ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၁၃ စာ. ၂
  • ကြေညာသူများရဲ့ မေးခွန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာသူများရဲ့ မေးခွန်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • နည်းပညာကို ချင့်ချင့်ချိန်ချိန်နှင့် ငွေကုန်ကြေးကျသက်သာအောင် အသုံးပြုပါ
    နိုးလော့!—၂၀၀၉
  • နည်းပညာ၏ အရှိန်အဟုန်ပြင်းစွာပျံ့နှံ့လာမှု
    နိုးလော့!—၂၀၀၉
  • ကောင်းချီးလော၊ ဘေးသင့်ခြင်း၏အကြောင်းရင်းလော
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၄/၁၃ စာ. ၂

ကြေညာသူများရဲ့ မေးခွန်း

◼ ခရစ်ယာန်အစည်းအဝေးတွေ တက်ရောက်တဲ့အခါနဲ့ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ ဆဲလ်ဖုန်းအသုံးပြုတာနဲ့ပတ်သက်ပြီး ဘယ်ကျမ်းစာမူတွေကို ကျင့်သုံးနိုင်ပါသလဲ။

“ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။” (ဒေ. ၃:၁)– ဆဲလ်ဖုန်းတွေကြောင့် လူတွေက တစ်ယောက်ကိုတစ်ယောက် အချိန်တိုင်းနီးပါး ပြောဆိုဆက်သွယ်နိုင်ကြတယ်၊ ဖုန်းနဲ့ စာပို့နိုင်ကြတယ်။ ဒါပေမဲ့ ခရစ်ယာန်တွေဟာ မိမိတို့ရဲ့ ဖုန်းကြောင့် အာရုံမပျံ့လွင့်သွားစေချင်တဲ့ အချိန်အခါတွေ ရှိပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့ရဲ့ အစည်းအဝေးတွေဟာ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့၊ ကျမ်းစာလမ်းညွှန်ချက်တွေ ခံယူဖို့နဲ့ အပြန်အလှန်အားပေးဖို့ အချိန်အခါဖြစ်ပါတယ်။ (တရား. ၃၁:၁၂; ဆာ. ၂၂:၂၂; ရော. ၁:၁၁၊ ၁၂) အစည်းအဝေးကို ရောက်လာတဲ့အခါ ဖုန်းကို ပိတ်ထားနိုင်ပါတယ်။ အစည်းအဝေးပြီးမှ ဖုန်းပြန်ဖွင့်ပြီး ပို့ထားတဲ့ မက်ဆေ့ချ်တွေကို ဖတ်နိုင်ပါတယ်။ အရေးပေါ်အခြေအနေကြောင့် ဖုန်းဖွင့်ထားချင်တယ်ဆိုရင် တခြားသူတွေအတွက် အနှောင့်အယှက်မဖြစ်အောင် ဖုန်းရဲ့ဆက်တင်ကို ချိန်ညှိထားသင့်ပါတယ်။

‘သတင်းကောင်းအတွက် အရာခပ်သိမ်းကို ပြုပါ။’ (၁ ကော. ၉:၂၃)– တစ်ခါတလေ အမှုဆောင်လုပ်ငန်းမှာ ဆဲလ်ဖုန်းအသုံးပြုဖို့ လိုအပ်တဲ့ အချိန်အခါတွေ ရှိပါတယ်။ ဥပမာ၊ ဦးဆောင်တဲ့ ညီအစ်ကိုတစ်ဦးဟာ ရပ်ကွက်အတွင်း တခြားအပိုင်းမှာ ဟောပြောနေကြတဲ့သူတွေကို ဆက်သွယ်ဖို့ ဆဲလ်ဖုန်းအသုံးပြုကောင်း အသုံးပြုနိုင်တယ်။ ကြေညာသူတွေကလည်း အမှုဆောင်ရပ်ကွက်နဲ့ အဝေးကြီးမှာ နေထိုင်တဲ့ စိတ်ဝင်စားသူတစ်ဦး ဒါမှမဟုတ် ကျမ်းစာသင်သားဆီ မသွားခင် သူတို့ရဲ့ ဆဲလ်ဖုန်းကို အသုံးပြုပြီး ဖုန်းဆက်တတ်ကြတယ်။ ကျွန်ုပ်တို့မှာ ဖုန်းပါလာတယ်ဆိုရင် အိမ်ရှင်နဲ့ စကားပြောနေတဲ့အခါ အနှောင့်အယှက်မဖြစ်ရလေအောင် ကြိုတင်စီမံထားသင့်ပါတယ်။ (၂ ကော. ၆:၃) တခြားကြေညာသူတွေကို စောင့်နေတဲ့အခါ မိတ်ဆွေတစ်ယောက်ဆီ ဖုန်းဆက်တာ၊ ဒါမှမဟုတ် ဖုန်းနဲ့စာပို့တာတို့ လုပ်မယ့်အစား အမှုဆောင်လုပ်ငန်းနဲ့ ညီအစ်ကို ညီအစ်မတွေကို အာရုံစိုက်သင့်ပါတယ်။

တခြားသူတွေကို ထောက်ထားစာနာပါ။ (၁ ကော. ၁၀:၂၄; ဖိ. ၂:၄) တစ်ယောက်ယောက်ဆီ ဖုန်းဆက်ပြီး ဒါမှမဟုတ် ဖုန်းနဲ့စာပို့ပြီး အုပ်စုဘယ်မှာ အမှုဆောင်နေတယ်ဆိုတာ သိနိုင်တယ်ဆိုတဲ့သဘောနဲ့ လယ်ကွင်းစုဆုံမှုကို အလေးအနက်မထားတာမျိုး မဖြစ်လိုကြပါဘူး။ ကျွန်ုပ်တို့ နောက်ကျမှရောက်သွားမယ်ဆိုရင် အုပ်စုကို ပြန်စီစဉ်ရပါတယ်။ တစ်ခါတလေမှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်ုပ်တို့ နောက်ကျနိုင်ပါတယ်။ ဒါပေမဲ့ အချိန်မီရောက်ဖို့ အကျင့်လုပ်ထားမယ်ဆိုရင် ယေဟောဝါဘုရားသခင်ရဲ့ အစီအစဉ်၊ ဦးဆောင်တဲ့ညီအစ်ကိုနဲ့ ညီအစ်ကိုညီအစ်မတွေကို ထည့်တွက်စဉ်းစားကြောင်း ပြသရာရောက်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ