ကျမ်းစာသင်အံမှုများ ကျင်းပရန် ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ကို အသုံးပြုပါ
သမ္မာတရားတွင် တိုးတက်လာရန်နှင့် ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်းအပေါ် တန်ဖိုးထားလေးမြတ်မှု နက်ရှိုင်းလာရန် လူသစ်များအားကူညီပေးဖို့ စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ကို စီစဉ်ထားသည်။ ယင်းကို ကျမ်းစာသင်သားများနှင့် ဒုတိယသင်အံမှုစာအုပ်အဖြစ် အသုံးပြုနိုင်သည်။ ဇွန် ၂၀၀၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၄ ကဤသို့ရှင်းပြခဲ့သည်– “လူတစ်ဦးသည် နှေးကွေးသော်လည်း တိုးတက်နေကြောင်း၊ သူသင်ယူနေသည့်အရာကို လေးမြတ်မှုတိုးပွားနေကြောင်းထင်ရှားလျှင် တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်ကို ပြီးဆုံးသွားသည့်နောက် ဒုတိယစာအုပ်ဖြင့် ကျမ်းစာသင်အံမှုဆက်ပြုလုပ်ပါ။ . . . အခြေအနေတိုင်းတွင် တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်ကို ဦးဆုံးသင်မည်ဖြစ်သည်။ သင်သားသည် ဒုတိယစာအုပ်မဆုံးမီ နှစ်ခြင်းခံပြီးဖြစ်သည့်တိုင် ကျမ်းစာသင်အံမှု၊ ပြန်လည်ပတ်မှုနှင့် ဆက်လေ့လာဖို့သုံးသည့်အချိန်ကို ရေတွက်ကာ မှတ်တမ်းသွင်းသင့်သည်။”
ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်ဖြင့် ကျမ်းစာသင်အံမှုတစ်ခုမှ အခြားမည်သူများ အကျိုးရရှိနိုင်သေးသနည်း။ ထိုဆောင်းပါးက ဤသို့ဆက်၍ဖော်ပြသည်– “ယခင်က [တောင်းဆို ဘရိုရှာနှင့်] အသိပညာ စာအုပ်ကိုလေ့လာခဲ့ပြီး ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းခံသည့်အထိ မတိုးတက်နိုင်ခဲ့သူအချို့ကို သိမည်ဆိုလျှင် သူတို့နှင့်ကျမ်းစာသင်အံမှုပြန်စဖို့ သူတို့အလိုရှိမရှိသိရှိရန် သင် အစပြုလုပ်ဆောင်လိုပေမည်။” မတ်နှင့် ဧပြီလအတွင်း ထိုသို့သောသူများနှင့် ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ဖြင့် သင်အံမှုများစတင်ရန် အထူးကြိုးစားကြစို့။