ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၆ စာ. ၃
  • ပြင်ဆင်မှု—အောင်မြင်မှု၏သော့ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြင်ဆင်မှု—အောင်မြင်မှု၏သော့ချက်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ပြင်ဆင်ထားခြင်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ကြိုတင်ပြင်ဆင်မှုသည် ရွှင်လန်းမှုကို ဖြစ်စေ၏
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ‘ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုရန် အသင့်ဖြစ်နေပါ’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • အကျိုးရနေသည်ဆိုလျှင် ယင်းကိုသုံးပါလေ!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၃/၉၆ စာ. ၃

ပြင်ဆင်မှု—အောင်မြင်မှု၏သော့ချက်

၁ ဓမ္မအမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းသည် လယ်ကွင်းလုပ်ငန်း၌ ပါဝင်ရန် ချီတုံချတုံဖြစ်ခြင်းကို ပျောက်လွင့်စေနိုင်သည်။ အိမ်ပေါက်ဝသို့ရောက်သည့်အခါ အိမ်ရှင်အားပြောဆိုလိုသည့်စကားကို ကောင်းစွာသိထားပါမည်။ ရင်ဆိုင်ရကောင်းရင်ဆိုင်ရမည့် အခက်အခဲများကိုလည်း တွေးကြောက်နေမည်မဟုတ်ပါ။ လုပ်ငန်းတော်မှ အိမ်ပြန်ရောက်သည့်အခါ ဓမ္မအမှုတွင် ကြိုးစားပါဝင်ခဲ့ကြောင်း သိရှိနေပြီး အားတက်သရောရှိပါလိမ့်မည်။ မှန်ပါသည်၊ ကောင်းစွာပြင်ဆင်ခြင်းသည် ကျွန်ုပ်တို့၏ ဟောပြောသွန်သင်ခြင်းစွမ်းရည်ကို ထက်မြက်စေသည့်သော့ချက်ပင်ဖြစ်သည်။

၂ “ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောပြောအံ့သောငှာ . . . ခြေစွပ်ကိုစွပ်” ထားခြင်းအားဖြင့် အသင့်ရှိနေခြင်းကို ပေါလုအလေးအနက်ဖော်ပြပါသည်။ (ဧ. ၆:၁၅) ယင်း၌ ကျွန်ုပ်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ခြင်းနှင့် မိမိကိုယ်ကိုယုံကြည်စိတ်ချမှုအပြင် စေတနာစိတ်ရှိခြင်း ပါဝင်သည်။ အခြားသူများအား သမ္မာတရားကို တင်ပြပြောဆိုရန် အသင့်ရှိနေမည်ဆိုလျှင် ကျွန်ုပ်တို့၏ကြိုးစားမှုသည် နိုင်ငံတော်အသီး သီးပွင့်မည်ဖြစ်ရာ ပျော်ရွှင်မှုရရှိစေမည်ဖြစ်သည်။—တ. ၂၀:၃၅။

၃ ဟောပြောခြင်းလုပ်ငန်းအတွက် ပြင်ဆင်နိုင်ပုံ– ကျွန်ုပ်တို့နှင့်ကိုက်ညီသော တင်ဆက်ပုံကို ကျိုးကြောင်းဆင်ခြင်ခြင်း စာအုပ်၊ သို့မဟုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ၏နောက်ဆုံးစာမျက်နှာတွင်ပါသည့် အကြံပြုချက်တို့မှ ရွေးချယ်ထားသင့်သည်။ သင်အသုံးပြုမည်ဟုကြံရွယ်ထားသော ကျမ်းချက်ကို အသေအချာ စဉ်းစားထားပါ။ အဓိကအချက်ကို ပေါ်လွင်စေရန် အဘယ်စကားလုံးများ သို့မဟုတ် အဘယ်အချက်ကို အလေးအနက်ပြုမည်အကြောင်း ကြိုတင်စဉ်းစားထားပါ။ တင်ပြချက်ကို အလွတ်ကျက်ထားစရာမလိုပါ; ယင်းအစား သဘောတရားကို သိရှိထားပြီး ကိုယ်ပိုင်စကားဖြင့် နားထောင်မည့်သူ နှစ်သက်မည်ထင်သည့်နည်းအတိုင်း ပြောဆိုပါ။

၄ သင်ဝေငှလိုသည့်စာအုပ်ကို ပြန်လှန်လှောကြည့်ပြီး စိတ်ဝင်စားစရာဖြစ်သည့် အချက်ကောင်းများကို ရွေးချယ်လိုက်ပါ။ သင့်ရပ်ကွက်တွင်ရှိသူတို့အတွက် စိတ်ဝင်စားစရာဖြစ်မည့် အကြောင်းတစ်ခုခုကို ရွေးချယ်ပါ။ ယောက်ျားတစ်ဦး၊ မိန်းမတစ်ဦး၊ အသက်ကြီးသူ သို့မဟုတ် လူငယ် အစရှိသည့် အိမ်ရှင်အမျိုးမျိုးအတွက် သင့်တင်ဆက်ပုံကို မည်သို့ပြောင်းလဲပြောဆိုမည်ဖြစ်ကြောင်း ကြိုတင်စဉ်းစားထားပါ။

၅ ကြိုတင်လေ့ကျင့်ထားဖူးသလော။ အဘယ်တင်ဆက်ပုံများသည် ထိရောက်လိမ့်မည်အကြောင်း မိသားစုဝင်တစ်ဦးဦး သို့မဟုတ် အခြားကြေညာသူများနှင့်အတူတကွ ဆွေးနွေးနိုင်သည်။ ထို့နောက် အသံကျယ်စွာ တိုက်ကြည့်ထားမည်ဆိုလျှင် အားလုံး မှတ်မိနေကြပါမည်။ ရပ်ကွက်တွင် ရင်ဆိုင်ရမည့် အဖြစ်အပျက်များနှင့် ကန့်ကွက်ချက်များကို သရုပ်ဆောင်တင်ပြပါ။ ဤသို့ ကြိုတင်လေ့ကျင့်ထားခြင်းက ပို၍သွက်လက်စွာစကားပြောဆိုခြင်း၊ ပို၍ထိရောက်စွာ ဟောပြောခြင်းနှင့် မိမိကိုယ်ကို ယုံကြည်စိတ်ချခြင်း တိုးပွားစေပါမည်။

၆ သင့်တင်ဆက်ပုံကို ပြင်ဆင်လေ့ကျင့်သည့်အပြင် ‘ကျွန်ုပ်ဝတ်ဆင်မည့်အဝတ်အစားသည် ဓမ္မအမှုအတွက်သင့်လျော်ပါသလော၊ လွယ်အိတ်ထဲတွင် ကျွန်ုပ်အသုံးပြုလိုသော စာအုပ်စာတမ်းများအားလုံးပါသလော၊ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ ဝေစာများ၊ တစ်အိမ်မှတစ်အိမ်မှတ်တမ်း၊ ခဲတံ အစရှိသည်တို့ပါသလော’ ဟု မိမိကိုယ်ကိုမေးမြန်းကြည့်ပါ။ ကြိုတင်စဉ်းစားစီစဉ်ထားခြင်းက လုပ်ငန်းတော်တွင် ပို၍အကျိုးဖြစ်ထွန်းခြင်းကိုဖြစ်စေပါလိမ့်မည်။

၇ အသင့်ရှိနေရန် အတတ်နိုင်ဆုံး ကြိုးစားပြီးနောက် အောင်မြင်မှုတွေ့ရှိရန် ယေဟောဝါ၏ဝိညာဉ်တော်အကူအညီကို တောင်းဆိုသင့်သည်။ (၁ ယော. ၅:၁၄၊ ၁၅) ပြင်ဆင်မှုကို အသေအချာဂရုစိုက်ပြီး ကျွန်ုပ်တို့၏ ‘ဓမ္မအမှုကို အပြည့်အဝကျေပွန်စွာ’ ဆောင်ရွက်ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏လုပ်ငန်းတော်တွင် ပို၍ပျော်ရွှင်မှုရရှိပါလိမ့်မည်။—၂ တိ. ၄:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ