ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၅ စာ. ၇
  • လက်တွေ့ကျင့်သုံးရန် ကူညီပေးသည့်ကျောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်တွေ့ကျင့်သုံးရန် ကူညီပေးသည့်ကျောင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သီအိုကရက်တစ်ဓမ္မအမှုကျောင်း ကျွန်ုပ်တို့ကို မည်သို့အကျိုးပြု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ယေဟောဝါသွန်သင်မှုကိုခံယူခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အသင်းတော်အတွက် ဟောပြောချက်များ ပြင်ဆင်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၁၂/၀၅ စာ. ၇

လက်တွေ့ကျင့်သုံးရန် ကူညီပေးသည့်ကျောင်း

၁ ၂၀၀၆ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်တွင် ဖော်ပြထားသည့် အကြောင်းအရာကို သုံးသပ်စဉ် မြင့်မြတ်သောလုပ်ငန်းတော်နှင့် နေ့စဉ်အသက်တာတွင် ယင်းတို့ကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ကျမ်းစာသွန်သင်ချက်များမှ အကျိုးကျေးဇူးရရှိရန် ကျွန်ုပ်တို့ ကြိုးစားကြသည်။ သင်ယူသိရှိရာများကို လက်တွေ့ကျင့်သုံးရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချထားကြသည်။—ယော. ၁၃:၁၇; ဖိ. ၄:၉။

၂ မှတ်ချက်များပေးခြင်း– ဤနှစ်အတွက်အစီအစဉ်သည် ကျမ်းစာပေါ်လွင်ချက်များတွင် ပရိသတ်ပါဝင်မှုအတွက် နောက်ထပ်တစ်မိနစ် ပိုပေးထားသည်။ ယင်းက ကျမ်းစာပေါ်လွင်ချက်များတင်ဆက်ရန် တာဝန်ရသောညီအစ်ကိုသည် မိမိ၏အပိုင်းကို ခြောက်မိနစ်အစား ငါးမိနစ်အတွင်းပြီးရန် ဂရုစိုက်သင့်သည်ဟုဆိုလို၏။ မိမိ၏ထိုင်ခုံမှ မှတ်ချက်ပေးသူများသည်လည်း မိမိတို့၏အချိန်ကို ဂရုစိုက်သင့်သည်။ အသေအချာ ကြိုတင်စဉ်းစားထားခြင်းဖြင့် မှတ်ချက်ပေးသူတစ်ဦးသည် စက္ကန့် ၃၀ သို့မဟုတ် ထိုထက်နည်းလျက် အထောက်အကူပြုအချက်အလက်များကို ဖော်ပြနိုင်သည်။ ပရိသတ်ပါဝင်ရန် သတ်မှတ်ထားသည့် ငါးမိနစ်အတွင်း ဆယ်ယောက်နီးပါးသည် အဓိပ္ပာယ်ရှိသောမှတ်ချက်များပေးနိုင်သင့်သည်။

၃ သွန်သင်ပေးသည့် ဟောပြောချက်များ– ကျမ်းစာပေါ်လွင်ချက်များနှင့် သွန်သင်ခြင်းဟောပြောချက်သည် ကျွန်ုပ်တို့၏ဓမ္မအမှုနှင့် နေ့စဉ်အသက်တာ၏အခြားကဏ္ဍများနှင့်သက်ဆိုင်သည့် အကြောင်းအရာ၏အသုံးဝင်မှုအပေါ် အာရုံစိုက်သင့်သည်။ ဟောပြောသူသည် နားထောင်နေသူများတွင် လုပ်ဆောင်လိုသည့်ဆန္ဒ ပေါက်ဖွားလာစေရန် လှုံ့ဆော်ပေးရုံထက်မကပြုသင့်သည်။ လုပ်ဆောင်ဖို့လိုသည့်အရာနှင့် ယင်းကို မည်သို့ပြီးမြောက်စေနိုင်ကြောင်း အတိအကျဖော်ပြကာ ထိုသို့လုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကို ညွှန်ပြသင့်သည်။ “ဒီကျမ်းပိုဒ်က ကျွန်တော်တို့အတွက် ဒီလိုလမ်းညွှန်မှုပေးတယ်” သို့မဟုတ် “ဒီအခန်းငယ်တွေကို ဓမ္မအမှုမှာ ဒီလိုအသုံးပြုနိုင်တယ်” ဟူ၍ပြောနိုင်သည်။ ဒေသန္တရအခြေအနေများကိုသိထားသော အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် အကြောင်းအရာကို မည်သို့လက်တွေ့ကျင့်သုံးနိုင်ကြောင်း အတတ်နိုင်ဆုံး သတ်သတ်မှတ်မှတ်ဖော်ပြရန် ကြိုးစားသင့်သည်။

၄ လက်တွေ့ကျင့်သုံးနိုင်ပုံ တင်ပြရာတွင် ကျမ်းစာပုံနမူနာများကို ကိုးကားဖော်ပြခြင်းက အထူးသဖြင့် ထိရောက်မှုရှိနိုင်သည်။ ဟောပြောသူသည် ကျမ်းစာပုံနမူနာတစ်ခုကို ဖော်ပြပြီးနောက် “ညီအစ်ကိုညီအစ်မတို့ကိုယ်တိုင်လည်း အဲဒီလိုအခြေအနေမျိုး ကြုံရကောင်းကြုံရနိုင်ပါတယ်” ဟူ၍ပြောနိုင်သည်။ သူသည် ကျမ်းစာပုံနမူနာ၏သက်ဆိုင်ပုံကိုဖော်ပြတိုင်း ကျမ်းချက်၏ရှေ့နောက်စကား၊ ကျမ်းစာတစ်အုပ်လုံး၊ ‘သစ္စာနှင့်သတိပညာရှိကျွန်’ မှထုတ်ဝေထားသည့်စာပေများနှင့် ညီညွတ်ကြောင်း သေချာစေသင့်သည်။—မ. ၂၄:၄၅။

၅ ဉာဏ်ပညာသည် အသိပညာနှင့် သိနားလည်မှုကို အောင်မြင်စွာအသုံးပြုနိုင်သည့် စွမ်းရည်ဖြစ်၏။ “ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။” (သု. ၄:၇) သီအိုကရက်တစ် ဓမ္မအမှုကျောင်းတွင် ကျွန်ုပ်တို့၏လေ့လာမှုများဖြင့် လက်တွေ့ကျဉာဏ်ပညာကို ဆက်လက်ဆည်းပူးစဉ် ယင်းကို အခြားသူတို့အား ဝေမျှနိုင်သည့် ကျွန်ုပ်တို့၏စွမ်းရည်လည်း တိုးတက်လာနိုင်ပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ