ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၄ စာ. ၁
  • ထက်ကြပ်မကွာ လိုက်လျှောက်ရမည့် စံနမူနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထက်ကြပ်မကွာ လိုက်လျှောက်ရမည့် စံနမူနာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွန်သင်သူတစ်ဦးအဖြစ် စွမ်းရည်ကို တိုးတက်စေပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ‘ခြေတော်ရာကို နီးကပ်စွာ လျှောက်လိုက်လော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ‘ငါသည် ပုံသက်သေကိုပြခဲ့ပြီ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “ပုံဥပမာ မပါဘဲ သူ မဟောဘူး”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၁၂/၉၄ စာ. ၁

ထက်ကြပ်မကွာ လိုက်လျှောက်ရမည့် စံနမူနာ

၁ ယေရှုသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်ကြောင်း မငြင်းဆန်နိုင်ပါ။ တပည့်တော်များအတွက် စုံလင်သောပုံသက်သေကို ကိုယ်တော်ချမှတ်ခဲ့သည်။ ကိုယ်တော်၏ စုံလင်ခြင်းစံနှုန်းကို မမီနိုင်ကြသော်လည်း “ခြေတော်ရာကို ထပ်ကြပ်မကွာလိုက်လျှောက်” ကြရန် ကျွန်ုပ်တို့တိုက်တွန်းခံရကြသည်။ (၁ ပေ. ၂:၂၁၊ ကဘ) သူတစ်ပါးအား သမ္မာတရားကို ဇွဲလုံ့လဖြင့် ဟောပြောခြင်းတွင် ယေရှုနှင့် အတတ်နိုင်ဆုံးတူညီရန် ကြိုးစားချင်စိတ် ရှိသင့်သည်။

၂ ယေရှုသည် ဟောပြောသူတစ်ဦးထက်မကပါ; ကိုယ်တော်သည် အမြင့်မြတ်ဆုံးသောဆရာဖြစ်တော်မူသည်။ “လူပရိသတ်တို့သည် ကိုယ်တော်၏ သွန်သင်ပုံကို လွန်စွာအံ့သြကြကုန်၏။” (မ. ၇:၂၈၊ သတင်းကောင်း) အဘယ်ကြောင့် ဤမျှထိရောက်တော်မူသနည်း။ “ကိုယ်တော်၏ သွန်သင်ပုံကို” အနီးကပ် စစ်ဆေးကြည့်ကြစို့။

၃ ယေရှုနောက် မည်သို့လိုက်လျှောက်နိုင်ပုံ– ယေရှုသည် ဖခင်၏ သွန်သင်မှုကို ခံယူခဲ့ရသည်။ (ယောဟန် ၈:၂၈) ကိုယ်တော်၏ ရည်ရွယ်ချက်မှာ ယေဟောဝါကို ဂုဏ်တင်ပြီး နာမတော်အားဘုန်းထင်ရှားစေရန် ဖြစ်သည်။ (ယော. ၁၇:၄၊ ၂၆) ကျွန်ုပ်တို့ ဟောပြောသွန်သင်သည့် ရည်ရွယ်ချက်သည်လည်း ယေဟောဝါအား ဂုဏ်တင်ရန်ဖြစ်သင့်သည်။ ကိုယ့်ကိုယ်ကို ဂုဏ်တင်ရန်အတွက် မဟုတ်ပါ။

၄ ယေရှုသွန်သင်လေသမျှသည် ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ်အခြေခံ ဖြစ်ပါသည်။ မှုတ်သွင်းခံ ကျမ်းစာစောင်များ၌ ရေးသားထားချက်များကို ကိုယ်တော် အမြဲကိုးကားတော်မူ၏။ (မ. ၄:၄၊ ၇; ၁၉:၄; ၂၂:၃၁) တရားနာသူများကို သမ္မာကျမ်းစာသို့ ကျွန်ုပ်တို့ညွှန်ကြားလိုကြသည်; ဤနည်းအားဖြင့် အမြင့်မြတ်ဆုံးသော အာဏာပိုင်အပေါ်အခြေပြု၍ ကျွန်ုပ်တို့ဟောပြောသွန်သင်နေကြောင်း သူတို့အား သိရှိစေပါသည်။

၅ လိုရင်းတိုရှင်း၊ လက်တွေ့ကျကျ၊ ရှုပ်ထွေးခြင်းမရှိသော အကြောင်းပြချက်များကို ယေရှုအသုံးပြုခဲ့သည်။ ဥပမာ၊ ဘုရားသခင်ခွင့်လွှတ်မှုကို မည်သို့ရရှိနိုင်ကြောင်းရှင်းပြရာတွင် အခြားသူများကို ကိုယ်တိုင်ခွင့်လွှတ်ရန်လိုကြောင်း ကိုယ်တော်တိုက်တွန်းသွားသည်။ (မ. ၆:၁၄၊ ၁၅) နိုင်ငံတော်သတင်းကို လက်တွေ့ကျကျ ရိုးရိုးရှင်းရှင်း တင်ပြဖို့ ကြိုးစားသင့်သည်။

၆ ယေရှုသည် သူတစ်ပါး စဉ်းစားတွေးတောစေရန် ဥပမာများနှင့် မေးခွန်းများကို ကျွမ်းကျင်လိမ္မာစွာ အသုံးပြုခဲ့သည်။ (မ. ၁၃:၃၄၊ ၃၅; ၂၂:၂၀-၂၂) နေ့စဉ်ဖြစ်ပျက်တတ်သည့် သာမန်ကိစ္စများနှင့်ဆိုင်သောဥပမာများသည် ရှုပ်ထွေးသော ကျမ်းစာအယူဝါဒတို့ကို နားလည်လွယ်ကူစေသည်။ ကြားသမျှကို စဉ်းစားဆင်ခြင်ရန်အားပေးသည့် မေးခွန်းများကို နားထောင်သူများအားမေးမြန်းသင့်သည်။ ကြောင်းလမ်းမေးခွန်းများသည် အဖြေမှန်ကိုသိရှိရန် အထောက်အကူပြုနိုင်သည်။

၇ ခက်ခဲသောကိစ္စများနှင့်ပတ်သက်၍ အကျိုးအကြောင်းပိုမိုသိရှိလိုသူများအား အချိန်ယူ၍ ယေရှုရှင်းပြပေးခဲ့သည်။ တပည့်တော်တို့နည်းတူ အမှန်စိတ်ဝင်စားသူများသည် ယေရှုတရားစကားများ၏ အနက်အဓိပ္ပာယ်ကို သိနားလည်နိုင်သည်။ (မ. ၁၃:၃၆) စိတ်ရင်းမှန်ဖြင့် မေးမြန်းကြသည့်အခါ ကျွန်ုပ်တို့လည်း ထိုနည်းထပ်တူ အကူအညီပေးသင့်သည်။ အဖြေမသိလျှင် ယင်းအကြောင်းကို စူးစမ်းလေ့လာပြီးနောက် သက်ဆိုင်ရာအကြောင်းအရာများကို ပြန်သွားပြောနိုင်သည်။

၈ သွန်သင်ပေးရန် သရုပ်ပြသင်ခန်းစာများကို ယေရှုအသုံးပြုသည်။ ဥပမာတစ်ခုကား ဆရာသမားဖြစ်လျက်ကယ် တပည့်တော်များ၏ခြေကို ဆေးကြောပေးခြင်းဖြစ်သည်။ (ယောဟန် ၁၃:၂-၁၆) နှိမ့်ချသောသဘောကို ကျွန်ုပ်တို့တင်ပြကြမည်ဆိုလျှင် သွန်သင်ခံရသူတို့သည် တတ်မြောက်လာသမျှကို လက်တွေ့ကျင့်သုံးရန် လှုံ့ဆော်ခံရလိမ့်မည်။

၉ ယေရှုသည် လူ့နှလုံးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းကို မြတ်နိုးသောစိတ်ကိုလည်းကောင်း ဆွဲဆောင်နိုင်ခဲ့သည်။ ကျွန်ုပ်တို့လည်း ထို့အတူပြုလိုသည်။ လူသားတို့တွင်ရှိ သာ၍မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးကို ကိုးကွယ်လိုစိတ်၊ အခြားသူများနှင့် အတူတကွ သင့်တင့်ငြိမ်သက် ပျော်ရွှင်စွာ နေထိုင်လိုစိတ်ကို ဆွဲဆောင်ပေးရန် ကျွန်ုပ်တို့ကြိုးစားကြသည်။

၁၀ ဒီဇင်ဘာလအတွင်း အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်ကို ဝေငှခြင်းအားဖြင့် ယေရှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့တတ်သိထားရာများကို သူတစ်ပါးအား မျှဝေနိုင်ပါသည်။ (ဤစာအုပ်မရှိလျှင် အသင့်တော်ဆုံးဖြစ်သည့် ရှိထားရာ မည်သည့်စာအုပ်ကိုမဆို အသုံးပြုပါ။) ယေရှုသွန်သင်ခဲ့ရာများကို ကျွန်ုပ်တို့ရှင်းပြချိန်တွင် ကိုယ်တော်၏ သွန်သင်ပုံသွန်သင်နည်းများကို အတုယူခြင်းဖြင့် စိတ်ရင်းမှန်သူများသည် နားထောင်လိုစိတ် ဖြစ်ပေါ်လာစေရန် လှုံ့ဆော်တိုက်တွန်းခံရပေမည်။—မ. ၁၀:၄၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ