ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၇ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်အသုဘအခမ်းအနားများကို ဂုဏ်သိက္ခာရှိစေပြီး တော်သင့်ရုံဖြစ်စေကာ ဘုရားသခင့်စိတ်တော်နှင့်တွေ့စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အသုဘထုံးတမ်းများအပေါ် ခရစ်ယာန်အမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယေဟောဝါသက်သေတွေက စျာပနအခမ်းအနား လုပ်တာကို ဘယ်လို ရှုမြင်ကြသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၃/၉၇ စာ. ၇

မေးခွန်းသေတ္တာ

▪ အသင်းတော်သည် အသုဘအခမ်းအနားစီစဉ်ရာတွင် ကူညီပေးဖို့ တောင်းဆိုခံရသောအခါ အောက်ပါမေးခွန်းများ ပေါ်ပေါက်လာကောင်းပေါ်ပေါက်လာနိုင်သည်–

အသုဘဟောပြောချက်ကို မည်သူပေးသင့်သနည်း။ ယင်းသည် မိသားစုဝင်များဆုံးဖြတ်ရမည့်အရာဖြစ်သည်။ သူတို့သည် နာမည်ကောင်းရထားသည့် နှစ်ခြင်းခံပြီးသောညီအစ်ကိုတစ်ဦးဦးကို ရွေးချယ်ပေမည်။ ဟောပြောချက်ပေးသူတစ်ဦးကို စီစဉ်ပေးဖို့ အကြီးအကဲအဖွဲ့ကိုတောင်းဆိုလာပါက အများအားဖြင့် အသင်းမအောက်လိုင်းကို အခြေခံပြီးဟောရန် အရည်အချင်းရှိအကြီးအကဲတစ်ဦးကို ရွေးချယ်မည်ဖြစ်သည်။ ကွယ်လွန်သူကို အမွှမ်းတင်ချီးမွမ်းမည်မဟုတ်သော်လည်း သူ သို့မဟုတ် သူမ တင်ပြခဲ့သော စံနမူနာယူအပ်သည့်အရည်အချင်းများကို အာရုံစိုက်စေခြင်းသည် သင့်လျော်လျောက်ပတ်ပေမည်။

နိုင်ငံတော်ခန်းမကို အသုံးပြုနိုင်သလော။ အကြီးအကဲအဖွဲ့က ခွင့်ပြုမည်ဆိုလျှင်၊ ပုံမှန်စီစဉ်ထားသော အစည်းအဝေးကို မပျက်စေလျှင် အသုံးပြုနိုင်သည်။ ကွယ်လွန်သူသည် နာမည်ကောင်းရထားသူဖြစ်မည်၊ အသင်းသားတစ်ဦး သို့မဟုတ် အသင်းသားတစ်ဦး၏ကလေးငယ်ဖြစ်မည်ဆိုပါက ခန်းမကိုအသုံးပြုနိုင်သည်။ ခရစ်ယာန်မဆန်သည့်အကျင့်အကြံကြောင့် လူအများရှေ့နာမည်ပျက်ရှိလျှင်၊ အသင်းတော်အပေါ် မနှစ်မြို့ဖွယ်ပြစ်တင်ရှုတ်ချမှုဖြစ်နိုင်သည့် အခြားအကြောင်းများရှိမည်ဆိုလျှင် အကြီးအကဲများသည် ခန်းမအသုံးပြုခြင်းကို ခွင့်မပြုဖို့ ဆုံးဖြတ်ကြပေမည်။—ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ် စာမျက်နှာ ၆၂-၃ ရှု။

သာမန်အားဖြင့် နိုင်ငံတော်ခန်းမများကို မယုံကြည်သူများ၏အသုဘအခမ်းအနားများအတွက် အသုံးမပြုပါ။ ကျန်ရစ်သူမိသားစုများသည် နှစ်ခြင်းခံပြီးသူကြေညာသူများအဖြစ် တက်ကြွစွာပေါင်းသင်းနေလျှင်၊ ကွယ်လွန်သူသည် သမ္မာတရားနှင့်ပတ်သက်၍ နှစ်လိုဖွယ်သဘောထားရှိကာ ရပ်ကွက်တွင် ဖြောင့်မတ်သောအကျင့်အကြံကြောင့် နာမည်ကောင်းရရှိထားကြောင်း အသင်းတော်ရှိကြေညာသူအတော်များများသိထားလျှင်၊ အစီအစဉ်တွင် မည်သည့်လောကီထုံးစံဓလေ့မျှ မပါဝင်လျှင် ခြွင်းချက်ဖြစ်သည်။

နိုင်ငံတော်ခန်းမကိုအသုံးပြုရန်ခွင့်ပြုသောအခါ အကြီးအကဲများသည် အသုဘအခမ်းအနားတွင် ခေါင်းထားရှိရန် ဓလေ့ထုံးစံအရ တောင်းဆိုထားခြင်းရှိမရှိ သုံးသပ်မည်။ ရှိပါက ခေါင်းကို ခန်းမထဲသို့ သယ်ဆောင်သွားရန် ခွင့်ပြုနိုင်သည်။

လောကသားများ၏ အသုဘအခမ်းအနားများနှင့်ပတ်သက်၍ကော မည်သို့နည်း။ ကွယ်လွန်သူသည် ရပ်ကွက်၌ နာမည်ကောင်းရရှိထားပါက ညီအစ်ကိုတစ်ဦးသည် အသုဘအိမ်တွင် သို့မဟုတ် သင်္ချိုင်းတွင် နှစ်သိမ့်ပေးသည့်ကျမ်းစာဟောပြောချက်ကို ပေးနိုင်သည်။ အကျင့်ပျက်ပြီး ပညတ်နှင့်မညီညွတ်သောအကျင့်အကြံရှိသူ သို့မဟုတ် ဘဝပုံစံသည် ကျမ်းစာမူများနှင့်အလွန်အကျွံဆန့်ကျင်ဘက်ဖြစ်သူဖြစ်ကြောင်း ထင်ရှားသူတစ်ဦး၏ အသုဘကို စီမံခန့်ခွဲပေးရန် အသင်းတော်သည် ငြင်းဆိုမည်ဖြစ်သည်။ ညီအစ်ကိုတစ်ဦးသည် ယုံကြည်ခြင်းရောနှောသည့် ဝတ်ပြုပွဲကျင်းပရာတွင်ဖြစ်စေ၊ မဟာဗာဗုလုန်ချာ့ချ်တစ်ခုတွင် ကျင်းပသည့်အသုဘအခမ်းအနားတစ်ခုခုတွင်ဖြစ်စေ ဓမ္မဆရာတစ်ဦးနှင့်အတူပါဝင်မည်မဟုတ်သည်မှာ သေချာပါသည်။

ကွယ်လွန်သူသည် နှင်ထုတ်ခံရသူတစ်ဦးဖြစ်လျှင်ကော။ ယေဘုယျအားဖြင့် အသင်းတော်သည် ပါဝင်ပတ်သက်မည်မဟုတ်ပါ။ နိုင်ငံတော်ခန်းမကို အသုံးပြုခြင်းရှိမည်မဟုတ်ပါ။ နောင်တရပြီး ပြန်ဝင်လာလိုသည့်ဆန္ဒကို တင်ပြနေသည့်လက္ခဏာ ရှိသူဖြစ်ပါက မယုံကြည်သူများကို သက်သေခံရန်နှင့် ဆွေမျိုးများကိုနှစ်သိမ့်မှုပေးဖို့ အသုဘအိမ် သို့မဟုတ် သင်္ချိုင်းတွင် ကျမ်းစာဟောပြောချက်ပေးရန် ညီအစ်ကိုတစ်ဦး၏သြတ္တပ္ပစိတ်သည် ခွင့်ပြုပေမည်။ သို့သော် ဤဆုံးဖြတ်ချက်မချမီ အကြီးအကဲများအဖွဲ့နှင့်တိုင်ပင်ပြီး သူတို့ပေးမည့်အကြံဉာဏ်ကို ထည့်သွင်းစဉ်းစားခြင်းသည် ထိုညီအစ်ကိုအတွက် ပညာရှိရာရောက်ပေမည်။ ပါဝင်ပတ်သက်ခြင်းသည် ထိုညီအစ်ကိုအတွက် ပညာရှိရာမရောက်သည့်အခြေအနေများတွင် ကွယ်လွန်သူ၏မိသားစုဝင်တစ်ဦးဖြစ်သည့် ညီအစ်ကိုတစ်ဦးက ဆွေမျိုးများကို နှစ်သိမ့်မှုပေးရန် ဟောပြောချက်ပေးခြင်းသည် သင့်လျော်လျောက်ပတ်ပေမည်။

ထပ်ဆင့်ညွှန်ကြားချက်များကို ကင်းမျှော်စင် [လိပ်] အောက်တိုဘာ ၁၅ ရက်၊ ၁၉၉၀ ခုနှစ်ထုတ်စာမျက်နှာ ၃၀-၁; စက်တင်ဘာ ၁၅ ရက်၊ ၁၉၈၁ ခုနှစ်ထုတ်စာမျက်နှာ ၃၁; မတ် ၁၅ ရက်၊ ၁၉၈၀ ခုနှစ်ထုတ်စာမျက်နှာ ၅-၇; ဇွန် ၁ ရက်၊ ၁၉၇၈ ခုနှစ်ထုတ်စာမျက်နှာ ၅-၈; ဇွန် ၁ ရက်၊ ၁၉၇၇ ခုနှစ်ထုတ်စာမျက်နှာ ၃၄၇-၈; မတ် ၁၅ ရက်၊ ၁၉၇၀ ခုနှစ်ထုတ်စာမျက်နှာ ၁၉၁-၂; နှင့် နိုးလော! [လိပ်] စက်တင်ဘာ ၈ ရက်၊ ၁၉၉၀ ခုနှစ်ထုတ်စာမျက်နှာ ၂၂-၃ နှင့် မတ် ၂၂ ရက်၊ ၁၉၇၇ ခုနှစ်ထုတ်စာမျက်နှာ ၁၂-၁၅ တို့တွင်တွေ့ရှိနိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ