သမ္မာကျမ်းစာ—တိကျမှန်ကန်သောသမိုင်း၊ ယုံကြည်စိတ်ချနိုင်သောပရောဖက်ပြုချက် ဗီဒီယိုခွေမှ သင်ယူခြင်း
ဤဗီဒီယိုခွေကိုကြည့်ပြီးနောက် ဤမေးခွန်းများကို သင်ဖြေဆိုနိုင်မည်လော။ (၁) သမ္မာကျမ်းစာ၏ ယုံကြည်စိတ်ချနိုင်သောသတင်းအချက်အလက်ရင်းမြစ်ကား မည်သူနည်း။ (ဒံ. ၂:၂၈) (၂) သမ္မာကျမ်းစာသည် ရှေးအီဂျစ်နိုင်ငံ၏ ပုံစံအတိအကျကို မည်သို့ရေးခြယ်ပြထားသနည်း၊ ဟေရှာယ ၁၉:၃၊ ၄ တွင်မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်သည် မည်သို့ပြည့်စုံလာခဲ့သနည်း။ (၃) ရှေးဟောင်းသုတေသနပညာက အာရှုရိလူမျိုး၊ ၎င်းတို့၏ဘုရင်များ၊ အာရှုရိနိုင်ငံ၏ဇာတ်သိမ်းခန်းတို့နှင့်စပ်လျဉ်း၍ ကျမ်းစာသရုပ်ဖော်ပြချက်ကို မည်သို့အတည်ပြုပေးခဲ့ပြီနည်း။ (နာ. ၃:၁၊ ၇၊ ၁၃) (၄) ဗာဗုလုန်နှင့်ပတ်သက်သည့် အဘယ်ပရောဖက်ပြုချက်များသည် ယုံကြည်စိတ်ချနိုင်ကြောင်း တွေ့ရှိခဲ့ရပြီနည်း။ (၅) မီဒို-ပါးရှားသည် ဘုရားသခင့်လူမျိုးတော်အပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုရှိခဲ့သနည်း။ (၆) ဒံယေလ ၈:၅၊ ၈ သည် မည်သို့ပြည့်စုံခဲ့သနည်း၊ ယင်းကို အဘယ်အတိုင်းအတာအထိ ကြိုဟောခဲ့သနည်း။ (၇) ယေရှုသည် စစ်မှန်သောမေရှိယဖြစ်ကြောင်း မည်သို့သက်သေထူခဲ့သနည်း။ (၈) ဗျာဒိတ် ၁၃:၁၁ နှင့် ၁၇:၁၁ တွင်တွေ့ရသည့် ပရောဖက်ပြုချက်များကို မျက်မှောက်ခေတ် အဘယ်နိုင်ငံရေးအာဏာစက်များက ပြည့်စုံစေသနည်း။ (၉) ဗီဒီယိုခွေတွင်ပါသည့် အဘယ်ပြကွက်များသည် ဒေသနာ ၈:၉ ၏မှန်ကန်မှုကို သက်သေထူသနည်း။ (၁၀) ဤတင်ဆက်မှုက အနာဂတ်ဆိုင်ရာကျမ်းစာကတိတော်များတွင် သင်၏ယုံကြည်ခြင်းကို မည်သို့ခိုင်ခံ့စေသနည်း။ (၁၁) သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှအစပြုကြောင်း အခြားသူများယုံကြည်လက်ခံလာရန် ဤကိရိယာကို သင်မည်သို့အသုံးပြုနိုင်သနည်း။