ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၈ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ကျွန်တော်တို့ရဲ့ အဝတ်အစား၊ အသွင်အပြင် ဘာကြောင့် အရေးပါသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၃/၉၈ စာ. ၇

မေးခွန်းသေတ္တာ

▪ နယူးယောက်ပြည်နယ်၊ ဘရွတ်ကလင်၊ ပက်တာစင်နှင့် ဝေါလ်ကီးလ်ရှိ အသင်းမအဆောက်အဦများနှင့် ကမ္ဘာတစ်ဝန်းရှိဌာနခွဲရုံးများသို့ သွားရောက်လည်ပတ်သည့်အခါ ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုကို အဘယ်ကြောင့် အထူးဂရုပြုသင့်သနည်း။

ခရစ်ယာန်များသည် ယဉ်ကျေးသိမ်မွေ့သောအမူအကျင့်ကို ထိန်းသိမ်းထားရန် မျှော်လင့်ကြသည်။ အချိန်အခါမရွေး ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်ပုံသည် ယေဟောဝါဘုရားသခင်၏ကျေးကျွန်များနှင့်လိုက်ဖက်သော ယဉ်ကျေးသိမ်မွေ့မှုနှင့်သိက္ခာကို ထင်ဟပ်သင့်သည်။ အထူးသဖြင့် နယူးယောက်ရှိ အသင်းမ၏အဆောက်အဦများနှင့် ကမ္ဘာတစ်ဝန်းရှိဌာနခွဲများသို့ သွားရောက်လည်ပတ်သည့်အခါ ဤသို့ ဖြစ်သင့်သည်။

၁၉၉၈ ခုနှစ်အတွင်း ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများကို ကျင်းပမည်ဖြစ်သည်။ နိုင်ငံများစွာမှ ထောင်နှင့်ချီသော ကျွန်ုပ်တို့၏ညီအစ်ကိုများသည် နယူးယောက်ရှိ အသင်းဌာနချုပ်အပြင် အခြားနိုင်ငံများရှိ ဌာနခွဲများသို့ လာရောက်လည်ပတ်ကြမည်ဖြစ်သည်။ ဤအဆောက်အဦများသို့ လည်ပတ်သည့်အခါများတွင်သာမက အခြားမည်သည့်အချိန်တွင်မဆို လျောက်ပတ်သောကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုအပါအဝင် ‘ဘုရားသခင်၏အမှုတော်ဆောင်များအဖြစ် ကိုယ်ကိုထောက်ခံ’ ရန်လိုအပ်သည်။—၂ ကော. ၆:၃၊ ၄၊ သမ။

သင့်လျော်သောဝတ်စားဆင်ယင်မှု အရေးကြီးကြောင်း ဆွေးနွေးရာတွင် ကျွန်ုပ်တို့၏ဓမ္မအမှုကိုပြီးမြောက်စေရန်ဖွဲ့စည်းထားခြင်းက လယ်ကွင်းဓမ္မအမှုတွင်ပါဝင်သည့်အခါ၊ ခရစ်ယာန်အစည်းအဝေးများတက်သည့်အခါ ကာယသန့်ရှင်းမှု၊ ဣန္ဒြေရှိရှိဝတ်စားဆင်ယင်မှုနှင့် သပ်သပ်ရပ်ရပ်ဖြီးလိမ်းရန်လိုအပ်ကြောင်းတင်ပြထားသည်။ ထို့နောက် စာမျက်နှာ ၁၃၁၊ အပိုဒ် ၂ တွင်ဤသို့ဆိုသည်– “ဘရွတ်ကလင်ဗေသလအိမ်သို့ ဖြစ်စေ၊ အသင်းမ၏ အခြားဌာနခွဲရုံးများသို့ ဖြစ်စေ လည်ပတ်သွားရောက်သောအခါများ၌လည်း ထိုအတိုင်းပင်ဖြစ်သင့်သည်။ ဗေသလဟူသောနာမည်သည် “ဘုရားသခင့်အိမ်တော်” ဟုအဓိပ္ပာယ်သက်ရောက်ကြောင်း သတိရပါလေ။ ထို့ကြောင့် နိုင်ငံတော်ခန်းမများတွင် ဝတ်ပြုစည်းဝေးများ တက်ရောက်သောအခါများမှာကဲ့သို့ပင် ဖြီးလိမ်းဝတ်စားကျင့်ကြံသင့်ပါသည်။” ဗေသလမိသားစုဝင်များနှင့် တွေ့ဆုံပေါင်းသင်းရန်နှင့် ဌာနခွဲအဆောက်အဦများသို့ လည်ပတ်ရန်လာကြသော ဒေသခံနယ်မြေမှသာမက ဝေးလံသောဒေသများမှ နိုင်ငံတော်ကြေညာသူများသည်လည်း မြင့်မြတ်သောဤစံနှုန်းအတိုင်း လိုက်နာသင့်သည်။

ယေဟောဝါ၏စစ်မှန်သောဝတ်ပြုမှုကို အခြားသူများမည်သို့ယူမှတ်ကြောင်း ကျွန်ုပ်တို့၏အဝတ်အစားသည် အပြုသဘောဖြင့်သြဇာညောင်းသင့်သည်။ သို့သော် အသင်းမ၏အဆောက်အဦများသို့ သွားရောက်လည်ပတ်သည့်အခါ ညီအစ်ကိုညီအစ်မအချို့သည် ဖြစ်ကတတ်ဆန်းဝတ်စားလာကြသည်ကို တွေ့ရှိရသည်။ မည်သည့်ဗေသလအိမ်တော်ကိုမဆို လည်ပတ်ရာတွင် ဤသို့ဝတ်စားခြင်းသည် မသင့်တော်ပေ။ ခရစ်ယာန်အသက်တာ၏ကဏ္ဍအသီးသီးမှာကဲ့သို့ ဤကဏ္ဍတွင်လည်း ဘုရားသခင့်ဘုန်းတော်အတွက် အရာခပ်သိမ်းကို ကျွန်ုပ်တို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင့်လူမျိုးကို လောကနှင့်ကွာခြားစေသည့် မြင့်မြတ်သောစံနှုန်းများကို ထိန်းသိမ်းလိုပါသည်။ (ရော. ၁၂:၂; ၁ ကော. ၁၀:၃၁) ကျွန်ုပ်တို့၏ကျမ်းစာသင်သားများနှင့် ဗေသလသို့ ပထမအကြိမ်လည်ပတ်သည့် အခြားသူများကိုပါ သင့်လျော်သောဝတ်စားဆင်ယင်မှုကို ဂရုစိုက်ရန်အရေးကြီးကြောင်း ပြောပြ၍သတိပေးလျှင် ကောင်းပါသည်။

ထို့ကြောင့် အသင်းမ၏အဆောက်အဦများသို့ လည်ပတ်သည့်အခါ ‘ကျွန်ုပ်၏ဝတ်စားဆင်ယင်မှုသည် ဣန္ဒြေရှိပါသလော’ ဟူ၍မိမိကိုယ်ကိုမေးပါ။ (မိက္ခာ ၆:၈ နှိုင်းယှဉ်။) ‘ကျွန်ုပ်ကိုးကွယ်သောဘုရားသခင်အပေါ် ကောင်းစွာရောင်ပြန်ဟပ်ပါသလော။ ကျွန်ုပ်၏အသွင်အပြင်ကြောင့် သူတစ်ထူးကို အာရုံပျံ့လွင့်စရာ သို့မဟုတ် မနှစ်မြို့စရာဖြစ်စေသလော။ ပထမအကြိမ်လည်ပတ်မည့်သူများအတွက် ပုံသက်သေကောင်းဖြစ်မည်လော။’ အစဉ်ပင် ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုဖြင့် “ကယ်တင်တော်မူသောအရှင်ဘုရားသခင်၏သြဝါဒကို အရာရာ၌တန်ဆာဆင်” နိုင်ကြပါစေ။—တိ. ၂:၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ