ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၀၂ စာ. ၃
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • နည်းပညာ၏ အရှိန်အဟုန်ပြင်းစွာပျံ့နှံ့လာမှု
    နိုးလော့!—၂၀၀၉
  • ကြေညာသူများရဲ့ မေးခွန်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • မိုဘိုင်းလ်ဖုန်း မိတ်ဆွေလော၊ ရန်သူလော
    နိုးလော့!—၂၀၀၅
  • ကောင်းချီးလော၊ ဘေးသင့်ခြင်း၏အကြောင်းရင်းလော
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၇/၀၂ စာ. ၃

မေးခွန်းသေတ္တာ

◼ ဆယ်လူလာဖုန်းများအသုံးပြုသည့်အခါ ကျွန်ုပ်တို့ဘာကိုသတိရသင့်သနည်း။

ကျွန်ုပ်တို့သည် ထိုသို့သောကိရိယာများဖြင့် အခြားသူတို့အား ကျွန်ုပ်တို့ရှိမည့်နေရာတိုင်းလိုလိုမှ ဆက်သွယ်နိုင်သည်။ ယင်းသည်အသုံးဝင်မည်ဖြစ်သော်လည်း မသင့်လျော်သည့်အချိန်များတွင် ဆယ်လူလာဖုန်းများအသုံးပြုခြင်းကြောင့် ကျွန်ုပ်တို့၏ဓမ္မအမှု သို့မဟုတ် ခရစ်ယာန်အစည်းအဝေးများကို မထိခိုက်စေရန် သတိထားရမည်။ မည်သို့ဖြစ်နိုင်သနည်း။

လယ်ကွင်းဓမ္မအမှုတွင် သက်သေခံနေစဉ် ကျွန်ုပ်တို့၏ဆယ်လူလာဖုန်းမြည်လာလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို သုံးသပ်ပါ။ အိမ်ရှင် မည်သို့ထင်သွားမည်နည်း။ ဖုန်းပြန်ထူးရန် ကျွန်ုပ်တို့ရပ်လိုက်လျှင် မည်သို့ယူဆသွားနိုင်သနည်း။ အခြားသူများ နိုင်ငံတော်သတင်းနားထောင်နေသည်ကို အနှောင့်အယှက်ဖြစ်စေရန် မည်သည့်အရာကိုမျှ ကျွန်ုပ်တို့လုပ်လိုကြမည်မဟုတ်သည်မှာ သေချာသည်။ (၂ ကော. ၆:၃) ထို့ကြောင့် ဆယ်လူလာဖုန်းကို ကိုင်ဆောင်မည်ဆိုလျှင် လယ်ကွင်းဓမ္မအမှုတွင်ပါဝင်နေစဉ် ကျွန်ုပ်တို့ကို သို့မဟုတ် အခြားသူတို့ကို အနှောင့်အယှက် မဖြစ်စေရန် ချိန်ညှိစီစဉ်သင့်သည်။

အခြားသူများသက်သေခံနေစဉ် ကျွန်ုပ်တို့စောင့်နေရသည့်အခါ၌ကော။ ကျွန်ုပ်တို့သည် လယ်ကွင်းလုပ်ငန်းအတွက် အချိန်တစ်ချိန်ကို သတ်မှတ်ထားပြီဆိုလျှင် ထိုလုပ်ငန်းအပေါ် အာရုံမစိုက်သင့်ပေလော။ မြင့်မြတ်သောလုပ်ငန်းတော်ကို ရိုသေလေးစားသောအားဖြင့် မလိုလားအပ်သော ကိုယ်ရေးကိုယ်တာကိစ္စများ သို့မဟုတ် လူမှုရေးကိစ္စများကို ကျေးဇူးပြု၍ အခြားအချိန်တစ်ချိန်တွင် ဆောင်ရွက်ပါ။ (ရော. ၁၂:၇) ယင်းက နောက်ထပ်သက်သေခံရန် သို့မဟုတ် ထိုသို့ပြုဖို့ အချိန်းအချက်ပြုရန် ဖုန်းကိုအသုံးမပြုရဟူ၍ မဆိုလိုပါ။

ကျွန်ုပ်တို့သည် ကားမောင်းနေစဉ် ဆယ်လူလာဖုန်းအသုံးပြုခြင်းနှင့်ပတ်သက်၍ အထူးသတိပြုရမည်၊ အကြောင်းမှာ ထိုသို့ပြုခြင်းသည် မတော်တဆဖြစ်မှုအန္တရာယ်ကို အလွန်တိုးများစေကြောင်း လေ့လာမှုအချို့က ဖော်ပြသောကြောင့်ဖြစ်သည်။ ကားမောင်းစဉ် ဆယ်လူလာဖုန်းအသုံးပြုခြင်းကို ကန့်သတ်ထားသော မည်သည့်ဥပဒေကိုမဆို တစ်သဝေမတိမ်းလိုက်နာသင့်သည်။

ကျွန်ုပ်တို့သည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ရန်နှင့် ကိုယ်တော်၏သွန်သင်မှုကိုခံယူရန် ခရစ်ယာန်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများသို့ လာကြသည်။ ဤအခါသမယများ၏မြင့်မြတ်မှုကို ကျေးဇူးတင်လေးမြတ်ခြင်းက ကျွန်ုပ်တို့ သို့မဟုတ် အခြားသူများ အာရုံမပျံ့လွင့်စေရန် ဆယ်လူလာဖုန်းများကို သတ်မှတ်ကန့်သတ်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သည်မဟုတ်လော။ ချက်ချင်းဆောင်ရွက်ဖို့လိုသည့် အရေးတကြီးကိစ္စရှိလျှင် အစည်းအဝေးလုပ်နေသည့်နေရာ၏ အပြင်ဘက်သို့ထွက်ကာ ဆောင်ရွက်သင့်သည်။ ထိုသို့မဟုတ်လျှင် ကိုယ်ရေးကိုယ်တာနှင့် လောကီကိစ္စများကို ဝတ်ပြုရန်အတွက် သတ်မှတ်ထားသည့်အချိန်တွင်မဟုတ်ဘဲ အခြားအချိန်များတွင် ဆောင်ရွက်ရန်စီစဉ်သင့်သည်။—၁ ကော. ၁၀:၂၄။

ဆယ်လူလာဖုန်း သို့မဟုတ် အခြားမည်သည့် အီလက်ထရွန်နစ်ပစ္စည်းကိုမဆို ကျွန်ုပ်တို့အသုံးပြုပုံသည် အခြားသူများအား စာနာထောက်ထားကြောင်း၊ ဝိညာဉ်ရေးရာများကို အလွန်လေးမြတ်ကြောင်း အစဉ်ပြသနိုင်ပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ