ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၃ စာ. ၈
  • မြင့်မြတ်သောနာမတော်ကိုသိရှိစေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြင့်မြတ်သောနာမတော်ကိုသိရှိစေခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၏နာမတော်ကို ကျွန်ုပ်တို့အဘယ်ကြောင့် သိရမည်အကြောင်း
    ထာဝစဉ် တည်တံ့ သွားမည့် မြင့်မြတ်သော နာမတော်
  • နာမတော်ကို ယေဟောဝါ ဂုဏ်တင်ချီးမြှောက်
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ယေဟောဝါရဲ့ ကြီးမြတ်တဲ့နာမည်ကို ဂုဏ်တင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဘုရားသခင့်နာမည်
    နိုးလော့!—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၆/၀၃ စာ. ၈

မြင့်မြတ်သောနာမတော်ကိုသိရှိစေခြင်း

၁။ ဘုရားသခင်၏ ကိုယ်ပိုင်နာမတော်ကိုသိရှိခြင်းက လူတို့အပေါ် အဘယ်အကျိုးသက်ရောက်နိုင်သနည်း။

၁ ဘုရားသခင့်နာမတော်ကို ပထမဆုံးအကြိမ်သိခဲ့ရချိန်တွင် သင်မည်သို့တုံ့ပြန်ခဲ့သနည်း။ လူအများသည် ဤကဲ့သို့ပြောခဲ့သောအမျိုးသမီးနှင့် တုံ့ပြန်ပုံချင်းတူကြသည်– “ကျမ်းစာထဲမှာ ဘုရားသခင့်နာမတော်ကို ပထမဆုံးအကြိမ်တွေ့လိုက်ရတဲ့အခါ ကျွန်မမျက်ရည်ကျခဲ့တယ်။ ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို အမှန်တကယ်သိရှိပြီး အသုံးပြုနိုင်စေခဲ့တဲ့အသိပညာက ကျွန်မကို အရမ်းလှုံ့ဆော်မှုဖြစ်စေခဲ့တယ်။” မြင့်မြတ်သောနာမတော်ကိုသိရှိခြင်းသည် ထိုအမျိုးသမီးအတွက် ယေဟောဝါအား ပုဂ္ဂိုလ်တစ်ပါးအဖြစ်သိရှိရန်နှင့် ကိုယ်တော်နှင့် ဆက်ဆံရေးတည်ဆောက်နိုင်ရန် အရေးပါသောခြေလှမ်းတစ်ခုဖြစ်ခဲ့သည်။

၂။ အခြားသူများအား ယေဟောဝါအကြောင်းသွန်သင်ပေးရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၂ ယင်းကို အဘယ်ကြောင့်သိရှိစေရသနည်း– ဘုရားသခင့်နာမတော်သည် ကိုယ်တော်၏ဂုဏ်ရည်တော်၊ ရည်ရွယ်ချက်၊ လုပ်ရပ်များနှင့်ဆက်စပ်နေ၏။ ယင်းသည် ကယ်တင်ခြင်းနှင့်လည်းဆက်စပ်နေ၏။ “ထာဝရဘုရား [“ယေဟောဝါနာမ၊” ကဘ] ကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့” ဟု တမန်တော်ပေါလုရေးသားခဲ့သည်။ သို့သော် လူတို့သည် ယေဟောဝါအကြောင်း ဦးဆုံးသင်ယူကာ ကိုယ်တော့်ကိုယုံကြည်ကြောင်းမတင်ပြလျှင် “အဘယ်သို့ပတ္ထနာပြုနိုင်မည်နည်း” ဟူ၍ ပေါလုကျိုးကြောင်းဆင်ခြင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင့်နာမတော်နှင့် ယင်းက ကိုယ်စားပြုသည့်အရာအားလုံးကို အခြားသူများအား သိရှိစေခြင်းသည် ခရစ်ယာန်များအတွက်အရေးကြီး၏။ (ရော. ၁၀:၁၃၊ ၁၄) သို့သော် မြင့်မြတ်သောနာမတော်ကို သိရှိစေရမည့် သာ၍အရေးပါသောအကြောင်းရင်းတစ်ခုရှိသည်။

၃။ ကျွန်ုပ်တို့ဟောပြောရသည့် အဓိကအကြောင်းရင်းကား အဘယ်နည်း။

၃ ၁၉၂၀ ပြည့်လွန်နှစ်များတွင် ဘုရားသခင့်လူမျိုးတော်သည် ဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့် နာမတော်သန့်ရှင်းမြင့်မြတ်ရေးအပေါ် သံသယကင်းရှင်းစေခြင်းနှင့်ပတ်သက်သည့် စကြဝဠာအရေးကိစ္စကို သမ္မာကျမ်းစာမှ သိရှိခဲ့ကြသည်။ မိမိ၏နာမတော်အပေါ် စုပုံကျရောက်ခဲ့သည့် ကဲ့ရဲ့ရှုတ်ချမှုကိုဖယ်ရှားပစ်ရန် ဆိုးသွမ်းသူများအား ယေဟောဝါမဖျက်ဆီးမီ ကိုယ်တော်နှင့်ပတ်သက်သည့်သမ္မာတရားကို “မြေတစ်ပြင်လုံး၌ထင်ရှား [“သိရှိစေ၊” ကဘ]” ရမည်ဖြစ်သည်။ (ဟေရှာ. ၁၂:၄၊ ၅; ယေဇ. ၃၈:၂၃) ထို့ကြောင့် ကျွန်ုပ်တို့ဟောပြောရသည့် အဓိကအကြောင်းရင်းမှာ ယေဟောဝါအား လူသိရှင်ကြားချီးမွမ်းရန်နှင့် လူသားအားလုံးရှေ့ ကိုယ်တော်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေရန်ဖြစ်သည်။ (ဟေဗြဲ ၁၃:၁၅) ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်သည့်မေတ္တာက ဤဘုရားပေးလုပ်ငန်းတွင် အပြည့်အဝပါဝင်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးပါမည်။

၄။ ယေဟောဝါသက်သေများအား ဘုရားသခင့်နာမတော်ဖြင့် မည်သို့ခွဲခြားသိရှိခဲ့ကြပြီနည်း။

၄ “နာမတော်ဖြင့်သမုတ်ခံရမည့် လူမျိုးတစ်မျိုး”– ကျွန်ုပ်တို့သည် ယေဟောဝါသက်သေများဟူသောအမည်ကို ၁၉၃၁ ခုနှစ်တွင် ခံယူခဲ့ကြသည်။ (ဟေရှာ. ၄၃:၁၀) ထိုအချိန်မှစ၍ ဘုရားသခင့်လူမျိုးသည် ကြွေးကြော်သူများ စာအုပ်၊ စာမျက်နှာ ၁၂၄ [လိပ်] တွင်ဖော်ပြထားသည့် အတိုင်းအတာအထိ မြင့်မြတ်သောနာမတော်ကိုသိရှိစေခဲ့ကြပြီ– “ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါဟူသောနာမတော်ကို လွတ်လပ်စွာအသုံးပြုသည့် မည်သူ့ကိုမဆို ယေဟောဝါသက်သေတစ်ဦးအဖြစ် ချက်ချင်းခွဲခြားသိရှိကြသည်။” ဤနည်းဖြင့် သင့်အား ခွဲခြားသိရှိကြသလော။ ယေဟောဝါ၏ကောင်းမြတ်မှုအတွက် ကျေးဇူးတင်ခြင်းက သင့်လျော်သည့်အခွင့်အရေးရတိုင်း ကိုယ်တော့်အကြောင်းပြောဆိုကာ “နာမတော်ကိုကောင်းချီးပေး” ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသင့်သည်။—ဆာ. ၂၀:၇; ၁၄၅:၁၊ သမ္မာ၊ ၂၊ ၇။ 

၅။ ကျွန်ုပ်တို့၏အမူအကျင့်သည် ဘုရားသခင့်နာမတော်ကိုခံယူခြင်းနှင့် မည်သို့ပတ်သက်သနည်း။

၅ “နာမတော်ဖြင့်သမုတ်ခံရမည့်လူမျိုးတစ်မျိုး” အနေဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏စံနှုန်းများကို စွဲကိုင်ထားကြရမည်။ (တ. ၁၅:၁၄၊ ကဘ; ၂ တိ. ၂:၁၉) အများအားဖြင့် ယေဟောဝါသက်သေများနှင့်ပတ်သက်၍ လူတို့ဦးဆုံးသတိပြုမိသည့်အရာမှာ ၎င်းတို့၏အမူအကျင့်ကောင်းဖြစ်သည်။ (၁ ပေ. ၂:၁၂) ကျွန်ုပ်တို့သည် ဘုရားရေးရာမူများကိုဖီဆန်ခြင်းဖြင့် သို့မဟုတ် ကိုယ်တော်၏ဝတ်ပြုမှုကို အသက်တာတွင် ဒုတိယနေရာ၌ထားခြင်းဖြင့် ကိုယ်တော်၏နာမတော်ကို မည်သည့်အခါမျှ မထီမဲ့မြင်ပြုလိုကြမည်မဟုတ်ပေ။ (ဝတ်. ၂၂:၃၁၊ ၃၂; မာလ. ၁:၆-၈၊ ၁၂-၁၄) ထိုသို့ပြုမည့်အစား ကျွန်ုပ်တို့သည် မြင့်မြတ်သောနာမတော်အား ခံယူရသည့်အခွင့်ထူးကို မြတ်နိုးကြောင်း မိမိတို့၏ဘဝလမ်းစဉ်အားဖြင့် ပြသနိုင်ကြပါစေ။

၆။ ယခုရော ထာဝရပါ မည်သည့်အခွင့်ထူးကို ကျွန်ုပ်တို့ရရှိနိုင်သနည်း။

၆ ယေဟောဝါ၏ဤကြေညာချက်သည် ပြည့်စုံလျက်ရှိကြောင်း ယနေ့ ကျွန်ုပ်တို့တွေ့ မြင်ကြရသည်– “နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင်အောင် တစ်ပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီးမြတ်ရလိမ့်မည်။” (မာလ. ၁:၁၁) ယေဟောဝါနှင့်စပ်လျဉ်းသည့်သမ္မာတရားကို ဆက်လက်၍သိရှိစေကာ “သန့်ရှင်းသောနာမတော်ကို ကာလအစဉ်အဆက် ကောင်းချီးပေးကြ” စို့။—ဆာ. ၁၄၅:၂၁၊ သမ္မာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ