ထာဝစဉ်အသက်ရှင် နှင့် ဝတ်ပြုရေးတွင်တစည်းတလုံးတည်း စာအုပ်များကို လေ့လာ
၁ ဝေစာများ၊ ဘရိုရှာများ၊ မဂ္ဂဇင်းများနှင့် စာအုပ်စာတမ်းများ—အားလုံးတို့ကို စိတ်ဝင်စားသူများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုများ စတင်ပေးရန် ကြိုးစားရာတွင် အသုံးပြုနိုင်ပါသည်။ ယင်း၏အနှံ့အပြားဝေငှထား၍ ကြိုက်နှစ်သက်သူ များသည့်အတွက် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကိုသင်အံမှုစရာတွင် အသုံးပြုခဲ့ပေပြီ။ ယင်းကို ဖတ်ရှုလေ့လာကြရန် လူတိုင်းအား တိုက်တွန်းပေးသင့်သည်။ အသင်းတော်စာအုပ်ကြီးသင်တန်းကို မှန်မှန်တက်ခဲ့ကြ၍ ယင်းအတွက်ပြင်ဆင်ခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် ထိုသို့ပြုမူခဲ့ပြီ။
၂ သို့ရာတွင် သမ္မာကျမ်းစာ၏ အခြေခံမူဝါဒများနှင့် ခရစ်ယာန်စံချိန်အတိုင်းအသက်ရှင်ခြင်းကို လူသစ်များ သိရှိနားလည်ထားနိုင်ရန် သူတို့နှင့် အထူးသဖြင့်လေ့လာသင့်သောစာအုပ်နှစ်အုပ်ရှိပါသည်။ ယင်းတို့ကား: သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် နှင့် စစ်မှန်သောဘုရားသခင့်ဝတ်ပြုရေးတွင် တစည်းတလုံးတည်းဖြစ်သည်။ အခြားစာအုပ်များနှင့် အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပနေသူများသည် အခွင့်အရေးရသည်နှင့်အစောဆုံး ဤစာအုပ်နှစ်အုပ်သို့ ပြောင်းသင်ရန် အားပေးပါသည်။ သင်အံမှုကို အကြီးမြတ်ဆုံးလူသားစာအုပ်နှင့်ကျင်းပနေလျှင် ယင်းကို မိမိဘာသာဆက်ဖတ်ရှုရန် သင်သားအား တိုက်တွန်းပါ။ ဒုတိယစာအုပ်ကို ဖတ်၍မပြီးမီ သင်သားသည် နှစ်ခြင်းယူခဲ့သည့်တိုင် ထာဝစဉ်အသက်ရှင် နှင့် ဝတ်ပြုရေးတွင်တစည်းတလုံးတည်း စာအုပ်များမပြီးမချင်း ကျမ်းစာသင်အံမှု ဆက်ပြုလုပ်သင့်သည်။ ဤအစီအစဉ်သည် ကျမ်းစာသင်သားအား ဝိညာဉ်ရေးကို နက်ရှိုင်းစွာတန်ဖိုးထားခြင်းနှင့် ဝိညာဏမြဲမြံမှု ရှိစေပါလိမ့်မည်။