ဧပြီလတွင် မဂ္ဂဇင်းလုပ်ငန်းအတွက် ပြင်ဆင်
၁၉၉၆ ပြက္ခဒိန်တွင် ဖော်ပြထားသည့်အတိုင်း ဤနှစ် သခင့်ညစာစားပွဲကို ဧပြီ ၂ ရက်နေ့တွင်ကျင်းပပါမည်။ ဤအရေးကြီးသောအခါသမယကြောင့် ဧပြီလတစ်လလုံးတွင် ကျွန်ုပ်တို့အားလုံး မဂ္ဂဇင်းဝေငှခြင်းလုပ်ငန်း၌ ဇွဲရှိရှိပါဝင်ကြစို့။ အမှန်ပင် အခန့်သင့်မဂ္ဂဇင်းများကို ကျွန်ုပ်တို့အသုံးပြုကြရမည်! ဧပြီ ၁ ကင်းမျှော်စင် သည် လွန်ခဲ့သောနှစ် ခရိုင်စည်းဝေးကြီး လူထုဟောပြောချက် “ထာဝရဘုရင်ကို ချီးမွမ်းလေ!” အကြောင်းကို အာရုံပြုပါမည်။ ဧပြီ ၁၅ ကင်းမျှော်စင်က လွန်ခဲ့သောနှစ်၏ အထူးဟောပြောချက်၊ “မှားယွင်းသောဘာသာတရား၏အဆုံးနီးပြီ” အကြောင်းနှင့်ပတ်သက်မည်။ ဤနှစ် ဧပြီ ၂၁ ရက်နေ့တွင် အထူးဟောပြောချက်သည် “ဖောက်ပြန်သောလူမျိုးအကြား အပြစ်ကင်းလျက်နေခြင်း” အကြောင်းက အားပေးမှုဖြစ်သင့်သည်။ ဧပြီ ၂၂ နိုးလော့! [လိပ်] ပါ “စစ်ပွဲများမရှိတော့သည့်အခါ” အကြောင်းကိုပါ ဝေငှကြပါမည်။
လွန်ခဲ့သောနှစ် ဧပြီလအတွင်း နိုင်ငံတော်သတင်းကိုဝေငှခဲ့ရာ ဤနှစ်ဧပြီလတွင် မဂ္ဂဇင်းများကို အထူးတလည်ကြိုးစားဝေငှသင့်သည်။ ယခုကတည်းက အစီအစဉ်များ ပြုလုပ်ပါလေ။ အရန်ရှေ့ဆောင် လိုသူများစွာရှိပေမည်။ လိုအပ်သလို ဧပြီလထုတ်မဂ္ဂဇင်းစောင်ရေအပို မှာယူထားသင့်သည်။ လူတိုင်းပါဝင်နိုင်ရန် နံနက်ပိုင်း၊ မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် မဂ္ဂဇင်းနေ့ရက်များ စီစဉ်ပေးနိုင်သည်။ ကျွန်ုပ်တို့အားလုံး ‘နှုတ်ကပါဌ်တော်တရားနှင့်အညီ ကျင့်သောသူများဖြစ်’ ကြစို့လေ။ ဆာလံ ၆၉:၉ တွင်မေရှိယနှင့်ပတ်သက်၍ ကြိုတင်ဟောထားသည့်နည်းတူ ကျွန်ုပ်တို့လည်း “ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ပ်ကိုစားပါ၏” ဟုပြောဆိုနိုင်ကြပါစေ။—ယာ. ၁:၂၂; ယော. ၂:၁၇။