ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၂ စာ. ၁
  • အားတက်သရောတုံ့ပြန်မှုတစ်ခု!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အားတက်သရောတုံ့ပြန်မှုတစ်ခု!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိ အဖွဲ့အစည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • “ဒါဟာ အသစ်အဆန်းပဲ”
    နိုးလော့!—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၄/၀၂ စာ. ၁

အားတက်သရောတုံ့ပြန်မှုတစ်ခု!

၁ နေရာအနှံ့ရှိခရစ်ယာန်မိသားစုများသည် လူငယ်များအမေး—မိတ်ဆွေစစ်မည်သို့ဖွဲ့နိုင်သနည်း ဟူသော ဗီဒီယိုခွေအတွက် အားတက်သရောကျေးဇူးတင်မှုကို ဖော်ပြခဲ့ကြပြီ။ ယူနိုက်တက်စတိတ်ရှိဖခင်တစ်ဦးက မိမိ၏သားများသည် ၎င်းဗီဒီယိုခွေကိုကြည့်ပြီးနောက် တိတ်ဆိတ်စွာထိုင်နေကြသည်—၎င်းတွင်ပါသမျှအရာများကို ဆက်စပ်နားလည်နိုင်ကြသည်ဟုဆိုသည်! မာလာဝီမှမှတ်တမ်းတစ်ခုက ထိုတွင်ရှိသော ညီအစ်ကိုညီအစ်မငယ်များသည်လည်း ကျောင်းတွင် အလားတူဖိစီးမှုများကို သူတို့ကိုယ်တိုင်ကြုံရသောကြောင့် ယင်းကိုဆက်စပ်နားလည်နိုင်သည်ဟုဆိုသည်။ ဂျာမနီနိုင်ငံရှိ ဖခင်တစ်ဦးက ယင်းဗီဒီယိုခွေနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ဒါဟာ ကျွန်တော့်ဆုတောင်းချက်တွေရဲ့အဖြေပဲလို့ ကျွန်တော်ယူမှတ်တယ်။” လူငယ်တစ်ဦးက “ယေဟောဝါ ကျွန်မကိုဂရုစိုက်တယ်ဆိုတာ သတိပေးနှိုးဆော်တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟုဆိုသည်။ နယူးဇီလန်ရှိအကြီးအကဲတစ်ဦးက “အဲဒီဗီဒီယိုခွေဟာ ကျွန်တော်တို့ရဲ့ ဆယ်ကျော်သက်တစ်ဦးကို အသက်လမ်းပေါ်ပြန်ရောက်အောင်ကူညီပေးခဲ့တယ်” ဟုသတင်းပို့သည်။ အိမ်ထောင်သည်တစ်ဦးက ယင်းကိုကြည့်ပြီး ဤသို့ဆိုသည်– “သမ္မာတရားမှာရှိတဲ့လူငယ်တိုင်း ဒီဗီဒီယိုခွေကိုကြည့်ပြီး သမ္မာတရားကို သူတို့ကိုယ်ပိုင်ဖြစ်အောင်လုပ်ဖို့ လှုံ့ဆော်ခံရစေချင်လိုက်တာ!” မိသားစုတို့၊ ယင်းကိုနောက်တစ်ကြိမ်ပြန်ကြည့်ပါလေ။ ထို့နောက် အောက်ပါမေးခွန်းများကို အတူဆွေးနွေးပါ။

၂ နိဒါန်း– မိတ်ဆွေစစ်ဟူသည် အဘယ်နည်း။—သု. ၁၈:၂၄။

၃ မိတ်ဆွေဖွဲ့ရန်အတားအဆီးများ– ဝိုင်းပယ်ခြင်းခံရသည်ဟူသောခံစားချက်ကို သင်မည်သို့အောင်မြင်နိုင်သနည်း။ (ဖိ. ၂:၄) သင့်ပင်ကိုစရိုက်တိုးတက်ရန် အဘယ်ကြောင့် လိုလိုလားလားရှိရမည်နည်း၊ ထိုသို့ပြုရန် သင့်အား မည်သူကူညီနိုင်သနည်း။ မည်သည့်အရာက နောက်ထပ်မိတ်ဆွေများဖွဲ့ရန် အခွင့်အလမ်းများပွင့်စေမည်နည်း၊ ယင်းတို့ကို မည်သည့်နေရာတွင် တွေ့ရှိနိုင်သနည်း။—၂ ကော. ၆:၁၃။

၄ ဘုရားသခင်နှင့်မိတ်ဆွေဖွဲ့ခြင်း– ယေဟောဝါနှင့်ဆက်ဆံရေးကို သင်မည်သို့တိုးတက်စေနိုင်သနည်း၊ ယင်းသည် အဘယ်ကြောင့် ကြိုးစားရကျိုးနပ်သနည်း။ (ဆာ. ၃၄:၈) မည်သူသည် ဘုရားသခင်နှင့် သင်၏မိတ်ဆွေဖွဲ့မှုကို အကောင်းဆုံးနည်းဖြင့်ခိုင်မြဲစေနိုင်သနည်း။

၅ မကောင်းသောမိတ်ဆွေအမျိုးအစား– မည်သူတို့သည် မကောင်းသောအပေါင်းအသင်းများဖြစ်ကြသနည်း။ (၁ ကော. ၁၅:၃၃) မကောင်းသောမိတ်ဆွေများသည် လူတစ်ဦးအား ဝိညာဉ်ရေးပျက်စီးခြင်းသို့ မည်သို့ဦးတည်ပေးနိုင်သနည်း။ ဒိနနှင့်ပတ်သက်သည့် ကျမ်းစာမှတ်တမ်းက သင့်အား အဘယ်အရာသင်ပေးသနည်း။—က. ၃၄:၁၊ ၂၊ ၇၊ ၁၉။

၆ မျက်မှောက်ခေတ်ပြဇာတ်– အထီးကျန်စိတ်က တာရာအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။ သူသည် လောကလူငယ်များနှင့်ပေါင်းသင်းခြင်းကို မည်သို့ဆင်ခြေပေးခဲ့သနည်း။ သူ့အပေါ် အဘယ်အန္တရာယ်များ သူတို့ကျရောက်စေခဲ့ကြသနည်း။ သူ၏မိဘများသည် သူကြုံနေရသည့်အန္တရာယ်ကို အဘယ်ကြောင့်မမြင်ခဲ့ကြသနည်း၊ သို့သော် သူတို့သည် သူ့အား ဝိညာဉ်ရေးပြန်ကောင်းလာစေရန် အဘယ်သဘောထားဖြင့် ကူညီခဲ့ကြသနည်း။ ရှေ့ဆောင်ညီအစ်မတစ်ဦးသည် တာရာအတွက် မိတ်ဆွေစစ်တစ်ဦးမည်သို့ဖြစ်ခဲ့သနည်း။ ခရစ်ယာန်များသည် သုတ္တံ ၁၃:၂၀ နှင့် ယေရမိ ၁၇:၉ ကိုအဘယ်ကြောင့်လိုက်နာကြရမည်နည်း။ တာရာသည် အဘယ်အရေးကြီးသောသင်ခန်းစာကိုရရှိခဲ့သနည်း။

၇ နိဂုံး– သင်သည် ဤဗီဒီယိုခွေမှ အဘယ်သင်ခန်းစာများရရှိခဲ့သနည်း။ အခြားသူများအားကူညီရန် ယင်းကို သင်မည်သို့အသုံးပြုနိုင်သနည်း။—ဆာ. ၇၁:၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ