ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၄ စာ. ၄-၅
  • “နောက်တစ်ဖန် နားထောင်” ရန် သူတို့အား ကူညီပေးလေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နောက်တစ်ဖန် နားထောင်” ရန် သူတို့အား ကူညီပေးလေ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်တွေ့ရှိသောစိတ်ဝင်စားသူများထံ ပြန်သွားခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဘုရားသခင့်ထံတော်မှအသိပညာက မေးခွန်းများစွာကိုဖြေကြားပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • သမ္မာကျမ်းစာ—ဒုက္ခမြားမြောင်သောကမ္ဘာတွင် စိတ်သက်သာမှုနှင့် မျှော်လင့်ခြင်း၏ဇာစ်မြစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • သမ္မာကျမ်းစာ—လူခပ်သိမ်းအတွက်ဘုရားသခင့်လမ်းညွှန်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၁၁/၉၄ စာ. ၄-၅

“နောက်တစ်ဖန် နားထောင်” ရန် သူတို့အား ကူညီပေးလေ

၁ “သင်၏စကားကို ငါတို့သည် နောက်တစ်ဖန် နားထောင်ဦးမည်။” (တ. ၁၇:၃၂) ပေါလု၏ နာမည်ကျော် အာရေတောင်ပေါ်ဒေသနာကို အချို့သူများ ထိုသို့တုံ့ပြန်ခဲ့ကြသည်။ ယနေ့လည်း ပထမအကြိမ်လည်ပတ်ရောက်ရှိချိန်က တင်ပြခဲ့သော နိုင်ငံတော်သတင်းကို ပိုမိုကြားသိလိုသူအချို့ရှိသည်။

၂ စိတ်ဝင်စားမှု တိုးပွားလာစေရန် ကျွန်ုပ်တို့ပြန်လည်ပတ်သွားချိန်တွင် အများဆုံးသွန်သင်ပေးလေ့ရှိသည်။ ကောင်းစွာပြင်ဆင်ခြင်းက ပြန်လည်ပတ်သည့်အခါ ပိုမိုအကျိုးထိရောက်စေမည်။ ကျောင်းလမ်းညွှန်စာအုပ် စာမျက်နှာ ၅၅ ကဤသို့ပြုရန် အားပေးသည်– “ပထမဦးဆုံး ကိုယ်ပြောမည့်အချက်များကို ထောက်ခံသည့်အချက်များအပေါ် ကောင်းစွာနားလည်ထားပါ။ အကြောင်းတစ်ခုသည် ထိုသို့အဘယ်ကြောင့်ဖြစ်ကြောင်း စဉ်းစားကြည့်ပါ။ ကိုယ်ပိုင်စကားနှင့် ထိုအချက်တို့ကို တင်ပြဖို့ လေ့ကျင့်ပြီးနောက် ကျမ်းစာမှ အထောက်အထားများကို ကောင်းစွာနားလည်ရန် ကြိုးစားပါ။ ကျမ်းချက်တို့ကိုထိရောက်စွာ တင်ပြနိုင်ရန် အဆင်သင့်ရှိပါ။”

၃ “မိသားစုဘဝ” စာအုပ်ကို ဝေငှခဲ့လျှင် ဤသို့ သင်ပြောဆိုလိုပေမည်–

◼ “အရင်တစ်ခေါက်က ကျမ်းစာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်တဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်။ အရင်တစ်ခေါက်က ဝယ်ယူထားတဲ့စာအုပ်ကလည်း လူ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘယ်လိုကူညီပေးနိုင်တဲ့အကြောင်းကို ဆွေးနွေးသေးတယ်။ အဲ့ဒီစာအုပ်က ‘အဘယ်သြဝါဒကိုလိုက်နာခြင်းက မိသားစုဘဝကို ပိုသာယာချမ်းမြေ့စေမလဲ’ လို့မေးထားတယ်။ ကြည့်ရအောင်။ [စာမျက်နှာ ၁၈၇၊ အပိုဒ် ၁၄ နှင့် ၁၅ တို့ကိုဖတ်။] လူသားတို့ရဲ့စိတ်ရှုပ်စရာပြဿနာတွေကို ဘုရားသခင်ကိုယ်တိုင် မကြာခင်ဖြေရှင်းပေးတော့မယ်လို့ ကျမ်းစာကဆိုတယ်။ အဲ့ဒီသာယာချမ်းမြေ့တဲ့အချိန်ကျရင် ကောင်းချီးတွေကို ခံစားနိုင်ဖို့ ဘာလုပ်ရမယ်ဆိုတဲ့အကြောင်းကိုလည်း ဖော်ပြထားတယ်။ [ဆာလံ ၁၁၉:၁၀၅ ဖတ်။] ဒီစာအုပ်ကို တစ်ယောက်ထဲဖတ်ဖို့ကော၊ မိသားစုလိုက် ကျမ်းစာလေ့လာဖို့အတွက်ပါ ရည်စူးပြီးပုံနှိပ်ထားတယ်။ ဒီစာအုပ်ကို အသုံးပြုနိုင်တဲ့နည်းကို တင်ပြချင်တယ်။”

၄ “သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့်အကြောင်းရင်း” ဝေစာကို ပေးထားခဲ့သော ပြန်လည်ပတ်မှုများတွင် ဤသို့ ကြိုးစားပြောဆိုနိုင်သည်–

◼ “ကျွန်တော်တို့အားလုံး အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို စိတ်ဝင်စားကြတယ်။ အခု ကမ္ဘာကြီးအခြေအနေတွေကြောင့် ဘာတွေဖြစ်မယ်လို့ ထင်သလဲ။ [ဖြေဆိုပါစေ။] လူ့အနေနဲ့ ခန့်မှန်းနိုင်ရုံခန့်မှန်းနိုင်ပေမဲ့ ဘုရားသခင်ကတော့ အတိအကျသိတယ်။ [ဟေရှာယ ၄၆:၁၀ ဖတ်။] ပရဒိသုကမ္ဘာရဲ့ကောင်းချီးတွေကို မကြာခင်ခံစားရတော့မယ်လို့ ကျမ်းစာကြိုတင်ဟောထားတာကို သိရလို့ အံ့သြမှာပါ။ [စာမျက်နှာ ၄ ပါအပိုဒ်သုံးကိုဖတ်။] ဒီဝမ်းသာစရာကတိပြုချက်အကြောင်း ပိုပြောပြပါရစေ။”

၅ “မိသားစုဘဝ” စာအုပ်ဝေထားသည့်အိမ်သို့ ပြန်လည်ပတ်သွားသည့်အခါ ဤအကြံပြုချက်သည် သင့်အတွက် ထိရောက်မှုရှိပေမည်–

◼ “မကြာခင်က မိသားစုဘဝ စာအုပ်ဝယ်ယူထားတာလေ။ အဲ့ဒီစာအုပ်ကို အကောင်းဆုံးနည်းနဲ့အသုံးပြုနိုင်ဖို့ ပြန်လာပြီးပြမယ်လို့ ကတိထားခဲ့တယ်။ တစ်ခါတလေ တခြားသူတွေနဲ့ ဘယ်လိုအသင့်အတင့်နေနိုင်မလဲလို့ စဉ်းစားမှာပါ။ သမ္မာကျမ်းစာထဲမှာ အကြံဉာဏ်ကောင်းတွေပါတယ်လေ။ [၁ ကောရိန္သု ၁၃:၄; ကောလောသဲ ၃:၁၄; ၁ ပေတရု ၄:၈ အစရှိသောကျမ်းချက်များကို သတိပြုစေပါ။ ဤမူများကို ကျင့်သုံးခြင်းအားဖြင့် ကောင်းကျိုးများ မည်သို့ပေါ်လာနိုင်ကြောင်း အတိုချုပ်ရှင်းပြပါ။] ကျမ်းစာလေ့လာဖို့ အကူအညီဖြစ်တဲ့ ဒီမိသားစုဘဝ စာအုပ်က စာမျက်နှာ ၇၁၊ အပိုဒ် ၇၊ ၈ မှာ ၁ ကောရိန္သု ၁၃:၄ ကိုရှင်းပြတယ်။ (အပိုဒ်များကိုဖတ်။) အချိန်ရှိမယ်ဆိုရင် ချစ်ခြင်းမေတ္တာရဲ့ အသေးစိတ်အဓိပ္ပာယ်ကို သိနိုင်အောင် ကျန်တဲ့အပိုဒ်တွေကို အတူတူဖတ်ချင်တယ်။ (သဘောတူလျှင် အပိုဒ် ၂၁ အထိလေ့လာပါ။ သို့မဟုတ်လျှင် ဤသို့ဆက်ပြောဆိုနိုင်သည်–) နောက်တစ်ခါလာတဲ့အခါ ချစ်ခြင်းမေတ္တာရဲ့ အသေးစိတ်အဓိပ္ပာယ်ကို သိနိုင်အောင် ဒီစာအုပ်ကို အတူတူလေ့လာချင်တယ်။”

၆ အခြားသူများအား ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ တိကျသောအသိပညာကိုပေးခြင်းထက် ကြီးမြတ်သောအခြားဘဏ္ဍာမရှိပါ။ ယင်းအသိပညာသည် ယေဟောဝါကိုကြောက်ရွံ့ခြင်းရှိစေ၍ ထာဝရအသက်ရရှိစေသော ကိုယ်တော်၏လမ်းစဉ်အတိုင်း လျှောက်လှမ်းရန် လူတို့အား တိုက်တွန်းလှုံ့ဆော်ပေးပါသည်။—သု. ၂:၂၀၊ ၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ