မေးခွန်းသေတ္တာ
◼ ခရိုင်စည်းဝေးကြီးရင်ထိုးကတ်ပြားကို မည်သူရသင့်သနည်း။
စည်းဝေးကြီးရင်ထိုးကတ်ပြားများသည် ကျွန်ုပ်တို့၏ညီအစ်ကိုများကို ခွဲခြားဖော်ပြရာတွင်နှင့် စည်းဝေးကြီးကိုကြော်ငြာရာတွင် များစွာအထောက်အကူပြုနိုင်သည်။ သို့သော် ယင်းတို့ကို ပိုင်းခြားဝေဖန်ခြင်းမရှိဘဲ မဖြန့်ဝေသင့်ပါ။ ယင်းတို့သည် တပ်ဆင်ထားသူအား ယေဟောဝါသက်သေတို့၏အသင်းတော်တစ်ခုတွင် ရပ်တည်မှုကောင်းရှိသူအဖြစ် ခွဲခြားသိရှိစေသည်။
ကတ်ပြားတွင် တစ်ဦးစီ၏အမည်အပြင် အသင်းတော်အမည်အတွက်ပါ နေရာလွတ်ပါရှိသည်။ ထို့ကြောင့် ထိုသူသည် အမည်ရေးထားသည့်အသင်းတော်နှင့် အတော်အတန်ပူးပေါင်းခဲ့သူဖြစ်ရပါမည်။ အသင်းမသည် အသင်းတော်တစ်ခုစီထံ ကတ်ပြားများအလုံအလောက်ပို့ပေးပါသည်။ နှစ်ခြင်းခံပြီးသောကြေညာသူနှင့် နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးစီကို ကတ်ပြားတစ်ခုစီပေးခြင်းသည် သင့်လျော်ပါမည်။ ထို့အပြင် အသင်းတော်စည်းဝေးများမှန်ပြီး လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ရန်တက်လှမ်းနေသော ကလေးများနှင့် အခြားသူတို့သည် တစ်ခုစီရယူနိုင်သည်။ နှင်ထုတ်ခံရသူတစ်ဦးကို စည်းဝေးကြီးရင်ထိုးကတ်ပြားပေးခြင်းသည် သင့်လျော်မည်မဟုတ်ပါ။
ကတ်ပြားများကိုရရှိသည့်အခါ အကြီးအကဲများသည် ဤလမ်းညွှန်ချက်များနှင့်အညီ ယင်းတို့ကိုဖြန့်ဝေရန် ကြည့်ရှုပေးသင့်သည်။