မေးခွန်းသေတ္တာ
▪ နှစ်ခြင်းမခံမီ လူသစ်များနှင့် မည်သည့်စာအုပ်များကို ကျွန်ုပ်တို့လေ့လာသင့်သနည်း။
လူတစ်ဦးသည် မိမိ၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံနိုင်ကာ နှစ်ခြင်းမခံမီ တိကျမှန်ကန်သောအသိပညာကိုဆည်းပူးရမည်ဖြစ်သည်။ (ယော. ၁၇:၃) သူသည် ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာနှင့် ထာဝရအသက်ရစေသောအသိပညာစာအုပ်နှစ်ခုစလုံးကို လေ့လာခြင်းဖြင့် လိုအပ်သည့်အသိပညာကိုရရှိပါမည်။ များသောအားဖြင့် တောင်းဆိုဘရိုရှာကို အရင်လေ့လာပါမည်။ သို့ရာတွင် သင်အံမှုကို အသိပညာစာအုပ်နှင့်စထားလျှင် ပြီးသွားသည့်အခါ တောင်းဆိုဘရိုရှာကို လေ့လာသင့်သည်။ ယင်းသို့ပြုရန် အဘယ်ကြောင့်လိုအပ်သနည်း။
တောင်းဆိုဘရိုရှာသည် သမ္မာကျမ်းစာ၏အခြေခံသွန်သင်ချက်များကို ခြုံငုံသုံးသပ်ထားသည်။ ယင်းကိုအရင်လေ့လာလျှင် သင်သားသည် ယေဟောဝါ၏စိတ်တော်နှင့်တွေ့စေမည့် တောင်းဆိုချက်များကို အခြေခံကျကျနားလည်လာပါမည်။ ယင်းကို နောက်မှလေ့လာလျှင် အသိပညာစာအုပ်တွင်ဆွေးနွေးခဲ့သည့်အရာများကို ပြန်လည်သုံးသပ်ရာရောက်ပါမည်။ အခြေအနေနှစ်ခုစလုံးတွင် ထောက်ခံသောကျမ်းချက်များကို ဖွင့်ဖတ်၍ ၎င်းတို့ကိုဆင်ခြင်သုံးသပ်ရန် သင်သားကိုအားပေးပါ။ ရုပ်ပုံများသည် အလွန်ထိရောက်သော သွန်သင်ခြင်းအထောက်အကူများဖြစ်ရာ ယင်းတို့ကိုပေါ်လွင်စေရန် သေချာစေပါ။—ဇန်နဝါရီ ၁၅၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၁၇ ရှု။
ကျမ်းစာသင်သားတစ်ဦးသည် စာအုပ်နှစ်အုပ်စလုံးကိုလေ့လာပြီးလျှင် နှစ်ခြင်းခံရန်ပြင်ဆင်ရာတွင် သူနှင့်အတူအကြီးအကဲများသုံးသပ်မည့် မေးခွန်းအားလုံးကိုဖြေဆိုနိုင်ပေမည်။ ထိုသို့ဖြစ်ပါက သင်ပေးသူသည် သင်သား၏တိုးတက်မှုကို ဆက်၍လက်တွေ့ကျကျစိတ်ဝင်စားသင့်သော်လည်း အခြားစာအုပ်တစ်ခုခုဖြင့် လုပ်ရိုးလုပ်စဉ်သင်အံမှုကိုပြုရန် လိုတော့မည်မဟုတ်ပေ။—ဇန်နဝါရီ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄၊ ၁၇ ရှု။