ဘုရားသခင့်နှုတ်ကပါဌ်တော်သည် လမ်းညွှန်မှုပေး
၁ “ကျွန်ုပ်တို့သည် ပြဿနာအလွန်များပြီး ဖြေရှင်းနည်းအလွန်နည်းပါးလှသည့်လောကတွင်အသက်ရှင်နေရသည်။ သန်းပေါင်းများစွာမှာ စားစရာအလုံအလောက်မရှိချေ။ မူးယစ်ဆေးစွဲသူအရေအတွက် တိုးများလာနေသည်။ မိသားစုပြိုကွဲမှု များသည်ထက်များလာသည်။ သွေးသားနီးစပ်သူချင်းလိင်ဆက်ဆံခြင်း၊ မိသားစုအကြမ်းဖက်ခြင်းတို့ကို သတင်းများတွင်အမြဲကြားနေရသည်။ ကျွန်ုပ်တို့ရှူရှိုက်သောလေနှင့် သောက်သုံးရေသည် တဖြည်းဖြည်းညစ်ညမ်းလျက်ရှိသည်။ တစ်ချိန်တည်းတွင် ရာဇဝတ်မှု၏သားကောင်ဖြစ်သူ များသည်ထက်များလာသည်။”
၂ ထိုအကြောင်းကြောင့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော [လိပ်] စာအုပ်ကို စတင်ထုတ်ဝေခဲ့ရခြင်းဖြစ်သည်။ ယင်း၏နိဒါန်းသည် စတင်ထုတ်ဝေခဲ့သည့်လွန်ခဲ့သောခုနစ်နှစ်ကထက် ယခုခေတ်တွင် ပို၍ပင်သက်ဆိုင်မှုရှိသည်။ လူတို့သည် သူတို့အားကပ်သင့်စေသည့်ပြဿနာအလုံးစုံအတွက် လမ်းပြညွှန်ကြားမှုနှင့်ဖြေရှင်းနည်းများပေးသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သိဖို့လိုသည်။ ဒီဇင်ဘာတွင် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော [လိပ်] သို့မဟုတ် မိသားစု [မြန်မာ] စာအုပ်ကိုဝေငှခြင်းဖြင့် လူတို့ကိုကူညီရန် ကျွန်ုပ်တို့ကြိုးစားကြမည်။ မိသားစုစာအုပ်နှင့်စပ်လျဉ်း၍ ယခင်လထုတ်နိုင်ငံတော်ဓမ္မအမှုများတွင်ပါသည့်အကြံပြုချက်များအတိုင်း အသုံးပြုပါ။ မှန်ပါသည်၊ လူတစ်ဦးထံတွင် စာပေဝေငှထားခဲ့ရုံမျှနှင့် ဘုရားသခင့်လမ်းပြညွှန်ကြားမှုကိုလက်ခံမည်ဟု အာမမခံနိုင်ပါ။ ကျမ်းစာသင်အံမှုစရန်ပန်းတိုင်ဖြင့် ပြန်လည်ပတ်မှုပြုလုပ်ရမည်။ ကျွန်ုပ်တို့သည် ထိုသို့ကြိုးစားလုပ်ဆောင်ပါကအကူအညီရမည်ကိုအာမခံထားသည်။ (မ. ၂၈:၁၉၊ ၂၀) ဤတွင် အကြံပြုထားသောတင်ဆက်နည်းအချို့ကို ဖော်ပြထားသည်–
၃ သင်သည် လူကြီးတစ်ဦးနှင့်တွေ့ဆုံပါက ဤချဉ်းကပ်နည်းကိုစမ်းကြည့်နိုင်သည်–
▪ “ကျွန်တော်မေးပါရစေ– ခင်ဗျားငယ်ငယ်တုန်းက ရပ်ကွက်မှာရှိတဲ့သူတွေ အချင်းချင်းဘယ်လိုဆက်ဆံခဲ့ကြသလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ယနေ့အချိန်နဲ့ အခြေအနေတွေအတော့်ကိုကွာခြားနေတယ်မဟုတ်လား။ ဘာကြောင့် ကွာခြားသွားတယ်လို့ထင်ပါသလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံနေတာကို ကျွန်တော်တို့တကယ်ပဲတွေ့ မြင်နေရပါတယ်။ [၂ တိမောသေ ၃:၁-၅ ဖတ်။] လက်ရှိကမ္ဘာ့အကြောင်းကို ကျမ်းစာက အတိအလင်းဖော်ပြပေးတဲ့အပြင် မဝေးတော့တဲ့အနာဂတ်မှာ သာ၍ကောင်းတဲ့ကမ္ဘာတစ်ခုကိုလည်း ကတိပြုထားပါတယ်။ ဒါကြောင့် လူတိုင်းကျမ်းစာဖတ်ဖို့ အားပေးနေရခြင်းဖြစ်တယ်။ ကျွန်တော်ဖတ်နေတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာပါတဲ့ အသုံးအနှုန်းက ဘယ်လောက်ရှင်းတယ်ဆိုတာ သတိပြုမိပါသလား။” ကျမ်းစာကို ပိုနားလည်လွယ်အောင် ခေတ်သစ်အင်္ဂလိပ်ဘာသာစကားနှင့်ရေးထားကြောင်း ရှင်းပြပါ။ သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော [လိပ်] စာအုပ်ကိုပြပြီး အခန်း ၁၀ ကိုညွှန်ပြကာ ပြည့်စုံလျက်ရှိသည်ကိုမြင်နေရသည့် အခြားပရောဖက်ပြုချက်ကို ရှင်းပြပါ။ ကျမ်းစာအုပ်နှင့် စာအုပ်ကိုဝေငှပါ။ လက်ခံပါကယင်း၏တန်ဖိုးကိုပြောနိုင်သည်။
၄ ကျမ်းစာအုပ်နှင့် စာအုပ်ဝေထားခဲ့သည့်လူကြီးတစ်ဦးထံ ပြန်လည်ပတ်မှုပြုလုပ်သောအခါ သင်ဤသို့ပြောနိုင်သည်–
▪ “ပြီးခဲ့တဲ့အခေါက်ပြောခဲ့ကြတုန်းက လက်ရှိလူ့အဖွဲ့အစည်းဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကအသက်တာနဲ့နှိုင်းယှဉ်လိုက်ရင် အဘက်ဘက်မှာ ပိုဆိုးလာတယ်ဆိုတာသဘောတူခဲ့ကြတယ်။ ဒါပေမဲ့ အနာဂတ်မှာ များစွာသာလွန်ကောင်းမြတ်တဲ့ကမ္ဘာအတွက် အလားအလာကို သမ္မာကျမ်းစာမှာဖော်ပြထားတယ်ဆိုတာပြဖို့ပြန်လာပါတယ်။” [ဗျာဒိတ် ၂၁:၃၊ ၄ ဖတ်။] ဒါကို ဘုရားသခင့်နှုတ်ပါဌ်တော်ဖြစ်တယ်ဆိုတာသိထားခြင်းက ကျမ်းစာမှာတခြားဘာတွေပြောထားသလဲဆိုတာ ဖွင့်ကြည့်ဖို့အားပေးမှုဖြစ်စေသင့်တယ်။” ဘုရားသခင့်နှုတ်ကပါဌ်တော်လောစာအုပ် အခန်း ၁၄ ကိုဖွင့်ပြီး အပိုဒ် ၃-၄ ကိုဖတ်ပါ။ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းပါ။
၅ လူငယ်တစ်ဦးနှင့်စကားပြောဆိုရပါက သင်ဤသို့ပြောနိုင်သည်–
▪ “ခင်ဗျားကိုမေးခွန်းတစ်ခုမေးချင်ပါတယ်– လူငယ်တစ်ဦးအနေနဲ့ ခင်ဗျားမှာ အနာဂတ်နဲ့ပတ်သက်ပြီးအကောင်းဖြစ်လာဖို့ မျှော်လင့်နိုင်တဲ့အကြောင်းရှိတယ်လို့ ထင်ပါသလား။ ခင်ဗျား အနာဂတ်ကို ဘယ်လိုရှုမြင်ပါသလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းဖြစ်လာဖို့အကြောင်း တကယ်ရှိနေပါတယ်။ [ဆာလံ ၃၇:၁၀-၁၁ ဖတ်။] လူတွေမှာ သမ္မာကျမ်းစာနဲ့အထဲမှာပါတဲ့အကြောင်းအရာတွေအပေါ် ရှုမြင်ချက်တွေကွဲလွဲနေတာကြောင့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော [လိပ်] စာအုပ်ကိုထုတ်ဝေရခြင်းဖြစ်တယ်။ ကျမ်းစာဖတ်ရတဲ့အကြောင်းရင်းများကိုသတိပြုပါ။ [စာမျက်နှာ ၁၀-၁၁ ပါ အပိုဒ် ၁၆-၁၇ ဖတ်။] တစ်ချိန်က သမ္မာကျမ်းစာမှာပြောထားတဲ့ အကြောင်းတွေဟာအမှန်ဖြစ်တယ်လို့ ကျွန်တော်တို့အခိုင်အမာယုံခဲ့လို့ အနာဂတ်အတွက်သေချာတဲ့ မျှော်လင့်ချက်တစ်ခုရှိလာတယ်။ ခင်ဗျားဒီစာအုပ်ကိုဖတ်ချင်တယ်ဆိုရင် တစ်အုပ်ထားခဲ့ပေးချင်ပါတယ်။”
၆ “ဘုရားသခင့်နှုတ်ကပါဌ်တော်လော” စာအုပ်လက်ခံထားသည့် လူငယ်တစ်ဦးကိုတွေ့ ဖို့ သင်ပြန်သွားသောအခါ ဤသို့အစပြုပြောနိုင်သည်–
▪ “ခင်ဗျားအနာဂတ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားတာကြားရလို့ ကျွန်တော်လေးမြတ်မိပါတယ်။ ပျော်ရွှင်ပြီးလုံခြုံမှုရှိတဲ့အနာဂတ်ကို ကျွန်တော်တို့အတွက်ကတိပေးထားတဲ့ ကျမ်းချက်တစ်ချက်ပြခဲ့တာမှတ်မိပါတယ်။ ဒါက နောက်ကျမ်းချက်တစ်ချက်ပါ။ [ဗျာဒိတ် ၂၁:၃၊ ၄ ဖတ်။] ခင်ဗျားဆီမှာကျွန်တော်ထားခဲ့တဲ့စာအုပ်က သမ္မာကျမ်းစာဟာ လူ့နှုတ်ထွက်မဟုတ်ဘဲ ဘုရားနှုတ်ကပါဌ်တော်ဖြစ်တယ်ဆိုတာ ခိုင်လုံတဲ့အထောက်အထားပေးထားတယ်။ အဲ့ဒီထဲမှာ လေးနက်တဲ့အဆိုပြုချက်တချို့ ပါပါတယ်။ ဘာတွေလဲဆိုတာသတိပြုပါ။ [စာမျက်နှာ ၁၈၄-၅ ပါ အပိုဒ် ၁-၂ ဖတ်။] ခင်ဗျားအလိုရှိမယ်ဆိုရင် ခင်ဗျားနဲ့အခမဲ့ကျမ်းစာသင်အံမှုကျင်းပချင်ပါတယ်။” သင်အံမှုကိုလက်ခံပါက သူ့တွင် ကျမ်းစာတစ်အုပ်ရှိမရှိမေးကြည့်ပါ။ မရှိပါက ကမ္ဘာသစ်ဘာသာပြန်ကျမ်းစာအုပ်ကိုဝေငှပါ။ လက်ခံပါက ယင်း၏တန်ဖိုးကိုပြောနိုင်သည်။
၇ ဘဝပြဿနာများကိုရင်ဆိုင်အောင်မြင်နိုင်ရန် လမ်းညွှန်မှုရရှိမည့်နေရာကို မသိသူတစ်ဦးသည် ဤချဉ်းကပ်နည်းကိုတုံ့ ပြန်နိုင်သည်–
▪ “လူတိုင်းလိုလို ကြီးလေးတဲ့ပြဿနာတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ ကျွန်တော်တို့အသက်ရှင်နေရကြတယ်။ လူအများစုဟာ လမ်းညွှန်မှုရဖို့ အကြံပေးသူအမျိုးမျိုးကို အားကိုးကြပါတယ်။ တချို့က အကူအညီရဖို့ နတ်ကတော်တွေကို အားကိုးကြတယ်။ ကျွန်တော်တို့ကိုတကယ်အကျိုးပြုမယ့် အားထားလောက်တဲ့အကြံဉာဏ် ဘယ်နေရာမှာတွေ့နိုင်မယ်လို့ထင်သလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ကျွန်တော်တို့အားလုံးနားလည်ထားဖို့လိုတဲ့ အရေးကြီးတဲ့အမှန်တရားတစ်ခုကို ဖော်ပြပေးပါတယ်။” ယေရမိ ၁၀:၂၃ ကိုဖတ်ပါ။ သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော [လိပ်] စာအုပ်စာမျက်နှာ ၁၈၇ ကိုဖွင့်ပြီးအပိုဒ် ၉ ကိုဖတ်ပြပါ။ “ဘုရားသခင့်နိုင်ငံတော်အောက် ကျွန်တော်တို့ရဲ့ပြဿနာအားလုံးကို ပယ်ရှင်းပေးမှာကို လေးမြတ်တတ်အောင် ဒီစာအုပ်က ခင်ဗျားကိုကူညီပေးပါလိမ့်မယ်။ ခင်ဗျားဖတ်ချင်သလား။” လက်ခံပါက ယင်း၏တန်ဖိုးကိုပြောနိုင်သည်။
၈ အစပိုင်းသွားရောက်ချိန်တွင် လမ်းပြမှုရဖို့ လူ့လိုအပ်ရာနှင့်စပ်လျဉ်း၍ ပြောခဲ့ပါကပြန်လည်ပတ်မှုသွားသောအခါ ဤသို့ပြောခြင်းဖြင့် သင်ဆက်ဆွေးနွေးနိုင်သည်–
▪ “ပထမအကြိမ်တွေ့ခဲ့တုန်းက ဘဝပြဿနာများကို အောင်မြင်စွာရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ဘုရားသခင်ထံကလမ်းညွှန်မှုလိုတယ်ဆိုတာ သဘောတူခဲ့ကြတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ထားခဲ့တဲ့စာအုပ်ထဲမှာပါတဲ့မှတ်ချက်တွေကို ခင်ဗျားလေးမြတ်မယ်လို့ ကျွန်တော်ထင်တယ်။ [ဘုရားသခင့်နှုတ်ကပါဌ်တော်လော စာအုပ်စာမျက်နှာ ၁၈၉ ပါ အပိုဒ် ၁၂-၁၃ ဖတ်ပါ။] ခင်ဗျားကို အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းချင်ပါတယ်။ ခင်ဗျားနဲ့အခုသရုပ်ပြဖို့ ပြင်ဆင်လာပါတယ်။”
၉ ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ယင်း၏လမ်းညွှန်မှုတန်ဖိုးကို လေးမြတ်တတ်ရန် လူကြီးကောလူငယ်ကိုပါကူညီပေးစဉ် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးတော်မူမည်။—ဆာ. ၁၁၉:၁၀၅။