ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၈ စာ. ၁
  • ကျွန်ုပ်တို့သည် ထပ်တလဲလဲ သွားရမည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့သည် ထပ်တလဲလဲ သွားရမည်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်ုပ်တို့၏ရပ်ကွက်ကို အကြိမ်ကြိမ်အမှုဆောင်ပြီးပြီ!”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ကျွန်ုပ်တို့ အဘယ်ကြောင့်ပြန်သွားနေရသနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ကျွန်ုပ်တို့ အဘယ်ကြောင့် ထပ်ခါထပ်ခါ ပြန်သွားရ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • မည်သို့ကြားနိုင်ပါမည်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၁၂/၉၈ စာ. ၁

ကျွန်ုပ်တို့သည် ထပ်တလဲလဲ သွားရမည်

၁ တစ်စုံတစ်ဦးက သင့်အား ပထမဆုံးအကြိမ် သတင်းကောင်းအကြောင်း ပြောပြသည့်အခါ လိုလိုလားလား သင်တုံ့ ပြန်ခဲ့ပါသလော။ ထိုသို့မတုံ့ ပြန်ခဲ့ပါက ကျမ်းစာသင်အံမှုကမ်းလှမ်းသည်ကို နောက်ဆုံး သင်လက်ခံသည်အထိ ယေဟောဝါသက်သေများ ထပ်တလဲလဲလာသည်ကို သင်ကျေးဇူးတင်မည်။ သင့်ခန့်အပ်ခံရပ်ကွက်ကို ထပ်တလဲလဲအမှုဆောင်သည့်အခါ ၎င်းကိုပြန်သုံးသပ်ဖို့ကောင်းသည်။

၂ လူတို့၏အသက်တာသည် အမြဲတမ်းပြောင်းလဲနေသည်။ သူတို့သည် ပြဿနာအသစ် သို့မဟုတ် အခြေအနေအသစ်ကို ရင်ဆိုင်ကြရသည်၊ ရပ်ကွက်တွင် သို့မဟုတ် ကမ္ဘာပေါ်တွင်ဖြစ်ပျက်သော စိတ်ချောက်ချားဖွယ်ဖြစ်ရပ်များကို ကြားကြရသည်၊ စီးပွားပျက်မှု သို့မဟုတ် မိသားစုတွင် ဖျားနာမှု သို့မဟုတ် သေခြင်းကို တွေ့ ကြုံခံစားကြရသည်။ ထိုသို့သောအရာများကြောင့် သူတို့သည် ဤအတိဒုက္ခများ၏အကြောင်းရင်းကို သိချင်ကြပေမည်။ ကျွန်ုပ်တို့သည် လူတို့၏စိတ်ကိုလေးစေသည့်အရာများအား ပိုင်းခြားသိမြင်ကာ နှစ်သိမ့်မှုပေးသည့်သတင်းတရားဖြင့် တုံ့ ပြန်ရမည်။

၃ ဤလုပ်ငန်းသည် ကယ်ဆယ်ရေးလုပ်ငန်းဖြစ်၏– ဘေးသင့်နေသည့်မြင်ကွင်းတစ်ခုရှိ ကယ်ဆယ်ရေးလုပ်သားများကို စဉ်းစားကြည့်ပါ။ အချို့သည် အသက်ရှင်ကျန်ခဲ့သူအနည်းငယ်ကိုတွေ့သည့်နေရာတွင် ရှာဖွေနေမည်ဖြစ်သော်လည်း သူတို့သည် အရှိန်လျှော့ကာ ရပ်ပစ်ခြင်းမပြုကြပါ၊ အကြောင်းမှာ သူတို့၏လုပ်သားဖော်များသည် အခြားနေရာတွင် အသက်ရှင်ကျန်ခဲ့သူပို၍များများ ရှာတွေ့နေသောကြောင့်ပင်။ ကျွန်ုပ်တို့၏ကယ်ဆယ်ရေးလုပ်ငန်းသည် မပြီးဆုံးသေးပါ။ နှစ်စဉ်ပင် “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်လိုသူ ထောင်ပေါင်းများစွာအား ရှာတွေ့လျက်ရှိပါသည်။—ဗျာ. ၇:၉၊ ၁၄၊ ကဘ။

၄ “ယေဟောဝါရှင်၏နာမတော်ကို ခေါ်သောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြလတ္တံ့။” (ရော. ၁၀:၁၃-၁၅၊ ကဘ) ဤစကားများက ကျွန်ုပ်တို့တစ်ဦးစီအား ဟောပြောခြင်းတွင်စွဲမြဲနေဖို့လိုကြောင်း စွဲမှတ်စေသင့်သည်။ ကျွန်ုပ်တို့၏ရပ်ကွက်ကို ပထမအကြိမ်စအမှုဆောင်ခဲ့ချိန်မှစ၍ ကလေးများသည် ကြီးပြင်းလာကြပြီး ယခုအခါ သူတို့၏အနာဂတ်နှင့် ဘဝရည်ရွယ်ချက်အကြောင်း ကိုယ်တိုင်အလေးအနက်စဉ်းစားနိုင်သည့် အရွယ်ရောက်နေကြပြီဖြစ်သည်။ နောက်ဆုံး၌ မည်သူနားထောင်မည်ကို ကျွန်ုပ်တို့မသိနိုင်ပါ။ (ဒေ. ၁၁:၆) ယခင်အတိုက်အခံပြုသူများစွာသည် သမ္မာတရားကိုလက်ခံခဲ့ကြပြီ။ ကျွန်ုပ်တို့၏အလုပ်သည် လူတို့ကိုစီရင်ရန်မဟုတ်၊ လူတို့အား ကြားနာခွင့်ပေးရန်နှင့် ဤလောကဟောင်းမှ ကယ်ဆယ်ရန်ဖြစ်၏။ ကျွန်ုပ်တို့သည် ယေရှု၏ကနဦးတပည့်များပြုခဲ့သကဲ့သို့ လူတို့ထံ “ဆက်၍သွား” ကာ နိုင်ငံတော်သတင်းတရား၌ သူတို့၏စိတ်ဝင်စားမှုကို ကြိုးစားနှိုးဆွပေးရမည်ဖြစ်သည်။—မ. ၁၀:၆၊ ၇၊ ကဘ။

၅ ကျွန်ုပ်တို့အတွက် ဟောပြောရန်အခွင့်အရေးရှိနေသေးခြင်းက ယေဟောဝါ၏ကရုဏာတော်ပြသမှုတစ်ရပ်ဖြစ်၏။ (၂ ပေ. ၃:၉) ကျွန်ုပ်တို့သည် အခြားသူတို့အား သတင်းတရားကို ထပ်တလဲလဲကြားနာခွင့်ပေးသည်နှင့်အမျှ ဘုရားသခင်၏မေတ္တာတော်ကို ပေါ်လွင်စေကာ ဤနည်းဖြင့် ကိုယ်တော်အား ကျွန်ုပ်တို့ချီးမွမ်းကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ