ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၆ စာ. ၄
  • အထူးစည်းဝေးပွဲနေ့ အစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူးစည်းဝေးပွဲနေ့ အစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးစည်းဝေးပွဲနေ့ ပြန်လည်သုံးသပ်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • သင့်မျက်စိကို ရိုးရှင်းစေပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • အထူးစည်းဝေးပွဲနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၁/၀၆ စာ. ၄

အထူးစည်းဝေးပွဲနေ့ အစီအစဉ်သစ်

မျက်စိသည် အံ့ဖွယ်ဒီဇိုင်းတစ်ခုဖြစ်၏။ (ဆာ. ၁၃၉:၁၄) သို့တိုင် ယင်းသည် တစ်ကြိမ်လျှင် တစ်ခုတည်းကိုသာ အာရုံစိုက်နိုင်၏။ ပကတိမျက်စိနှင့် ပုံဆောင်မျက်စိနှစ်မျိုးစလုံးသည် ထိုအတိုင်းပင်ဖြစ်၏။ ကျွန်ုပ်တို့သည် ဝိညာဏအမြင်အာရုံ ကြည်လင်နေစေရန် ဘုရားသခင့်အလိုတော်ဆောင်ခြင်းအပေါ် အာရုံစိုက်နေရမည်။ စာတန့်လောက၏ အစဉ်တိုးများလာနေသော အာရုံပျံ့လွင့်စရာများကိုထောက်ရှုသော် ၂၀၀၆ လုပ်ငန်းတော်နှစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်က “သင့်မျက်စိကို ရိုးရှင်းစွာထားလော့” ဟူသောအဓိကအကြောင်းကို အဆင့်ဆင့်တင်ပြသွားမည်ဖြစ်ရာ အလွန်သင့်လျော်ပါသည်တကား!—မ. ၆:၂၂၊ ကဘ။

ယေဟောဝါထံတော်မှ ကောင်းချီးများရရှိရန် ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။ (သု. ၁၀:၂၂) “မျက်စိကို ရိုးရှင်းစွာထားခြင်းမှ ကောင်းချီးများရိတ်သိမ်းလော့” ဟူသောအပိုင်းတွင် ၎င်းမေးခွန်းကို သုံးသပ်ပါမည်။ လူတွေ့မေးမြန်းခန်းများသည် ကျမ်းစာမူများကျင့်သုံးခြင်းမှ ကျွန်ုပ်တို့အကျိုးကျေးဇူးရရှိနိုင်ပုံကို ပေါ်လွင်စေပါမည်။ “ဆိုးညစ်သောလောကတွင် မျက်စိကို ရိုးရှင်းစွာထားခြင်း” ဟူသော ဧည့်ဟောပြောသူ၏ပထမဟောပြောချက်က ကျွန်ုပ်တို့၏အသက်တာကို ရှုပ်ထွေးစေပြီး ဝိညာဉ်ရေးကို တဖြည်းဖြည်းကျဆင်းစေနိုင်သည့် အရာများနှင့်စပ်လျဉ်း၍ သတိပေးမည်ဖြစ်သည်။ “ကောင်းသောအဖို့” ရွေးချယ်ခြင်းတွင် အဘယ်အရာပါဝင်သည်ကိုလည်း ကျွန်ုပ်တို့သိရလိမ့်မည်။—လု. ၁၀:၄၂။

မိဘများနှင့် အခြားသူများသည် ခရစ်ယာန်လူငယ်များအား ဝိညာဉ်ရေးရာများအပေါ် အာရုံစိုက်ရန် မည်သို့အားပေးနိုင်သနည်း။ “မိမိတို့၏မြားများကို ရှေ့တည့်တည့်ချိန်ရွယ်သော မိဘများ” နှင့် “ဝိညာဉ်ရေးပန်းတိုင်များကို တက်လှမ်းသော လူငယ်များ” ဟူသောအပိုင်းများတွင် ဤအရေးပါသည့်မေးခွန်းနှင့်စပ်လျဉ်းသည့် မိဘများနှင့် လူငယ်များထံမှ ဖော်ပြချက်များပါဝင်ပါမည်။ (ဆာ. ၁၂၇:၄) ဧည့်ဟောပြောသူ၏ နိဂုံးချုပ်ဟောပြောချက်သည် တစ်ဦးစီအနေနှင့်၊ မိသားစုအနေနှင့်၊ အသင်းတော်အနေနှင့် ယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ တိုးတက်နေနိုင်ပုံကို သုံးသပ်ပါမည်။

ကျွန်ုပ်တို့သည် သမ္မာတရားရခါစဖြစ်စေ၊ ယေဟောဝါ၏အမှုတော်ကို ဆယ်စုနှစ်ချီထမ်းဆောင်ခဲ့ပြီဖြစ်စေ ‘ကျွန်ုပ်တို့၏မျက်စိကို ရိုးရှင်းစွာထား’ ရန်အရေးကြီး၏။ ယင်းကိုလုပ်ဆောင်ရန် အထူးစည်းဝေးပွဲနေ့အစီအစဉ်က ကျွန်ုပ်တို့ကို ကူညီပေးပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ