ရိုးရှင်းသောနှစ်စဉ်ကြေးအသစ်ပြန်ဆက်ယူနည်း
ပုံနှိပ်မဂ္ဂဇင်းဖြင့်ဖြစ်စေ၊ ကက်ဆက်ခွေဖြင့်ဖြစ်စေ ကင်းမျှော်စင် နှင့် နိုးလော့! နှစ်စဉ်ကြေးယူသူများသည် ၎င်းတို့၏နှစ်စဉ်ကြေးကုန်ဆုံးတော့မည်ဟူသော အကြောင်းကြားစာနှစ်ခုကိုရရှိခဲ့ကြသည်။ ပထမတစ်ခုမှာ ဘားကုတ် (bar code) ပါကာ ကြိုတင်ပုံနှိပ်ထားသည့် ကုန်ဆုံးတော့မည့်နှစ်စဉ်ကြေးစာရွက်ဖြစ်သည်၊ ယင်းကို အသင်းတော်မှတစ်ဆင့် နှစ်စဉ်ကြေးယူသူများထံ ဖြန့်ဝေသည်။ ယင်းပုံစံကို ပြုပြင်ထားကာ ယခု အဖြူဖျော့ရောင်စက္ကူဖြင့် ပုံနှိပ်မည်ဖြစ်သည်။ ဘားကုတ်ကို အသုံးပြုရခြင်းမှာ အလိုအလျောက်ကိရိယာဖြင့် နှစ်စဉ်ကြေးကို မြန်ဆန်စွာအသစ်ပြန်ဆက်ယူရန်ဖြစ်သည်။ ၎င်းသည် နှစ်စဉ်ကြေးအသစ်ပြန်ဆက်ယူရန် အကြံပြုထားသည့်ပုံစံဖြစ်သည်။
ဒုတိယအကြောင်းကြားစာသည် ထုပ်ပိုးထားသောမဂ္ဂဇင်းထဲတွင်ထည့်ထားပေးသည့် နှစ်စဉ်ကြေးအသစ်ပြန်ဆက်ယူရန်ပုံစံဖြစ်သည် သို့မဟုတ် ကက်ဆက်ခွေနှစ်စဉ်ကြေးများအတွက်မူ နှစ်စဉ်ကြေးယူသူထံ တိုက်ရိုက်ပေးပို့သည့်ပုံစံဖြစ်သည်။ ပုံနှိပ်မဂ္ဂဇင်းနှစ်စဉ်ကြေးယူသူများသည် မဂ္ဂဇင်းထဲတွင်ထည့်ထားပေးသည့် နှစ်စဉ်ကြေးအသစ်ပြန်ဆက်ယူရန်ပုံစံကို ရရှိတော့မည်မဟုတ်ပေ။ ယင်းအစား ကုန်ဆုံးသွားပြီဟူသောအကြောင်းကြားချက်ကို နှစ်စဉ်ကြေးထုပ်ပိုးစက္ကူပေါ်တွင် ရိုက်နှိပ်ထားပါမည်။ အလားတူ၊ ကင်းမျှော်စင် သို့မဟုတ် နိုးလော့! ကို ကက်ဆက်ခွေဖြင့် နှစ်စဉ်ကြေးယူသူများသည် ကုန်ဆုံးတော့မည့်နှစ်စဉ်ကြေးအကြောင်းကြားစာကို စာတိုက်မှတစ်ဆင့်ရရှိတော့မည်မဟုတ်ပေ။ ယင်းအစား ကုန်ဆုံးသွားပြီဟူသောအကြောင်းကြားချက်ကို ကက်ဆက်ခွေနှစ်စဉ်ကြေးထုပ်အပြင်ဘက်တွင် ရိုက်နှိပ်ထားပါမည်။ သို့သော် မျက်မမြင်များအတွက် အခမဲ့အနေနှင့် မျက်မမြင်စာတံဆိပ်စာတန်းများရရှိသော နှစ်စဉ်ကြေးယူသူများနှင့် ကက်ဆက်ခွေများရရှိသောအခြားသူတို့အား အသစ်ပြန်ဆက်ယူရန်အသိပေးစာများကို ဆက်၍ပေးပို့ပါမည်။
မဂ္ဂဇင်းထုပ်ပိုးစက္ကူပေါ်တွင် သို့မဟုတ် ကက်ဆက်ခွေအထုပ်ပေါ်တွင် ရိုက်နှိပ်ထားသောအကြောင်းကြားချက်က နှစ်စဉ်ကြေး မကြာမီကုန်ဆုံးတော့မည်ဖြစ်ကြောင်း သတိပေးပါလိမ့်မည်။ သင်သည် ရိုက်နှိပ်ထားသည့် အကြောင်းကြားချက်ကိုတွေ့ရသော်လည်း ကုန်ဆုံးတော့မည့်နှစ်စဉ်ကြေးစာရွက်မရရှိသေးပါက ကျေးဇူးပြု၍ သင့်အသင်းတော်ရှိ နှစ်စဉ်ကြေးကိုင်သောညီအစ်ကိုနှင့်ဆက်သွယ်ပါ။ အသစ်ပြန်ဆက်ယူသောနှစ်စဉ်ကြေးများကို အသင်းတော်မှတစ်ဆင့် အမြဲတင်သွင်းသင့်သည်။
လယ်ကွင်းမှကောက်ခံရရှိသောနှစ်စဉ်ကြေးများအတွက် အကြောင်းကြားရန်အဓိကနည်းလမ်းမှာ အသင်းတော်မှတစ်ဆင့်ဖြန့်ဝေသည့် ကုန်ဆုံးတော့မည့်နှစ်စဉ်ကြေးစာရွက်ဖြစ်ပါမည်။ ၎င်းပုံစံများ အသင်းတော်သို့ရောက်သည်နှင့် ၎င်းတို့ကို မူလကနှစ်စဉ်ကြေးကောက်ခံရရှိခဲ့သည့် ကြေညာသူများအား အလေးထားဝေငှပေးသင့်သည်။ နှစ်စဉ်ကြေးယူသူများသည် မဂ္ဂဇင်းတွင်ထည့်ပေးသည့် အသစ်ပြန်ဆက်ယူရန်ပုံစံကို ရရှိတော့မည်မဟုတ်သောကြောင့် ဤစိတ်ဝင်စားသူများထံပြန်သွားကာ ၎င်းတို့၏နှစ်စဉ်ကြေးများကို အသစ်ပြန်ဆက်ယူရန်အားပေးဖို့အရေးကြီး၏။—ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ ဒီဇင်ဘာ ၁၉၈၈၊ စာမျက်နှာ ၁၀; နှင့် ဇန်နဝါရီ ၁၉၈၆၊ စာမျက်နှာ ၈ [လိပ်] ရှု။
ဤအခန့်သင့်ဂျာနယ်များသည် မှောင်မိုက်သောလောကတွင် ဝိညာဏအလင်းကို ဆက်၍ထွန်းလင်းပေးပါမည်။ ကင်းမျှော်စင် နှင့် နိုးလော့! နှစ်စဉ်ကြေးယူသူများအားလုံး လထုတ်တစ်စောင်မျှမလွတ်ရစေရန် ဤအစီအစဉ်သစ်နှင့်အတူ အားလုံးပူးပေါင်းလုပ်ဆောင်ကြမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။