ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၅ စာ. ၁၆
  • “ဒါဟာ အသစ်အဆန်းပဲ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဒါဟာ အသစ်အဆန်းပဲ”
  • နိုးလော့!—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သက်သေခံချက်ဖြစ်စေသည့် ဗီဒီယိုခွေများ၏အကျိုးသက်ရောက်မှု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ကျမ်းစာသင်အံမှု စတင်နိုင်အောင် အထောက်အကူပြုတဲ့ ဗီဒီယိုအသစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိ အဖွဲ့အစည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—သွန်သင်ခြင်းမှာ ဗီဒီယိုတွေကို အသုံးပြုပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၅ စာ. ၁၆
jw.org ဝက်ဘ်ဆိုက်ပေါ်က ဗီဒီယိုကို စာသင်ခန်းမှာပြသနေတဲ့ တောင်ကိုရီးယားနိုင်ငံက ပညာရေးအကြံပေးတစ်ဦး

“ဒါဟာ အသစ်အဆန်းပဲ”

တောင်ကိုရီးယားနိုင်ငံက အထက်တန်းပညာရေး အကြံပေးတစ်ဦးဖြစ်တဲ့ ဆူဂျွန်ဟာ jw.org ဝက်ဘ်ဆိုက်ပေါ်က ဗီဒီယိုတွေကို စာသင်ခန်းမှာ အသုံးပြုခဲ့တယ်။ သူ အခုလိုပြောတယ်– “သူငယ်ချင်းကောင်းဆိုတာ ဘာလဲ”ဆိုတဲ့ ကာတွန်းသရုပ်ဖော် ဗီဒီယိုကို ကျောင်းသားတွေ သိပ်သဘောကျတာပဲ။ ဗီဒီယို ကြည့်ပြီးနောက် ‘သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး အခုလို တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါဟာ အသစ်အဆန်းပဲ’ လို့ သူတို့ပြောကြတယ်။ အကြံ ဉာဏ်လိုတိုင်း ဒီဝက်ဘ်ဆိုက်မှာ ဝင်ကြည့်မယ်လို့လည်း တချို့ပြောကြတယ်။ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဒီဗီဒီယိုကို သုံးကြည့်ဖို့ ကျွန်မ အကြံပေးတော့ စာသင်ခန်းထဲမှာ အဲဒါကိုသုံးရတာ သိပ်အဆင်ပြေတယ်လို့ သူတို့ ပြောတယ်။”

တောင်ကိုရီးယားမှာ ကျောင်းသူကျောင်းသားတွေကို အကျိုးပြုတဲ့ ဗီဒီယိုနောက်တစ်ခုကတော့ အနိုင်ကျင့်သူကို လက်သီးမသုံးဘဲ ရင်ဆိုင်နည်းဆိုတဲ့ ကာတွန်းသရုပ်ဖော် ဗီဒီယိုဖြစ်တယ်။ သက်ငယ်ပြစ်မှုတားဆီးရေး ဖောင်ဒေးရှင်းမှာ အလုပ်လုပ်နေတဲ့ ကထိကတစ်ယောက်က အတန်းထဲမှာ အဲဒီဗီဒီယိုကို ပြခဲ့တယ်။ “ဗီဒီယိုမှာပါတဲ့ ကာတွန်းသရုပ်ဖော်ပုံတွေက သိပ်ကောင်းတော့ ကျောင်းသူကျောင်းသား အတော်များများ စိတ်ဝင်စားကြတယ်။ အနိုင်ကျင့်ခံရတဲ့အခါ ရင်ဆိုင်နိုင်မယ့်နည်းတွေအပြင် အနိုင်ကျင့်မခံရအောင် ရှောင်နိုင်မယ့်နည်းတွေကိုပါ ဖော်ပြထားတော့ သိပ်အသုံးတည့်တာပဲ” လို့ သူပြောတယ်။ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေကို စာသင်တဲ့အခါ ဒီဗီဒီယိုကို အသုံးပြုခွင့်ပေးဖို့ ဖောင်ဒေးရှင်းက တောင်းဆိုခဲ့တယ်။ အသုံးပြုခွင့်လည်း ရခဲ့တယ်။ ရဲတွေတောင် jw.org က ဗီဒီယိုတွေကို အသုံးပြုနေကြပါတယ်။

ဒီဝက်ဘ်ဆိုက်ကို ဝင်မကြည့်ဖူးဘူးဆိုရင် ဝင်ကြည့်ပါ။ ရှာဖွေရ လွယ်ကူပါတယ်။ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေအပြင် အော်ဒီယိုဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေကို အခမဲ့ ကူးယူ နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ