ဘုရားပေးတိုးပွားမှုနှင့်အတူ ဝမ်းမြောက်နေခြင်း
၁ ပထမရာစုခရစ်ယာန်များသည် ဇွဲရှိသောနိုင်ငံတော်ဟောပြောသူများဖြစ်ကြသည်။ ‘အသင်းတော်တို့သည် အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့တိုးပွားများပြား’ လာသောအခါ သူတို့ဝမ်းမြောက်ကြသည်။ (တ. ၁၆:၅) သူတို့၏သတ္တိရှိရှိဟောပြောခြင်းသည် အာရှ၊ ဥရောပနှင့်အာဖရိကအထိပျံ့နှံ့ကာ ယုံကြည်သူမြောက်မြားစွာကိုရိတ်သိမ်းစေသည်။
၂ နောက်ဆုံးသောနေ့ရက်များတွင် ဟောပြောခြင်းလုပ်ငန်းသည် ‘လူနေရာမြေတစ်ပြင်လုံးနှင့်လူမျိုးအပေါင်း’ ထံသို့ရောက်ရမည်ဟု ယေရှုကြို၍မိန့်မြွက်ခဲ့သည်။ (မ. ၂၄:၁၄) ၁၉၉၆ ခုနှစ်လုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိနိုင်ငံများမှ အံ့သြဖွယ်တိုးပွားမှုများနှင့် အများဆုံးကြေညာသူနှုန်းသစ်များ၏ မှတ်တမ်းများကိုဆက်လက်ရရှိသည်။ အသင်းတော်သစ်များစွာကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဤသို့တစ်မုဟုတ်ချင်းတိုးပွားမှုက ရာပေါင်းများစွာသောနိုင်ငံတော်ခန်းမနှင့် စည်းဝေးကြီးခန်းမအသစ်များဆောက်လုပ်ဖို့အပြင် ဌာနခွဲအဆောက်အဦများစွာတိုးချဲ့ရန် လိုအပ်လာစေသည်။
၃ ၁၉၉၆ ဩဂုတ်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၌ အာဖရိကတွင် တိုးချဲ့နေသောဆောက်လုပ်ရေးလုပ်ငန်းကိုဖော်ပြထားသည်။ အလားတူလုပ်ဆောင်မှုကို လက်တင်အမေရိကတစ်ဝန်းတွင် လုပ်ဆောင်လျက်ရှိသည်။ ၁၉၉၆ ခုနှစ်လုပ်ငန်းတော်နှစ်တွင် မက္ကဆီကိုနိုင်ငံသည် အံ့သြဖွယ်ကောင်းသောအများဆုံးကြေညာသူ ၄၇၀,၀၉၈ ယောက်နှင့် ပျမ်းမျှကျမ်းစာသင်အံမှု ၆၀၀,၇၅၁ ခုမှတ်တမ်းပေးပို့ကာ အသင်းတော်သစ် ၄၆၆ ခုဖွင့်ပေးရန်တောင်းဆိုသည်! ယင်းတို့၏ဌာနခွဲအဆောက်အဦများတိုးချဲ့ခြင်းကို ၁၉၉၈ ခုနှစ်ကုန်ပိုင်းလောက်တွင် အပြီးသတ်ရန်စီစဉ်ထားသည်။ အခြားနိုင်ငံမြောက်မြားစွာတွင် အလားတူတိုးပွားလျက်ရှိရာ သီအိုကရက်တစ်ဆောက်လုပ်ရေးစီမံကိန်းပုံစံအမျိုးမျိုးတွင် အရှိန်လျော့သွားခွင့်မပြုကြပါ။
၄ နေရာတိုင်းတွင် ဆောက်လုပ်ရေးကုန်ကျစရိတ်မြင့်မားလာကာ နိုင်ငံများစွာရှိကျွန်ုပ်တို့၏ညီအစ်ကိုများသည် ရုပ်ပစ္စည်းအရထည့်ဝင်ရန် သိပ်မတတ်နိုင်ကြပါ။ သို့သော် ယေဟောဝါ၏လုပ်ငန်းအတွက် သူတို့၏အလွန်စိတ်အားကြီးမှုကြောင့် ဝိညာဉ်ရေးတွင်အမှန်ပင်တိုးတက်နေကြကာ အရေအတွက်လည်းတိုးပွားနေပါသည်။ သုတ္တံ ၂၈:၂၇ ကကျွန်ုပ်တို့အား “ဆင်းရဲသားတို့အားစွန့်ကြဲသောသူသည် ကိုယ်တိုင်မဆင်းရဲရာ” ဟုအာမခံထားသည်။ ကူညီဖို့လိုလိုလားလားရှိခြင်းက ဤဆောက်လုပ်ရေးကုန်ကျစရိတ်များကို ကာမိစေကာ ရုပ်ပစ္စည်းအရ “အညီအမျှ” ဖြစ်စေပြီး ပေးကမ်းခြင်းမှရရှိသည့်ပျော်ရွှင်မှုနှင့် ဘုရားပေးတိုးပွားမှုကိုတွေ့ မြင်ရခြင်းမှရရှိသည့် ရွှင်လန်းမှုကို ခံစားရစေသည်။—၂ ကော. ၈:၁၄၊ ၁၅; တ. ၂၀:၃၅။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ပါရာဂွေးဌာနခွဲ
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အီကွေဒေါဌာနခွဲ
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
မက္ကဆီကိုနိုင်ငံ၏တိုးချဲ့ဆောက်လုပ်ဆဲအဆောက်အဦ
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ဒိုမီနီကန်သမ္မတနိုင်ငံဌာနခွဲ
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
တိုးချဲ့လျက်ရှိသောဘရာဇီးဌာနခွဲ
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ဆောက်လုပ်ဆဲယူ ရူဂွေးဌာနခွဲ
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
လက်တင်အမေရိကရှိအကုန်အကျ သက်သာသောနိုင်ငံတော်ခန်းမများပုံနမူနာ
၁။ ဘရာဇီး
၂။ နီကာရာဂွာ
၃။ ချီလီ
၄။ ကိုလံဘီယာ
၅။ မက္ကဆီကို
၆။ ဘရာဇီး
၇။ ပီရူး
၈။ ဗင်နီဇွဲလား
၉။ မက္ကဆီကို