ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၇ စာ. ၁
  • ယေဟောဝါအား မိသားစုလိုက် ဝတ်ပြုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါအား မိသားစုလိုက် ဝတ်ပြုခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်မိသားစုသည် အတူတကွလုပ်ဆောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • မိသားစုဝတ်ပြုမှုကို ပိုပျော်စရာကောင်းအောင် လုပ်နိုင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • မိသားစုများအတွက် အကူအညီ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • သတင်းကောင်း ဝေငှခြင်း—မိသားစုအနေနှင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၈/၀၇ စာ. ၁

ယေဟောဝါအား မိသားစုလိုက် ဝတ်ပြုခြင်း

၁ သမ္မာကျမ်းစာခေတ်တွင် မိသားစုဝင်များသည် အလုပ်ကိစ္စများစွာကို အတူတကွလုပ်ဆောင်ကြသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို မိသားစုလိုက်လုပ်ဆောင်ပြီး ယေဟောဝါကိုလည်း မိသားစုလိုက် ဝတ်ပြုခဲ့ကြသည်။ (ဝတ်. ၁၀:၁၂-၁၄; တရား. ၃၁:၁၂) ယနေ့ ဒေသများစွာတွင် မိသားစုဝင်များသည် အတူတကွလုပ်ဆောင်ကြခြင်း မရှိသလောက်ပင်။ သို့သော် ခရစ်ယာန်များသည် အထူးသဖြင့် ဝတ်ပြုရေးတွင် မိသားစုလိုက် အတူတကွပူးပေါင်းလုပ်ဆောင်ခြင်း၏တန်ဖိုးကို အသိအမှတ်ပြုကြသည်။ မိသားစုကိုအစပြုရှင်သည် မိမိအား မိသားစုများ အတူတကွစည်းလုံးစွာဝတ်ပြုနေသည်ကို မြင်ရသည့်အခါ အလွန်ပျော်ရွှင်မည်မှာ သေချာသည်။

၂ ဟောပြောခြင်းတွင် မိသားစုလိုက်ပါဝင်ခြင်း– သတင်းကောင်းဟောပြောရာတွင် အတူတကွပါဝင်ခြင်းသည် မိသားစုနှောင်ကြိုးကို ခိုင်မြဲစေသည်။ ထို့ကြောင့် အကြီးအကဲတစ်ဦးသည် ဟောပြောခြင်းလုပ်ငန်းတွင် အသင်းတော်ရှိ အခြားသူများနှင့်သာမက မိမိဇနီး၊ သားသမီးများနှင့်လည်း မှန်မှန်ပါဝင်ပေမည်။ (၁ တိ. ၃:၄၊ ၅) နယ်လှည့်ကြီးကြပ်မှူးများပင် လုပ်ဆောင်စရာများအပြည့်ရှိသော်လည်း ဓမ္မအမှုတွင် ဇနီးသည်နှင့်အတူပါဝင်ရန် အစီအစဉ်ဆွဲကြသည်။

၃ ဟောပြောခြင်းလုပ်ငန်းတွင် သားသမီးများနှင့်အတူပါဝင်သော မိဘများသည် သတင်းကောင်းဟောပြောသူများအဖြစ် သားသမီးများ တိုးတက်လာစေရန် ကူညီနိုင်ကြသည်။ သို့ဖြင့် သားသမီးများသည် ဓမ္မအမှုတွင် မိဘများ ပျော်ရွှင်ကျေနပ်နေကြောင်း၊ ယေဟောဝါနှင့်လူသားချင်းကို ချစ်သောမေတ္တာကို မိဘများတင်ပြနေကြောင်း တွေ့မြင်နိုင်ကြမည်ဖြစ်၏။ (တရား. ၆:၅-၇) ကလေးများကြီးပြင်းလာသည့်အခါတွင်လည်း ထိုသို့အတူတကွဟောပြောရန် အရေးကြီးဆဲပင်။ အသက် ၁၅ နှင့် ၂၁ နှစ်ကြား သားသုံးဦးရှိသော မောင်နှံတစ်စုံသည် ဓမ္မအမှုတွင် သူတို့နှင့်အတူ မှန်မှန်ပါဝင်မြဲဖြစ်၏။ “သားတွေကို အမြဲတမ်း တစ်ခုခုသင်ပေးတယ်။ အားရှိစရာ၊ ပျော်စရာကောင်းတဲ့အချိန်ဖြစ်အောင် လုပ်ပေးတယ်” ဟုဖခင်ဖြစ်သူကဆိုသည်။

၄ အတူတကွပြင်ဆင်ပါ– ဓမ္မအမှုအတွက် မိသားစုလိုက်ပြင်ဆင်ခြင်းသည် အကျိုးရှိကြောင်း မိသားစုများ တွေ့ရှိခဲ့ရ၏။ သားသမီးများသည် ဟောပြောသူ သို့မဟုတ် အိမ်ရှင်အဖြစ် တစ်လှည့်စီသရုပ်ဆောင်ကာ မိသားစုနှင့်အတူ လေ့ကျင့်ရသည့်အစီအစဉ်များကို နှစ်ခြိုက်လေ့ရှိသည်။ အချို့က မိသားစုသင်အံမှုအပြီးတွင် အချိန်အနည်းငယ်ယူကာ ထိုသို့လေ့ကျင့်ကြသည်။

၅ အရေးကြီးပြီး ကျေနပ်ပျော်ရွှင်စေသောလုပ်ငန်းများတွင် ကျွန်ုပ်တို့ချစ်ရသူများနှင့်အတူ ပါဝင်သည့်အခါ ကျွန်ုပ်တို့ ပို၍ရွှင်လန်းကြသည်။ တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်း၊ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုများ ကျင်းပခြင်းတို့တွင် မိသားစုလိုက်ပါဝင်ခြင်းက အလွန်ပျော်ရွှင်စရာပါတကား။ ထို့ကြောင့် သင်သည် ယေဟောဝါအား မိသားစုလိုက်ဝတ်ပြုနေသည့်အခါ “ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်” ဟူ၍ဝမ်းမြောက်စွာကြွေးကြော်နိုင်ပါသည်။—ယောရှု ၂၄:၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ