ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၃ စာ. ၁
  • အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • သွန်သင်ခြင်းအတွက် ကောင်းစွာပြင်ဆင်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၁၀/၉၃ စာ. ၁

အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပခြင်း

၁ ထိရောက်သော အိမ်တွင်းကျမ်းစာသင်အံမှုကို မည်သို့ ကျင်းပပါသနည်း။ အဘယ်အခြေခံပုံသက်သေ ရှိထားသနည်း။ သင်တန်းဆောင်းပါးပါ ကျမ်းချက်များကို မည်သို့ သုံးသပ်နိုင်သနည်း။ စာပိုဒ်များကိုမည်သူဖတ်သင့်သနည်း။ သင်အံမှုကျင်းပရန် အခြေခံနည်းလမ်းအပြင် သမ္မာတရားကို ကိုယ်ပိုင်ဖြစ်စေရန် သင်သားအား ထပ်ဆင့်ကူညီပေးရန် ဘာလိုသေးသနည်း။ အဘယ်လမ်းချော်မှုများကို ရှောင်ကြဉ်ရမည်နည်း။

၂ သင်အံမှုကို မည်သို့ကျင်းပနိုင်– အများအားဖြင့်ဆိုလျှင် အိမ်တွင်းကျမ်းစာသင်အံမှုကို အသင်းတော်စာအုပ်ကြီးသင်တန်း ပုံစံအတိုင်း ပြုလုပ်ဆောင်ရွက်ပါသည်။ သုံးသပ်မည့်အပိုဒ်ကို အရင်ဆုံးဖတ်ပါသည်။ ထိုနောက် သင်အံမှုကိုင်သူသည် အပိုဒ်နှင့်ပတ်သက်သည့် ပုံနှိပ်မေးခွန်းကို မေးမြန်းပြီး သင်သားအား ဖြေဆိုခွင့်ပေးသည်။ သင်သားသည် ချက်ချင်းအဖြေမပေးနိုင်ပါက သင်အံမှုကိုင်သူသည် သင်သားအား တွေးတောဆင်ခြင်၍ အဖြေမှန်ရောက်စေရန် ထိန်းကျောင်းမေးခွန်းများကို မေးရန် အသင့်ရှိရမည်။

၃ အပိုဒ်ပါအကြောင်းနှင့် ကျမ်းချက်များ မည်သို့သက်ဆိုင်ကြောင်း သုံးသပ်ကြည့်ပါ။ ကိုးကားထားသောကျမ်းချက်များသည် အဘယ်အချက်နှင့်ဆိုင်သည်ကို သင်သားခွဲခြားသိမြင်၍ မည်သို့သက်ဆိုင်သည်ကို နားလည်ရန် ကူညီပေးပါ။ ကျမ်းချက်ကိုတင်ပြထားသော်လည်း မဖော်ပြလျှင် ရှည်လျားလွန်းခြင်းမရှိပါက ကျမ်းစာတွင် ဖွင့်ဖတ်လျှင် ကောင်းပါသည်။ ယင်းတို့ကိုဖတ်စေပြီးနောက် အပိုဒ်ပါအချက်ကို မည်သို့ထောက်ခံသည် သို့မဟုတ် ရှင်းလင်းစေသည်ကို သင်သားအား ပြောဆိုစေပါ။

၄ သမ္မာတရားသည် ကိုယ်ပိုင်ဖြစ်စေရန် သင်သားအား ကူညီပေး– သင်အံမှုအတွက် ကောင်းစွာပြင်ဆင်ထားရန် သင်သားများကို အားပေးပါ။ တတ်မြောက်လာရန် ဖတ်ရှုဖို့အရေးကြီးကြောင်း နားလည်စေပါ။ သင်သားအနေနှင့် လေ့လာမည့်အကြောင်းကို များများဖတ်၍ ဆင်ခြင်သုံးသပ်လေ ကောင်းလေ ဖြစ်ကြောင်းသိစေပါ။ ကျမ်းစာသင်အံမှုပြုချိန်တွင် သင်အံမှုကိုင်သူအချို့က သင်သားကိုသာ အပိုဒ်များ ဖတ်ရှုစေသည်။ အချို့သူများမူကား အလှည့်ကျ ဖတ်ကြသည်။ သင်သား၏ ဝိညာဏတိုးတက်မှုကိုထည့်တွက်ကာ ချင့်ချိန်ပြုလုပ်သင့်ပါသည်။

၅ သင်ခန်းစာကို လက်တွေ့မပါသောပညာသင်ယူမှုမျိုးကဲ့သို့ လေ့လာသွားလျှင် အသိပညာရရှိမည်မှန်သော်လည်း သင်ယူသည့်အကြောင်းကို သင်သား ယုံကြည်ပါသလော။ သမ္မာတရားကို သူ့ကိုယ်ပိုင်ဖြစ်စေရမည်ဆိုလျှင် လေ့လာနေသောအကြောင်းသည် သူကိုယ်တိုင်နှင့် မည်သို့သက်ဆိုင်ကြောင်း သူသဘောပေါက်ရမည်။ သင်ယူနေသည့်အကြောင်းကို သူမည်သို့ သဘောထားသနည်း။ သင်ယူပြီးသားအကြောင်းကို မည်သို့အသုံးပြုနိုင်မည်နည်း။ သင်သား၏နှလုံးသို့ရောက်ရန် ဤကဲ့သို့သောမေးခွန်းများကို မေးပါ။

၆ လမ်းချော်မှုများကိုရှောင်– ကျမ်းစာသင်အံမှုကျင်းပရာတွင် ရှောင်ကြဉ်ရမည့် လမ်းချော်မှုအနည်းငယ်ရှိသည်။ လေ့လာနေသောအကြောင်းနှင့် မဆက်စပ်သော အကြောင်းအရာများကို သိလိုလာသည့်အခါ သင်အံမှုအဆုံး၊ သို့မဟုတ် နောင်တစ်ချိန်တွင် ဆွေးနွေးခြင်းသည် အများအားဖြင့် အကောင်းဆုံးဖြစ်သည်။ ထို့ပြင် စာအုပ်မှ အဖြေများကို ဖတ်ရွတ်ပြစေမည့်အစား သင်သားအား ကိုယ့်စကားနှင့်ကိုယ် ဖြေဆိုစေခြင်းသည် အရေးကြီးသည်။ ယင်းသို့ပြုခြင်းအားဖြင့် သင်သားသည် သင်ယူနေသည့်အကြောင်းကို သဘောပေါက်မပေါက် သင်အံမှုကိုင်သူ သိရှိနိုင်ပါလိမ့်မည်။

၇ ကျမ်းစာသင်အံမှု အနည်းဆုံးတစ်ခုကျင်းပရန် ပန်းတိုင်ထားပါ။ ယေဟောဝါကို မှီခိုအားထားပြီး အသင်းတော်စာအုပ်ကြီးသင်တန်းပုံစံအတိုင်း လိုက်လျှောက်မည်ဆိုလျှင် မခဲယဉ်းပါ။ သူတစ်ပါးအား သမ္မာတရားကို သွန်သင်ပေးပြီး တပည့်ဖြစ်စေရန် အထိရောက်ဆုံးနည်းကား အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပခြင်းအားဖြင့်ဖြစ်သည်။ ယင်းသို့ပြုခြင်းအားဖြင့် မဿဲ ၂၈:၁၉၊ ၂၀ ပါယေရှု၏အမိန့်တော်အတိုင်း အပြည့်အဝပါဝင်လုပ်ကိုင်ခြင်းမှရသော ရွှင်လန်းခြင်းကို ခံစားနိုင်ပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ