လယ်ကွင်းလုပ်ငန်းအတွက် အထူးလ
ဒီဇင်ဘာလသည် သင့်အတွက် အထူးလတစ်လ ဖြစ်နိုင်ပါမည်လော။ သင်၏ လုပ်ရိုးလုပ်စဉ် အစီအစဉ်ကို အနည်းငယ် ပြုပြင်ပေးစရာ လိုကောင်းလိုပေမည်။ သို့သော် ရရှိမည့်အကျိုးကျေးဇူးများက အကျိုးနပ်စေမည်မဟုတ်လော။
ဤလအတွင်း ကျောင်းပိတ်ရက် ပိုများမည်ဖြစ်သည့်အတွက် နှစ်ခြင်းခံယူပြီးသော ငယ်ရွယ်သည့်ကြေညာသူအချို့သည် ဤလအတွင်း အရန်ရှေ့ဆောင်ရန် နာမည်စာရင်းသွင်းလိုကြမည်။ အကြီးအကဲနှင့် ဓမ္မအမှုထမ်းအချို့အပြင် အခြားကြေညာသူများပါ သူတို့နှင့်အတူ လယ်ကွင်းလုပ်ငန်းတွင် တွဲဖက်အမှုဆောင်ကြမည်ဆိုလျှင် မည်မျှ အားရှိစရာဖြစ်မည်တကား! ကိုယ်ရေးကိုယ်တာအခြေအနေများက ဤလအတွင်း ရှေ့ဆောင်ခွင့်မပြုလျှင် ရှေ့ဆောင်ကြမည့်သူများနှင့်အတူ လုပ်ငန်းတော်တွင် အချိန်အနည်းငယ်ပိုပါဝင်နိုင်ပါမည်လော။ ယင်းသို့ပြုလျှင် နှစ်ဦးနှစ်ဖက် အားပေးတည်ဆောက်မှု အမှန်ဖြစ်ပါလိမ့်မည်။
ကြေညာသူအားလုံးသာ တိုး၍ကြိုးစားပေးမည်ဆိုလျှင် အားလပ်ရာသီအတွင်း နေ့စဉ် အုပ်စုလိုက် အမှုဆောင်ထွက်ခြင်းအစီအစဉ်ကို အကြီးအကဲများ စီစဉ်ပေးနိုင်ပါလိမ့်မည်။ ဤသို့အားဖြင့် ရှေ့ဆောင်နိုင်မည့်သူများသည် လယ်ကွင်းလုပ်ငန်း၌ တွဲဖက်ပါဝင်မည့်သူ အမြဲရှိကြပါလိမ့်မည်။
တစ်ဦးစီသော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း၊ အသင်းတော်လိုက်သော်လည်းကောင်း၊ လယ်ကွင်းလုပ်ငန်းကို ဒီဇင်ဘာတွင် အထူးလအဖြစ်ပါဝင်လုပ်ဆောင်ရန် ယခုပင် စီစဉ်နိုင်ပါသည်။