ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၂ စာ. ၁
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိုက်နယ်စည်းဝေးပွဲအစီအစဉ်အသစ်
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ညီအစ်ကိုတွေကို ယုံကြည်စိတ်ချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ယုံကြည်ကိုးစားမှုသည် ဘဝပျော်ရွှင်ရေးအတွက် အရေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၇/၀၂ စာ. ၁

တိုက်နယ်စည်းဝေးအစီအစဉ်သစ်

၁ ကျွန်ုပ်တို့သည် မတည်ငြိမ်သောလောကတွင် ယုံကြည်ခြင်းဘက် မြဲမြံစွာရပ်တည်ရန် ယေဟောဝါကို ယုံကြည်ကိုးစားရမည်။ ၎င်းသည် လက်တွေ့တွင် ဘာကိုဆိုလိုသနည်း။ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းသည် ကျွန်ုပ်တို့၏ကိုယ်ပိုင်နှင့် မိသားစုအသက်တာအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ ယင်းသည် စာတန့်လောက၏သြဇာကို ခုခံတွန်းလှန်ရန် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးသနည်း။ ၂၀၀၃ ခုနှစ်လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးအစီအစဉ်က ယင်းမေးခွန်းများကို ဖြေဆိုပေးသည်။ ယင်း၏အဓိကအချက်မှာ “ယေဟောဝါကို ယုံကြည်ကိုးစား၍ ကောင်းသောအကျင့်ကိုကျင့်လော့” ဖြစ်သည်။—ဆာ. ၃၇:၃၊ ကဘ။

၂ ကျွန်ုပ်တို့သည် အထူးအခါသမယများ သို့မဟုတ် အလွန်လိုအပ်သောအချိန်များ၌သာ ယေဟောဝါကို ယုံကြည်ကိုးစားဖို့မဟုတ်ပါ။ ယင်းသည် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာကဏ္ဍတိုင်းအပေါ် အကျိုးသက်ရောက်သည်။ ယင်းကို “ယေဟောဝါကို အခါခပ်သိမ်း ယုံကြည်ကိုးစားလော့” ဟူသော အဖွင့်ဟောပြောချက်တွင် အလေးပေးတင်ပြထားသည်။ (ဆာ. ၆၂:၈၊ ကဘ) “ယေဟောဝါအား ယုံကြည်ကိုးစားကြောင်းတင်ပြခြင်း” ဟူသည့် လေးပိုင်းပါသောအခန်းဆက်ဟောပြောချက်က အောင်မြင်သောအိမ်ထောင်တစ်ခု တည်ဆောက်ရန်၊ မိသားစုအသိုင်းအဝိုင်းတွင်ပေါ်ပေါက်သည့်ပြဿနာများကို ကိုင်တွယ်ရန်နှင့် ကျွန်ုပ်တို့၏ ရုပ်ပိုင်းလိုအပ်ရာမျာအား ဖြည့်ဆည်းရန် ကျွန်ုပ်တို့ကိုကူညီပေးနိုင်သည့် ကျမ်းစာအခြေပြုအချက်အလက်များကို ရှာဖွေကျင့်သုံးပုံတို့ကို တင်ပြမည်ဖြစ်သည်။

၃ စာတန့်လောကသည် ကျွန်ုပ်တို့အား အမှန်နှင့်အမှားကို လွဲမှားစွာရှုမြင်စေရန်နှင့် အရေးကြီးသည့်အရာနှင့် အရေးမကြီးသည့်အရာကို ရှုပ်ထွေးစေရန် ကြိုးစားသည်။ (ဟေရှာ. ၅:၂၀) “အသက်တာတွင် အချည်းနှီးသောအရာများကို သတိထားလော့” နှင့် “မကောင်းမှုကိုရှောင်—ကောင်းသောအကျင့် ကျင့်သူများဖြစ်လော့” ဟူသောဟောပြောချက်များက ယေဟောဝါ၏မြင့်မြတ်သော စံနှုန်းများကိုကိုင်စွဲရန် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မာစေမည်ဖြစ်သည်။—အာ. ၅:၁၄။

၄ လက်ရှိအစီအစဉ်စနစ်ဆိုးကို ယေဟောဝါအဆုံးတိုင်စေသောအခါ ဘုရားသခင့်ကျေးကျွန်များသည် ကိုယ်တော်အား အပြည့်အဝယုံကြည်ကိုးစားရန် လိုအပ်မည်ဖြစ်သည်။ “ကမ္ဘာ့ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် နီးပြီ” ဟူသော လူထုဟောပြောချက်တွင် ယင်းကိုပေါ်လွင်စေသည်။ ထို့နောက် “သင်သည် ဘုရားသခင့်နိုင်ငံတော်နှင့်ထိုက်တန်သည်ဟု ယူမှတ်ခံရမည်လော” ဟူသည့်အပိုင်းတွင် ကျွန်ုပ်တို့ကိုယ်ကို ဆန်းစစ်ကြရန် ဖိတ်ခေါ်ခံရလိမ့်မည်။ “ယေဟောဝါ၏ကတိတော်များကို ယုံကြည်ကိုးစားလော့” ဟူသောတိုက်တွန်းချက်ဖြင့် အစီအစဉ်ကို နိဂုံးချုပ်မည်ဖြစ်သည်။

၅ စည်းဝေးပွဲတိုင်းတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ နှစ်ခြင်းဟောပြောချက်ဖြစ်သည်။ နှစ်ခြင်းခံလိုသူမည်သူမဆိုသည် လိုအပ်သောအစီအစဉ်များပြုလုပ်နိုင်ရန် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း ဦးစီးကြီးကြပ်မှူးကို ပြောပြသင့်သည်။

၆ မသေချာမရေရာသောဤအချိန်တွင် ယေဟောဝါသည် ယုံကြည်စိတ်ချမှုနှင့် တည်ငြိမ်မှု၏ တစ်ခုတည်းသော စစ်မှန်သည့်ရင်းမြစ်ဖြစ်သည်။ (ဆာ. ၁၁၈:၈၊ ၉) ကျွန်ုပ်တို့အားလုံး တိုက်နယ်စည်းဝေးအစီအစဉ်တစ်ခုလုံးကို တက်ရောက်ခြင်းဖြင့် ကိုယ်တော်အပေါ် ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှု တိုးပွားနိုင်ကြပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ