သီအိုကရက်တစ်သတင်း
မြန်မာ–ရန်ကုန်တွင်ကျင်းပသော “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲသို့ တက်ရောက်သူ ၁၂၈၇ ယောက်ရှိပြီး နှစ်ခြင်းယူသူ ၃၈ ယောက်ရှိခဲ့သည့်အတွက် အလွန်ဝမ်းမြောက်ခဲ့ကြသည်။
ဗဟားမားစ်– “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲသို့ တက်ရောက်သူ ၃,၁၄၉ ယောက်ရှိ၍ နှစ်ခြင်းယူသူ ၃၈ ယောက်ရှိခဲ့သည့်အတွက် ကြေညာသူ ၁,၂၉၄ ယောက်သည် အလွန်ဝမ်းမြောက်ခဲ့ကြသည်။
ဘရာဇီး–ဇူလိုင်လတွင် ၁၉၉၃ လုပ်ငန်းတော်နှစ်၏ စတုတ္ထကြေညာသူနှုန်းသစ်၊ ၃၄၈,၆၃၄ ယောက် မှတ်တမ်းသွင်းခဲ့သည်။
ဂဘွန်–ဇူလိုင်လတွင် ကြေညာသူ ၁,၃၃၂ ယောက်မှတ်တမ်းသွင်းခဲ့ရာ ၁၉၉၃ လုပ်ငန်းတော်နှစ်အတွက် ပဉ္စမနှုန်းသစ် ရရှိခဲ့သည်။ ဤဇွဲလုံ့လရှိကြေညာသူများသည် ပျမ်းမျှအားဖြင့် နာရီ ၁၇.၈ ရရှိခဲ့၍ ပြန်လည်ပတ်မှု ၂၂,၆၅၈ ခုပြုလုပ်ပြီး အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၄,၂၈၀ ခုကျင်းပခဲ့ကြသည်။