ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၆ စာ. ၈
  • တစ်အိမ်မှတစ်အိမ် သက်သေခံခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်အိမ်မှတစ်အိမ် သက်သေခံခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူစုဝေးရာနှင့်တစ်အိမ်မှတစ်အိမ် သွန်သင်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • တစ်အိမ်မှတစ်အိမ်ဓမ္မအမှုလုပ်ငန်း—ယနေ့အချိန်တွင် အဘယ်ကြောင့်အရေးကြီးသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • အားလျော့ခြင်းမရှိဘဲ တစ်အိမ်မှတစ်အိမ်သွားခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ညနေပိုင်းသက်သေခံခြင်းမှာ သင် ပါဝင်နိုင်မလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၉/၀၆ စာ. ၈

တစ်အိမ်မှတစ်အိမ် သက်သေခံခြင်း

၁။ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုနှင့်ပတ်သက်၍ အဘယ်မေးခွန်းပေါ်လာသနည်း။ အဘယ်ကြောင့်နည်း။

၁ “သမ္မာတရားပျံ့နှံ့စေသည့် နည်းအမျိုးမျိုးကို အသုံးပြုဖူးသူတို့က နှစ်တစ်ထောင်အရုဏ်ဦးစာအုပ်ဖြင့် တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းသည် ယခုအချိန်အထိ သမ္မာတရားကို ဟောပြောရာတွင် အထိရောက်ဆုံးနည်းဖြစ်ကြောင်း သဘောတူကြပေမည်။” ယင်းမှာ ဇူလိုင် ၁၊ ၁၈၉၃၊ ဇိအုန်ကင်းမျှော်စင်[လိပ်]ပါ တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏ အကျိုးရှိမှုကို ပေါ်လွင်အောင်ဖော်ပြထားချက်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိလူတို့သည် တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းကို ယေဟောဝါသက်သေတို့၏ အမှတ်အသားအဖြစ် ရှုမြင်လာကြသည်။ အချို့ဒေသများတွင် လူများကို အိမ်များ၌ရှာတွေ့ရန် ပို၍ခက်ခဲလာသောကြောင့် ယင်းနည်းလမ်းသည် အသုံးဝင်နေဆဲလော။

၂။ တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းအတွက် အဘယ်ကျမ်းစာအခြေခံရှိသနည်း။

၂ သမ္မာကျမ်းစာနှင့်ညီညွတ်ပြီး အရေးကြီး– တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းသည် သမ္မာကျမ်းစာပေါ် အခြေပြုသည်။ ယေရှုက တပည့်တော် ၇၀ ကို လူများရှိရာအိမ်များသို့ နှစ်ဦးစီစေလွှတ်တော်မူခဲ့သည်။ (လု. ၁၀:၅-၇) ယေရှုသေဆုံးပြီးမကြာမီတွင် ကိုယ်တော်၏တပည့်တော်တို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ်ဆုံးမသွန်သင်လျက် . . . ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။” (တ. ၅:၄၂) တမန်တော်ပေါလုလည်း တစ်အိမ်မှတစ်အိမ် ထက်သန်စွာသွန်သင်ခဲ့သည်။—တ. ၂၀:၂၀။

၃။ တစ်အိမ်မှတစ်အိမ် သက်သေခံခြင်း၏ အကျိုးကျေးဇူးအချို့မှာ အဘယ်နည်း။

၃ တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းသည် ယနေ့အချိန်တွင် သတင်းကောင်းပျံ့နှံ့စေသည့် အရေးပါသောနည်းလမ်းတစ်ခု ဖြစ်နေဆဲပင်။ ယင်းက အစီအစဉ်စည်းစနစ်တကျဖြင့် ထိုက်တန်သူကို ‘ရှာတွေ့’ စေနိုင်သည်။ (မ. ၁၀:၁၁) လူတို့သည် အများအားဖြင့် အိမ်တွင်ပို၍ သက်သောင့်သက်သာရှိကြသည်။ ထိုသူတို့နှင့် မျက်နှာချင်းဆိုင်—သူတို့၏အသံကိုကြားရပြီး သူတို့၏မျက်နှာအမူအရာကို မြင်ရကာ သူတို့ပတ်ဝန်းကျင်ကို သတိပြုမိ—ခြင်းဖြင့် သူတို့၏စိတ်ဝင်စားရာနှင့် စိုးရိမ်ပူပန်မှုများကို ပိုင်းခြားသိမြင်စေသည်။ အကောင်းဆုံးအခွင့်အရေးဖြစ်သော ပို၍ကြာကြာစကားစမြည်ပြောဆိုခွင့်ကိုလည်း ရရှိစေလေ့ရှိသည်။

၄။ တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းကို ပို၍အကျိုးရှိစေရန် မည်သို့ပြုလုပ်နိုင်သနည်း။

၄ ကိုယ်ရေးကိုယ်တာ ပြုပြင်ပြောင်းလဲမှုများ– တမန်တော်ပေါလုက “ဧဝံဂေလိတရားကြောင့်” ကိုယ်ရေးကိုယ်တာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုလိုလားလားရှိခဲ့သည်။ (၁ ကော. ၉:၂၃) ညနေပိုင်းအချိန်၊ ရက်သတ္တပတ်အဆုံးပိုင်းရက်များ သို့မဟုတ် အားလပ်ရက်များစသည့် လူအများစု အိမ်တွင်ရှိနိုင်သည့်အချိန်တွင်ဟောပြောရန် ကျွန်ုပ်တို့၏ဇယားကို ပြုပြင်ပြောင်းလဲနိုင်သည်။ လူမရှိသောအိမ်များကိုမှတ်ထားပြီး ရက်သတ္တပတ်၏ အခြားရက်တစ်ရက်တွင် သို့မဟုတ် ထိုနေ့အတွင်း အခြားအချိန်တွင် ပြန်သွားရန်ကြိုးစားပါ။

၅။ ကျန်းမာရေးကြောင့် အကန့်အသတ်ရှိသူတို့သည် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် မည်သို့ပါဝင်နိုင်သနည်း။

၅ ကျန်းမာရေးကြောင့် အကန့်အသတ်ရှိသူတို့ပင်လျှင် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းတွင် ပါဝင်နိုင်သည်။ ထိုသူတို့တတ်နိုင်သည့်နှုန်းအတိုင်းသွားကာ အလွယ်တကူဝင်နိုင်သော အိမ်များတွင် ကျွန်ုပ်တို့နှင့်အတူ ဟောပြောနိုင်ရန် အစီအစဉ်များပြုလုပ်နိုင်သည်။ ညီအစ်မတစ်ဦးသည် အသက်ရှူကျပ်သည့်ရောဂါကြောင့် နာရီဝက်ကြာမှ တစ်အိမ်ကိုဟောနိုင်သည်။ သို့သော် အုပ်စုနှင့်အတူပါဝင်ခွင့်ရ၍ သူသည် အလွန်ပျော်ရွှင်ကျေနပ်လေသည်!

၆။ တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းကို ကျွန်ုပ်တို့ဓမ္မအမှု၏ ပုံမှန်ကဏ္ဍတစ်ခု အဘယ်ကြောင့်ဖြစ်စေသင့်သနည်း။

၆ သိုးကဲ့သို့သောသူများစွာကို တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ရှာတွေ့နေဆဲဖြစ်သည်။ ကြေညာသူတစ်ဦးသည် အိမ်တစ်အိမ်ကို တံခါးခေါက်သည့်အခါ “ဝင်လာခဲ့ပါ။ ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့်ကိုအကူအညီပေးဖို့ တစ်ယောက်ယောက်ကိုစေလွှတ်ပေးပါဆိုပြီး ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းထားတာ။ ဆုတောင်းပြီးတာနဲ့ တံခါးခေါက်သံကြားရတယ်။ ဘုရားသခင် ခင်ဗျားကိုစေလွှတ်လိုက်တာပဲ” ဟုဆိုလေသည်။ ယင်းက ယေဟောဝါသည် ဤနည်းလမ်းဖြင့်ဟောပြောနေခြင်းကို ကောင်းချီးပေးသည့် သက်သေအထောက်အထားဖြစ်သည်။ (မ. ၁၁:၁၉၊ ကဘ) တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းကို သင့်ဓမ္မအမှု၏ ပုံမှန်ကဏ္ဍတစ်ခုဖြစ်စေရန် စိတ်ဆုံးဖြတ်ထားပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ