအသီးသီးတွင် ခြားနားသည်မှန်သော်လည်း အဘယ်အရပ်ဒေသတွင်ပင်နေထိုင်စေကာမူ ခရစ်ယာန်အားလုံးအတွက် “ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်” ဝတ်ခြင်းဆိုင်ရာ ကျမ်းစာဆုံးမချက်သည် တစ်မျိုးတည်းဖြစ်သည်။ (၁ တိ၊ ၂:၉) နှစ်ခြင်းခံရန် လျောက်ပတ်သောအဝတ်အစားသည် အဘယ်အရာဖြစ်သည်ကို သုံးသပ်ကြည့်ရာတွင် ဤမူကိုလိုက်သင့်သည်။

ဇွန် ၁၊ ၁၉၈၅ ကင်းမျှော်စင် (အင်္ဂလိပ်) စာမျက်နှာ ၃၀ တွင်နှစ်ခြင်းခံမည့်သူအား ဤသြဝါဒကိုပေးထားသည်။ “အသုံးပြုသည့်ရေကူးဝတ်စုံသည် ဣန္ဒြေရှိရမည်အမှန်။ ယနေ့ဖက်ရှင်တီထွင်သူများက လိင်ကိုအသားပေးပြီး ဝတ်လစ်စလစ်နီးပါးအခြေအနေကို ဖော်ပြလိုကြသည့် ဤအချိန်အခါတွင် အထူးဂရုပြုရန်အရေးကြီးသည်။ ထည့်စဉ်းစားရမည့် အခြားအချက်တစ်ခုမှာ အချို့အဝတ်အစားသည် ခြောက်သွေ့ချိန်တွင် ဣန္ဒြေရှိဟန်တူသော်လည်း ရေစိုသည့်အခါ ရှက်ဖွယ်ရာဖြစ်စေသည်။ နှစ်ခြင်းယူခြင်းကဲ့သို့ အရေးပါသောအချိန်မျိုးတွင် အာရုံလွင့်ပါးစေသူ၊ ထိမိလဲစေသူအဖြစ် နှစ်ခြင်းခံသူ မည်သူမျှမဖြစ်လိုကြပါ။​—ဖိ၊ ၁:၁၀။”

ဤအကြံပြုချက်နှင့်အညီ နှစ်ခြင်းခံမည့်သူများသည် နှစ်ခြင်းခံချိန်၏ အရေးကြီးချိန်ကို သတိရကာ ဣန္ဒြေရှိသောအဝတ်အစားများကို ဝတ်စားဆင်ယင်လိုမည်။ သို့ဖြင့် မလုံ့တစ်လုံရေကူးဝတ်စုံ၊ သို့မဟုတ် ရေစိုသွားသည့်အခါ ဣန္ဒြေမရသည်တိုင် အသားကပ်သောဝတ်စုံမျိုးသည် ခရစ်ယာန်တစ်ဦးအတွက် မတော်လျော်သောဝတ်စုံဖြစ်၍ ရှောင်ကြဉ်သင့်သည်။ ထိုနည်းတူစွာ ဖုတ်သိုက်၊ သို့မဟုတ် ဖြစ်ကတတ်ဆန်းဝတ်ဆင်ခြင်းသည်လည်း မတော်လျော်ပါ။ ထို့ပြင် လောကီအသုံးအနှုန်းများ၊ သို့မဟုတ် စီးပွားရေးဆိုင်ရာဆောင်ပုဒ်များပါသော စွပ်ကျယ်များကိုဝတ်ဆင်ခြင်းသည်လည်း မသင့်တော်ပါ။

နှစ်ခြင်းယူမည့်သူနှင့် နှစ်ခြင်းဆိုင်ရာမေးခွန်းများကိုဖတ်ရန် တာဝန်ရသောအကြီးအကဲများ ဖတ်ရှုသည့်အချိန်အခါသည် သင့်လျော်သောအဝတ်အစားများဝတ်ခြင်းကိစ္စ အရေးကြီးကြောင်း ဆွေးနွေးတင်ပြရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ဤနည်းအားဖြင့် အချိန်အခါ၏ဂုဏ်အသရေရှိချိန်ကို ထင်ရှားပေါ်လွင်စေ၍ လောကနှင့်မတူကြောင်းကို ဆက်တင်ပြနိုင်ကြပါမည်။​—ယောဟန် ၁၅:၁၉ နှိုင်းယှဉ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ