ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၀ စာ. ၃
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပိုင်း ၇–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • သစ္စာစောင့်သောလက်ကိုချီ၍ ဆုတောင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဆုတောင်းခြင်း အခွင့်ထူးကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • သင်၏ဆုတောင်းချက်များက သင့်အကြောင်း အဘယ်အရာဖော်ပြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၆/၀၀ စာ. ၃

မေးခွန်းသေတ္တာ

◼ အသင်းတော်အစည်းအဝေးများတွင် မည်သူတို့ဆုတောင်းသင့်သနည်း။

အသင်းတော်လိုက်ဆုတောင်းခြင်းသည် ကျွန်ုပ်တို့ဝတ်ပြုရေး၏အရေးပါသောအပိုင်းတစ်ခုဖြစ်၏။ ယေဟောဝါရှေ့တော်တွင် အခြားသူများကို ကိုယ်စားပြုရခြင်းသည် တန်ဖိုးရှိအခွင့်ထူးတစ်ခုနှင့် ကြီးလေးသည့်တာဝန်တစ်ခုဖြစ်၏။ ယင်း၏အရေးကြီးမှုကြောင့် အကြီးအကဲများသည် အစည်းအဝေးများတွင် မည်သည့်ညီအစ်ကိုများသည် ဆုတောင်းဖို့အရည်အချင်းပြည့်မီသည်ကို ဆုံးဖြတ်သည့်အခါ ကောင်းစွာချင့်ချိန်နိုင်စွမ်းကို အသုံးပြုဖို့လိုသည်။ အသင်းတော်ကိုကိုယ်စားပြုသည့် နှစ်ခြင်းခံပြီးသောညီအစ်ကိုများသည် ပုံသက်သေကောင်းသူများအဖြစ် အများကသိထားပြီး အသင်းတော်၏လေးစားမှုကိုရရှိသည့် ရင့်ကျက်သောခရစ်ယာန်ဓမ္မအမှုဆောင်များဖြစ်သင့်သည်။ သူတို့၏ ကြည်ညိုလေးစားရိုသေစွာ တောင်းသောဆုတောင်းချက်များသည် ယေဟောဝါဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးကို ထင်ရှားစေသင့်သည်။ မေ ၁၅၊ ၁၉၈၆ ခုနှစ်ထုတ် ကင်းမျှော်စင် [လိပ်] ပါ “နှိမ့်ချသောစိတ်နှလုံးဖြင့် အခြားသူများရှေ့ဆုတောင်းခြင်း” ဆောင်းပါးက အထူးသဖြင့် အသင်းတော်ကိုယ်စား လူထုရှေ့ဆုတောင်းသူများအတွက် အထောက်အကူပြုသည့် အရေးကြီးသောမူများကို ဖော်ပြသည်။

ညီအစ်ကိုတစ်ဦးကို သံသယဖြစ်ဖွယ် သို့မဟုတ် ကပြက်ကချော်အမူအကျင့်အတွက် အများကသိထားမည်ဆိုလျှင် အကြီးအကဲများသည် သူ့ကို ဆုတောင်းစေမည်မဟုတ်ပါ။ မကျေမနပ်ဖြစ်နေတတ်သူ သို့မဟုတ် ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများကို ထုတ်ဖော်ရန်နည်းလမ်းတစ်ခုအဖြစ် လူထုရှေ့ဆုတောင်းခြင်းကို အသုံးပြုတတ်သူညီအစ်ကိုတစ်ဦးကို ရွေးချယ်မည်မဟုတ်ပေ။ (၁ တိ. ၂:၈) ဆယ်ကျော်သက်ညီအစ်ကိုတစ်ဦးသည် နှစ်ခြင်းခံပြီးသော်လည်း အသင်းတော်ကိုယ်စားဆုတောင်းရန် သူ၌ဝိညာဏအရည်အသွေးရှိမရှိဟူသည်ကို အကြီးအကဲများက ဆုံးဖြတ်ရပါမည်။—တမန်တော် ၁၆:၁၊ ၂။

အခါအားလျော်စွာ လယ်ကွင်းလုပ်ငန်းအတွက်စည်းဝေးများတွင် အုပ်စုကိုကိုယ်စားပြုရန် အရည်အချင်းပြည့်မီသည့်ညီအစ်ကိုမရှိလျှင် နှစ်ခြင်းခံပြီးသောညီအစ်မတစ်ဦးဆုတောင်းရန် လိုပေမည်။ သူမသည် သင့်လျော်သည့်ခေါင်းဖုံးတစ်ခုဖြင့် ခေါင်းအုပ်ထားဖို့လိုပါမည်။ အရည်အချင်းပြည့်မီသည့် ညီအစ်ကိုတစ်ဦးသည် လုပ်ငန်းတော်အတွက်စည်းဝေးအချို့တွင် မတက်ရောက်နိုင်လျှင် အကြီးအကဲများသည် အရည်အချင်းပြည့်မီသောညီအစ်မတစ်ဦးအား ဦးဆောင်ဖို့တာဝန်ပေးသင့်သည်။

လူထုအစည်းအဝေး၏သဘာပတိက အဖွင့်ဆုတောင်းခြင်းသည် အလေ့အထဖြစ်၏။ သို့သော် အသင်းတော်၏အခြားအစည်းအဝေးများတွင် အရည်အချင်းပြည့်မီသောညီအစ်ကိုများစွာရှိလျှင် စည်းဝေးဖွင့်သည့်ညီအစ်ကိုမဟုတ်ဘဲ အခြားတစ်ဦးဦးကိုသော်လည်းကောင်း၊ နောက်ဆုံးအပိုင်းကို တာဝန်ရထားသူကိုသော်လည်းကောင်း အဖွင့် သို့မဟုတ် အပိတ်ဆုတောင်းရန် တောင်းဆိုနိုင်သည်။ မည်သို့ပင်ဖြစ်စေ အသင်းတော်အစည်းအဝေးတစ်ခုတွင် ဆုတောင်းဖို့တောင်းဆိုခံရသောညီအစ်ကိုသည် သူဘာတောင်းရမည်ကို စဉ်းစားထားနိုင်ရန် ကြိုတင်အသိပေးခံရသင့်သည်။ သို့ဖြစ်လျှင် သူသည် ထိုအစည်းအဝေးအတွက်သင့်လျော်သည့် အဆက်အစပ်မိကာ ထက်သန်မှုရှိသောဆုပတ္ထနာကို တောင်းလျှောက်နိုင်မည်ဖြစ်သည်။

ထိုသို့သောဆုတောင်းချက်များသည် ရှည်ဖို့မလိုပေ။ ညီအစ်ကိုတစ်ဦးသည် လူထုရှေ့ဆုတောင်းသည့်အခါ များသောအားဖြင့် မတ်တတ်ရပ်ပြီး လုံလောက်သောအသံပမာဏနှင့် ရှင်းရှင်းလင်းလင်းဖွင့်ဟပြောဆိုလျှင် ပိုမိုနားလည်စေပါမည်။ ဤသို့ဖြင့် စုဝေးနေသူအားလုံးသည် ဆုတောင်းချက်ကိုကြားရကာ အဆုံးတွင် လှိုက်လှဲစွာ “အာမင်!” ဟူ၍ပြောဆိုခွင့်ရစေပါမည်။—၅ ရာ. ၁၆:၃၆; ၁ ကော. ၁၄:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ