ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၀ စာ. ၈
  • ဗျာဒိတ်ကျမ်း ကိုလေ့လာပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗျာဒိတ်ကျမ်း ကိုလေ့လာပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဒံယေလကျမ်းနှင့် အသင်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ယေဟောဝါသည် ဒံယေလအား အံ့ဖွယ်ဆုကျေးဇူး ကတိပြု
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • အသိပညာ စာအုပ်ကို ကျွန်ုပ်တို့လေ့လာကြမည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဘုရားသခင့် စေတမန်အားဖြင့် ခွန်အားရရှိ
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၃/၀၀ စာ. ၈

ဗျာဒိတ်ကျမ်း ကိုလေ့လာပါ

၁ ဧပြီ ၁၇ ရက်အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! ကို ကျွန်ုပ်တို့လေ့လာကြပါမည်။ များစွာသောသူတို့သည် အလွန်စိတ်ဝင်စားစရာကောင်းသည့်ဤစာအုပ်ကို ဖတ်ပြီးကြပြီဖြစ်သော်လည်း အကြောင်းအရာကို အုပ်စုလိုက်ဆွေးနွေးခြင်းမှရရှိသည့်အကျိုးကျေးဇူးများကို ခံစားရဖို့အခွင့်အရေး ယခုကျွန်ုပ်တို့ရရှိထားသည်။ ကြေညာသူများ၊ စိတ်ဝင်စားသူများနှင့် ကလေးများအားလုံးသည် ဗျာဒိတ်ကျမ်းစာစောင်ကို ဤသို့ခရေစေ့တွင်းကျလေ့လာရာတွင် အပတ်တိုင်းတက်ရောက်ကြဖို့ ဖိတ်ခေါ်အားပေးခံရကြသည်။—တရား. ၃၁:၁၂၊ ၁၃။

၂ အစီအစဉ်နှင့်ညွှန်ကြားချက်များကိုလေ့လာပါ– ဗျာဒိတ်ကျမ်း စာအုပ်အတွက် လေ့လာရန်အစီအစဉ်ကို ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဖော်ပြထားသည်။ သင်လေ့လာမည့်စာအုပ်နှင့်အတူ တစ်စောင်ကိုသိမ်းဖြစ်အောင်သိမ်းထားပါ။ အစီအစဉ်ဇယားက စာအုပ်၏အခန်းနှင့်အပိုဒ်များကို ဖော်ပြသည်။ ဒီဇင်ဘာ ၂၅ ရက်အပတ်တွင် အခန်း ၂၁၊ အပိုဒ် ၃၆ မှ အခန်း ၂၂၊ အပိုဒ် ၄ အထိလေ့လာမည်ဖြစ်သော်လည်း စာမျက်နှာ ၁၈-၁၉ ရှိလေးထောင့်ကွက်ကိုမူ ကျော်သွားမည်ဖြစ်ကြောင်း အောက်ခြေမှတ်ချက်ကရှင်းပြသည်။ ပတ်စဉ်သင်တန်းတစ်ခုစီ၏နိဂုံးတွင် သင်တန်းမှူးသည် လေ့လာခဲ့သည့်ဗျာဒိတ်ကျမ်းမှ သတ်သတ်မှတ်မှတ်အခန်းငယ်များကို အုပ်စုနှင့်အတူသုံးသပ်ရန် တိုက်တွန်းခံရသည်။ အချိန်ရသရွေ့ အခန်းငယ်များကိုဖတ်ကာ မှတ်ချက်ပေးမည်ဖြစ်သည်။

၃ စေ့စေ့စပ်စပ်လေ့လာရန်အတွက် ပြင်ဆင်ပါ– သတ်မှတ်ထားသည့်အကြောင်းအရာကို အလျင်စလိုမဆွေးနွေးရန်အတွက် ပတ်စဉ်အချိန်အလုံအလောက်ရရှိဖို့ ကြိုးစားထားသည်။

၄ အပတ်စဉ်သင်တန်းအတွက် ကောင်းစွာပြင်ဆင်ပါ၊ ယင်းတွင်ပါဝင်ရခြင်းကို ပျော်မွေ့ပါ။ ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းနှင့် ပေါင်းသင်းရသည့်အခွင့်အရေး၊ ကိုယ်တော့်သစ္စာရှိဘိသိက်ခံများအားဖြင့်ရရှိသည့် ထိုးထွင်းသိမြင်မှုနှင့် သိနားလည်မှုတို့မှ အကျိုးခံစားရမှုတို့ကို လေးမြတ်ပါ။ (ဒံ. ၁၂:၃၊ ၄) စာအုပ်ကြီးသင်တန်းကို မှန်မှန်တက်ရောက်ရန် အခြားသူများကို ကြင်နာစွာအားပေးပါ။ စိုးရွံ့တုန်လှုပ်ဖွယ်ရာဗျာဒိတ်ကျမ်းတွင်ဖော်ပြထားသည့် ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်ကို ကျွန်ုပ်တို့အားလုံး အာရုံစိုက်ကြစို့။—ဟေဗြဲ ၁၀:၂၃-၂၅; ၂ ပေ. ၁:၁၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ