သီအိုကရက်တစ်သတင်း
အင်ဂိုလာ– ယခင်အများဆုံးအရေအတွက်ထက် ဒီဇင်ဘာလအတွင်း ဝေငှခဲ့သော စုစုပေါင်းမဂ္ဂဇင်းအရေအတွက် ၁၀,၀၀၀ ကျော်တိုးများလာပါသည်။ ကြေညာသူ ၂၁,၉၆၅ တို့သည် ကျမ်းစာသင်အံမှုပေါင်း ၆၀,၆၉၁ ခုကျင်းပနေကြပါသည်။
အီကွေတိုးရီးယယ်လ်ဂီနီ– ကြေညာသူ ၂၁၉ ယောက်တို့သည် ဒီဇင်ဘာလအတွင်း အထူးအစည်းအဝေးနေ့အစီအစဉ်ရှိခဲ့၍ ပျော်ရွှင်ခဲ့ကြသည်။ အများဆုံးတက်ရောက်သူ ၅၂၁ ယောက်ရှိခဲ့၍ နှစ်ခြင်းယူသူ ၇ ဦးရှိခဲ့ပါသည်။
ဂွာတီမာလာ– ဒီဇင်ဘာလတွင်ရှိခဲ့သော ကြေညာသူ ၁၃,၂၄၃ ယောက်တို့သည် သူတို့၏ “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲများသို့ တက်ရောက်သူ ၃၂,၉၁၁ ယောက်ရှိခဲ့သဖြင့် အလွန်ဝမ်းသာခဲ့ကြသည်။ ထိုစည်းဝေးပွဲများတွင် နှစ်ခြင်းယူသူ ၅၉၇ ယောက်ရှိခဲ့သည်။
လက်တ်ဗီးယား– လက်တ်ဗီးယားတွင် လုပ်ငန်းတိုးတက်ဆဲရှိသည်။ လွန်ခဲ့သောဒီဇင်ဘာလတွင် အများဆုံးကြေညာသူ ၅၇၇ ယောက် မှတ်တမ်းသွင်းခဲ့သည်။ စုစုပေါင်း အိမ်တွင်းကျမ်းစာသင်အံမှု ၁,၈၁၆ ခုကျင်းပခဲ့၍ အသင်းတော်ကြေညာသူများသည် ပျမ်းမျှအားဖြင့် မဂ္ဂဇင်း ၂၀.၅ စီဝေငှခဲ့ကြသည်။