ထာဝစဉ်အသက်ရှင် စာအုပ်ကို စိတ်ဝင်စားမှု တိုးပွားစေလော့
၁ လူတို့အိမ်များသို့ ရောက်သွားသည့်အခါ လူအများသည် “လောကီအမှု၌ စိုးရိမ်ခြင်း” ကိုသာ အာရုံစွဲလမ်း စူးစိုက်နေတတ်ကြသည်ကို တွေ့ရှိရသည်။ (မာ. ၄:၁၉) ယင်းကြောင့် သူတို့တွေးတောဆင်ခြင်စရာ တင်ဆက်ပုံဖြင့် သူတို့အာရုံကိုဆွဲနိုင်ရန် စိန်ခေါ်ချက်နှင့် ပက်ပင်းတိုးနေရသည်။ အစကနဦးတွင် ကျွန်ုပ်တို့၏သတင်းတရားကို လူအများ စိတ်ဝင်စားလှမည်မဟုတ်ပါ။ သူတို့ဘဝအသက်တာနှင့် တိုက်ဆိုင်နေသည့် အကြောင်းတစ်မျိုးမျိုးကို ပြောပြနိုင်မည်ဆိုလျှင်မူကား နိုင်ငံတော်သတင်းတရားကို သူတို့အနည်းငယ် စိတ်ဝင်စားလာစေရန် နှိုးဆွပေးနိုင်ပေမည်။ အပြန်အလှန်စကားပြောဆိုခြင်းကို စတင်နိုင်သည့်သော့ချက်တစ်ခုမှာ ထာဝစဉ်အသက်ရှင် စာအုပ်မှ စိတ်ဆွဲဆောင်စရာဖြစ်သည့် ပြောဆိုချက်များကို ရွေးချယ်ထားရန်ဖြစ်သည်။ သင် ဘာပြောဆိုနိုင်မည်နည်း။
၂ ဤချဉ်းကပ်နည်းကို အသုံးပြုလိုပေမည်–
▪ “ခင်ဗျားမှာ တန်းခိုးရှိရင် ကျွန်တော်တို့ခေတ်မှာရှိတဲ့ ဘယ်လိုစိတ်ဆင်းရဲစရာ ပြဿနာကို ပြုပြင်ပြောင်းလဲမလဲ။ [တုံ့ပြန်ခွင့်ပြု၍ သင့်တော်မည်ဆိုလျှင် လူအများ ထပ်တူပင်သဘောထားကြကြောင်း သူနှင့်သဘောတူဝန်ခံပါ။] ဒီအချိန်အထိ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ယနေ့ဖြစ်ပေါ်နေတဲ့ စိတ်ရှုပ်စရာပြဿနာတွေရဲ့ ဖြေရှင်းနည်းကို မတွေ့နိုင်ကြသေးဘူး။ ဒါပေမဲ့ လူ့ပြဿနာအားလုံးကို အဆုံးသတ်နိုင်ပြီး နိဂုံးချုပ်စေမယ့် ပုဂ္ဂိုလ်တစ်ပါးရှိပါတယ်။ ဆာလံ ၁၄၅:၁၆ မှာဘယ်လိုဆိုထားတယ်ဆိုတာကို ကျေးဇူးပြု၍ သတိပြုပါ။ [ကျမ်းချက်ကိုဖတ်ပြီး စာမျက်နှာ ၁၁-၁၃ ပါရုပ်ပုံများကို ညွှန်းပါ။] စာမျက်နှာ ၁၄ ပါ အပိုဒ် ၁၄ က ကျွန်တော်တို့ဆွေးနွေးလိုက်တဲ့မေးခွန်းကို တင်ပြပြီး ဒီလိုဆက်မေးမြန်းထားတယ်– ‘သို့သော် ဘယ်တော့ ထိုသို့ဖြစ်လာမည်နည်း။’” စာအုပ်က အဖြေပေးမည်ဖြစ်ကြောင်း၊ စိတ်ဝင်စားလျှင် စာအုပ်ကိုယူနိုင်ကြောင်း ရှင်းပြပါ။ ဝေငှဖို့အတွက် စာအုပ်မရှိလျှင် သင့်စာအုပ်ကို ငှားရမ်းပေးပြီး ပြန်လည်ပတ်ရန်နှင့် ကျမ်းစာသင်အံမှုစတင်ရန် စီစဉ်နိုင်ပါသည်။ သို့မဟုတ်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော ဘရိုရှာကိုဝေပြီး ဤသို့ပြောနိုင်မည်– “ဒီဘရိုရှာဟာ ထပ်တူအကြောင်းကို အကျဉ်းချုပ်ဖော်ပြပေးထားတယ်။ ဒါကို ၉ ကျပ်နဲ့ ဝယ်ယူထားနိုင်ပါတယ်။”
၃ သို့မဟုတ် ဤသို့ပြောဆိုနိုင်မည်–
▪ “မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားတဲ့အတွက် ရင်ဟာရတဲ့အဖြစ်မျိုး ခံစားဖူးမှာပါ။ ဝမ်းနည်းကြေကွဲရုံမက ခိုကိုးရာမဲ့အခြေအနေမျိုးကို ရောက်သွားတတ်တယ်။ ဒီမေးခွန်းတွေကို အလေးအနက်စဉ်းစားဖူးမှာပါ– [စာမျက်နှာ ၇၆ ပါအပိုဒ် ၁ ရှိမေးခွန်းများကို ဖတ်ပါ။] ဒီမေးခွန်းရဲ့အဖြေကို သိမယ်ဆိုရင် စိတ်သက်သာမှု ရမယ်မဟုတ်လား။ ဆုံးပါးခဲ့သူတွေအတွက် စိတ်ချရတဲ့မျှော်လင့်ချက်ကို သမ္မာကျမ်းစာက ကမ်းလှမ်းထားကြောင်းသိရခြင်းဟာ အားရှိစရာ မဟုတ်ဘူးလား။ [ယောဟန် ၅:၂၈၊ ၂၉ ဖတ်။] ဒီစာအုပ်က လူသေတွေရဲ့အခြေအနေနဲ့ အနာဂတ်အတွက် ဘာမျှော်လင့်ချက်ရှိတယ်ဆိုတာကို နားလည်စေတယ်။” အခန်း ၈ နှင့် ၂၀ ကို အကျဉ်းချုပ်ညွှန်ပြပါ။ စိတ်ဝင်စားပုံပေါက်လျှင် စာအုပ်ကို စစ်ဆေးလေ့လာကြည့်ရန် အိမ်ရှင်အား အခွင့်အရေးပေးပါ။ လိုအပ်မည်ဆိုလျှင် အပိုဒ် ၂ ၏အဆုံးပါ အကြံပြုချက်ကို အသုံးပြုနိုင်ပေသည်။
၄ အလွတ်သဘောသက်သေခံနိုင်ရန် အခွင့်ကောင်းများကို အသင်ကြုံတွေ့ရစရာအကြောင်းများရှိနိုင်သည်။ သို့ဖြစ်လျှင် ကိုယ်ပိုင်စကားဖြင့် ဤသို့ပြောဆိုနိုင်ပေမည်–
▪ “ယနေ့လောကမှာ ပြဿနာတွေ သောင်းခြောက်ထောင်ရှိနေပါတယ်။ ခင်ဗျားလည်း ကိုယ်ပိုင်ပြဿနာတွေ ရှိမှာပါ။ ဝမ်းနည်းစရာက အပြစ်မဲ့သူတွေဟာ ဒုက္ခအခံရဆုံးသူတွေ ဖြစ်နေကြတယ်။ ဆင်းရဲဒုက္ခတွေကို ဘုရားသခင်အဆုံးတိုင်စေလိမ့်မယ်ဆိုပြီး ထင်သလား။ [တုံ့ပြန်ခွင့်ပြု။] ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေအတွက် ကိုယ်တော်ပေးတဲ့ကတိတော်ကို တင်ပြခွင့်ပြုပါ။ [ဆာလံ ၃၇:၄၀ ကိုဖတ်ပြီးနောက် ထာဝစဉ်အသက်ရှင် စာအုပ်၊ စာမျက်နှာ ၉၉ သို့ဖွင့်ပါ။] ဆိုးသွမ်းမှုကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုထားရတယ် ဒါကို ဘယ်လိုအဆုံးတိုင်စေမယ်ဆိုတဲ့အကြောင်း ဒီစာအုပ်က ရှင်းပြထားတယ်။”
၅ သင်သည် ငယ်ရွယ်သောကြေညာသူတစ်ဦးဖြစ်ပါက စာမျက်နှာ ၁၅၆-၈ ပါရုပ်ပုံများကိုအခြေခံသည့် တင်ဆက်ပုံတစ်ခုကို အသုံးပြုနိုင်ပါသည်။ ဤသို့မေးခွန်းထုတ်၍ သင်စတင်နိုင်ပေသည်–
▪ “ဒီလိုမျိုးကမ္ဘာမှာ ခင်ဗျားနေထိုင်ချင်သလား။ [တုံ့ပြန်ခွင့်ပြု။] ဒီလှပတဲ့ ရုပ်ပုံတစ်ခုစီဟာ ဘုရားသခင့်နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာပါ ကတိတော်တွေကို အခြေပြုထားတယ်။ [ကိုးကားသည့်ကျမ်းချက်ကို ညွှန်ပြပါ။] တစ်ကမ္ဘာလုံးကို ပရဒိသုဖြစ်စေမယ်ဆိုပြီး ဘုရားသခင်ပေးတဲ့ကတိတော်ကို ဒီစာအုပ်က ပိုမိုသိရှိစေပါလိမ့်မယ်။ အသက်ကယ်ဆယ်ရေးနှင့်ဆိုင်တဲ့ အကြောင်းအရာတွေပါတဲ့အတွက် ဖတ်ရကျိုးနပ်ပါလိမ့်မယ်။”—ယော. ၁၇:၃။
၆ သင်၌ စာအုပ်ရှိမည်ဆိုလျှင် အထက်ပါအကြံပြုချက်များအတိုင်း ပြုလုပ်နိုင်ပါသည်။ စာအုပ်မရှိလျှင်၊ ထာဝစဉ်အသက်ရှင် စာအုပ်ပါ ရုပ်ပုံများကို ပြပြီးနောက် ဤအကြံပြုချက်အတိုင်း ပြောနိုင်ပါသည်။ “ဒီဘရိုရှာမှာ ဒီအကြောင်းကို အကျဉ်းချုပ် ဆွေးနွေးတင်ပြထားတယ်။ (ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော ဘရိုရှာကိုတင်ပြပါ။) ဒါကို ၉ ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။”