သမ္မာကျမ်းစာ—တိကျမှန်ကန်သော သမိုင်း၊ ယုံကြည်စိတ်ချနိုင်သော ပရောဖက်ပြုချက်
သမ္မာကျမ်းစာဟာ သမိုင်းအရ တိကျမှန်ကန်တယ်ဆိုတာ ဘာအထောက်အထားရှိသလဲ။ အနာဂတ်ပရောဖက်ပြုချက်တွေ အမှန်တကယ်ပြည့်စုံလာမယ်ဆိုတာ ပြည့်စုံခဲ့ပြီးသော ဘယ်ကျမ်းစာပရောဖက်ပြုချက်တွေက ယုံကြည်စိတ်ချစေသလဲ။ ဒီမေးခွန်းတွေကို သမ္မာကျမ်းစာ—ဖြစ်ရပ်မှန်နှင့် ပရောဖက်ပြုချက်ဆိုင်ရာစာအုပ်အမည်ရှိ ဒီဗီဒီရဲ့တတိယအပိုင်းဖြစ်တဲ့ သမ္မာကျမ်းစာ—တိကျမှန်ကန်သောသမိုင်း၊ ယုံကြည်စိတ်ချနိုင်သောပရောဖက်ပြုချက်မှာ သုံးသပ်ထားပါတယ်။ ဤဗီဒီယိုကိုကြည့်ပြီးနောက် အောက်ပါမေးခွန်းတွေကို သင်ဖြေဆိုနိုင်မလား။
(၁) သမ္မာကျမ်းစာရဲ့ယုံကြည်စိတ်ချနိုင်တဲ့ သတင်းအချက်အလက်ရင်းမြစ်က ဘယ်သူလဲ။ (ဒံ. ၂:၂၈) (၂) သမ္မာကျမ်းစာက ရှေးအီဂျစ်နိုင်ငံကို ဘယ်လိုအတိအကျဖော်ပြထားသလဲ၊ ဟေရှာယ ၁၉:၃၊ ၄ မှာ မှတ်တမ်းတင်ထားတဲ့ ပရောဖက်ပြုချက်က ဘယ်လိုပြည့်စုံလာခဲ့သလဲ။ (၃) ရှေးဟောင်းသုတေသနပညာက အာရှုရိလူမျိုး၊ သူတို့ရဲ့ဘုရင်တွေ၊ အာရှုရိနိုင်ငံရဲ့ ဇာတ်သိမ်းခန်းတွေနဲ့စပ်လျဉ်းပြီး ကျမ်းစာဖော်ပြချက်ကို ဘယ်လိုအတည်ပြုပေးခဲ့ပြီလဲ။ (နာ. ၃:၁၊ ၇၊ ၁၃) (၄) ဗာဗုလုန်နဲ့ပတ်သက်တဲ့ ဘယ်ပရောဖက်ပြုချက်တွေက ယုံကြည်စိတ်ချနိုင်ကြောင်း တွေ့ရှိခဲ့ရပြီလဲ။ (ယေ. ၂၀:၄; ၅၀:၃၈; ၅၁:၃၀) (၅) မီဒို-ပါးရှားနဲ့ပတ်သက်တဲ့ ဘယ်ပရောဖက်ပြုချက် ပြည့်စုံလာခဲ့သလဲ။ (ဟေရှာ. ၄၄:၂၈) (၆) ဒံယေလ ၇:၆ နဲ့ ၈:၅၊ ၈ ကျမ်းချက်တွေက ဂရိနဲ့ပတ်သက်ပြီး ဘယ်လိုပြည့်စုံခဲ့သလဲ။ (၇) ရောမဟာ ကမ္ဘာ့အင်ပါယာဖြစ်လာတဲ့အခါ ဒံယေလ ၇:၇ ကဘယ်လိုပြည့်စုံခဲ့သလဲ။ (၈) အဘယ် ကဲသာဘုရင်တွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားသလဲ။ (၉) နီရိုးဘုရင်အုပ်ချုပ်မှုအောက်မှာ ခရစ်ယာန်တွေ ဘာဖြစ်ခဲ့ကြသလဲ။ (၁၀) ဗျာဒိတ် ၁၃:၁၁ နှင့် ၁၇:၁၀ မှာတွေ့ရတဲ့ ပရောဖက်ပြုချက်တွေ ဘယ်လိုပြည့်စုံခဲ့သလဲ။ (၁၁) အဋ္ဌမဘုရင်က ဘယ်သူလဲ။ (၁၂) ဒေသနာ ၈:၉ ရဲ့မှန်ကန်မှုကို ဒီဗီဒီယိုထဲက ဘယ်ပြကွက်တွေက ဖော်ပြသလဲ။ (၁၃) အနာဂတ်မှာ ဘယ်ပရောဖက်ပြုချက်တွေပြည့်စုံတာကို မြင်တွေ့ဖို့ သင်စိတ်လှုပ်ရှားစွာစောင့်မျှော်နေသလဲ။ (၁၄) သမ္မာကျမ်းစာဟာ ဘုရားသခင်ဆီကလာတယ်ဆိုတာကို တခြားသူတွေ ယုံကြည်လက်ခံလာအောင် ကူညီရာမှာ ဤဗီဒီယိုကို ဘယ်လိုအသုံးပြုနိုင်သလဲ။