ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၉ စာ. ၁
  • “သည်းခံခြင်းတင်ပြပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သည်းခံခြင်းတင်ပြပါ”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်ဓမ္မအမှုမှာ စိတ်ရှည်မှုရှိဖို့လို
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆက်ပြီး စိတ်ရှည်ကြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ယေဟောဝါနဲ့ ယေရှုရဲ့ စိတ်ရှည်ခြင်းကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သည်းခံခြင်းကို သင်ကျင့်သုံးနိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၁/၉၉ စာ. ၁

“သည်းခံခြင်းတင်ပြပါ”

၁ ကျွန်ုပ်တို့သည် စာတန့်စနစ်ဟောင်း၏အဆုံး ယခင်ကထက် ပိုနီးလာသည်ကို တွေ့ မြင်ရသည်နှင့်အမျှ ယေဟောဝါ၏ကယ်နုတ်ခြင်းနေ့ရက်ကို စောင့်မျှော်နေစဉ် “သည်းခံလျက်” နေရန် အရေးကြီးသည်။ အထူးသဖြင့် ဤကုန်ဆုံးခါနီးအချိန်တွင် ဆိုးညစ်သောရန်သူတပ်ပေါင်းစုသည် ကျွန်ုပ်တို့အား ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ဆိုင်ရာ အရေးကြီးဆုံးကိစ္စရပ်မှ အာရုံပြောင်းသွားရန်နှင့် ကိုယ်ရေးကိုယ်တာကိစ္စများစွာဖြင့် အာရုံပျံ့လွင့်သွားအောင် သွေးဆောင်ရန် ဆုံးဖြတ်ထားသည်။ ဤနည်းဖြင့် စာတန်သည် ကျွန်ုပ်တို့အား နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် လက်အားလျော့ရန် သို့မဟုတ် အရှိန်လျှော့ပစ်ရန် လှည့်ဖြားမည်ဖြစ်သည်။ (ယာ. ၅:၇၊ ၈; မ. ၂၄:၁၃၊ ၁၄) ကျွန်ုပ်တို့သည် ထိုကဲ့သို့လိုအပ်သောသည်းခံခြင်းကို မည်သည့်နည်းများဖြင့် တင်ပြနိုင်သနည်း။

၂ သည်းခံမှုရှိခြင်းဖြင့်– ဓမ္မအမှုတွင် လျစ်လျူရှုခြင်း သို့မဟုတ် အတိုက်အခံကြုံရသည့်အခါ သည်းခံမှုရှိခြင်းက ဟောပြောခြင်းတွင် ဇွဲရှိရန် ကျွန်ုပ်တို့ကိုကူညီပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုဆတ်ဆတ်ပြောသော သို့မဟုတ် ကြင်နာမှုကင်းသောသူများနှင့်တွေ့လျှင် အလွယ်တကူပြန်၍ကြိမ်းဝါးခြင်း သို့မဟုတ် ရန်လိုတိုက်ခိုက်ခြင်းပြုမည်မဟုတ်ကြပါ။ (၁ ပေ. ၂:၂၃) ဤအတွင်းခွန်အားက ကျွန်ုပ်တို့၏လုပ်ငန်းကို စိတ်မဝင်စားသော သို့မဟုတ် ရန်လိုသော ကျွန်ုပ်တို့၏ရပ်ကွက်ရှိလူများအား အပျက်သဘောဖြင့်ပြောဆိုခြင်းမှ တားဆီးပေးကာ ထိုသို့သောပြောဆိုမှုသည် ကျွန်ုပ်တို့နှင့် ဓမ္မအမှုတွင် ကျွန်ုပ်တို့နှင့်အတူအမှုဆောင်သူများကို စိတ်ဓာတ်ကျစေကြောင်းကို အသိအမှတ်ပြုစေသည်။

၃ မဆုတ်မနစ်သောဇွဲဖြင့်– လယ်ကွင်းလုပ်ငန်းတွင် ကောင်းစွာဆွေးနွေးခဲ့ရပြီးနောက် စိတ်ဝင်စားသူကို အိမ်တွင် နောက်တစ်ခါမတွေ့ရသည့်အခါ ကျွန်ုပ်တို့၏သည်းခံမှုပျောက်သွားနိုင်သည်။ ကျွန်ုပ်တို့နှင့်ကျမ်းစာလေ့လာနေသူများသည် တိုးတက်ရန် သို့မဟုတ် သမ္မာတရားအတွက်ရပ်တည်ရန် နှေးကွေးမည်ဆိုလျှင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သို့ရာတွင် မဆုတ်မနစ်သောဇွဲသည် ရလဒ်ကောင်းများဖြင့် ဆုချခံရလေ့ရှိသည်။ (ဂလ. ၆:၉) ညီအစ်မတစ်ဦးသည် အမှန်တကယ် ကျမ်းစာသင်အံမှုမစရသေးသောအမျိုးသမီးငယ်တစ်ဦးထံ ပြန်လည်ပတ်မှုအကြိမ်များစွာလုပ်ခဲ့သည်။ ပထမငါးကြိမ်လည်ပတ်သည့်အခါ အမျိုးသမီးသည် အခြားကိစ္စများတွင်သာ အာရုံရောက်နေသည်။ ခြောက်ကြိမ်မြောက်ကြိုးစားသည့်အခါတွင် ညီအစ်မသည် မိုးသက်မုန်တိုင်းကြောင့် မိုးစိုရွှဲခဲ့ရပြီး အိမ်တွင် မည်သူ့ကိုမျှမတွေ့ရပေ။ သို့သော်ငြားလည်း ညီအစ်မသည် အမျိုးသမီးကို နောက်တစ်ကြိမ်အခွင့်အရေးပေးရန် ဆုံးဖြတ်ပြီး ပြန်သွားရာ လေ့လာမှုပြုဖို့အသင့်ဖြစ်နေသည့် အမျိုးသမီးကိုတွေ့ခဲ့ရသည်။ ထို့နောက်တွင် သင်သားသည် မှန်မှန်တိုးတက်လာကာ အချိန်တိုအတွင်း သူမ၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံခဲ့သည်။

၄ ယေဟောဝါ၏နေ့သည် နောက်ကျမည်မဟုတ်ကြောင်း ကျွန်ုပ်တို့သိကြပါသည်။ ထို့ကြောင့် ဘုရားသခင်၏သည်းခံခြင်းသည် အကျိုးရလဒ်ကောင်းများကိုဖြစ်ထွန်းစေကြောင်း သိရှိလျက် ကိစ္စရပ်များအပေါ် ကိုယ်တော့်အပြီးသတ်လုပ်ဆောင်မှုကို ကျွန်ုပ်တို့စောင့်မျှော်ကြပါသည်။ (ဟဗ. ၂:၃; ၂ ပေ. ၃:၉-၁၅) ကျွန်ုပ်တို့သည် ယေဟောဝါတင်ပြတော်မူသကဲ့သို့ သည်းခံခြင်းကိုတင်ပြကာ ဓမ္မအမှုတွင် လက်အားမလျှော့ကြရပါ။ “ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့်” သင့်ကြိုးစားလုပ်ဆောင်မှုကို ဆုချရန် ယေဟောဝါကိုမျှော်ကိုးပါ။—ဟေဗြဲ ၆:၁၀-၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ